အရက်သောက်ပြီးရင် ထူးထူးဆန်းဆန်းတွေလုပ်တတ်တဲ့ ကိုရီးယား Idol (၈)ယောက်

Posted on - Jan 10 []

Theingi Kyaw

စာရေးသူ

လူတစ်ချို့ကတော့ အရက်သောက်ပြီးရင် သူတို့ကိုယ်သူတို့ထိန်းချုပ်တတ်ကြတယ်။ တစ်ချို့ကတော့ အထိန်းအကွပ်မဲ့သွားရော..။ သင်သိတဲ့အတိုင်းပဲ ကိုရီးယားမှာ အရက်သောက်သုံးခြင်း (အလွန်အကျွံပမာဏ မဟုတ်ဘဲ) ဟာ အလေ့အထတစ်ခုလိုဖြစ်နေတတ်ပါတယ်။ အရက်တူတူသောက်သုံးခြင်းဟာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပိုပြီးရင်းနှီးနိုင်တယ်လို့လည်းဆိုပါတယ်။ ယခုဖော်ပြမယ့်ကိုရီးယား Idol တွေဟာဆိုရင် တစ်မူထူးဆန်းတဲ့ မူးပြီးရင်လုပ်တတ်တဲ့အကျင့်တွေကြောင့် သူငယ်ချင်းအသစ်ရဖို့ရာ ခက်ခဲမယ့်ပုံမပေါ်ပါဘူး။ ဘယ်သူတွေက မူးရင် ဘယ်လိုတွေထူးထူးဆန်းဆန်းလုပ်တတ်သလဲဆိုတာကို မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

1. BTS' Jin

Jin က သောက်ပြီဆိုတာ နဲံ့ တစ်ခြားလူရဲ့ ကိုယ်ပေါ်မှာ မှီင်္၊ ချွဲနွဲ့တတ်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံတွေလည်းလုပ်ပြတတ်ပါတယ်။

2. Hwang Kwanghee

Kwanghee ကတော့ မူးလာရင် ရောက်တတ်ရာရာ ကို အကြောင်းမရှိ အရူးလိုပဲလျှောက်ပြောတတ်ပါတယ်တဲ့။

3. Block B's P.O

သူကတော့ တခြားသူတွေကို လိုက်နမ်းတတ်ပြီး ချစ်ဖို့ကောင်းအောင်လုပ်တတ်ပါတယ်။

4. WINNER's Seungyoon

Seungyoon ကတော့ မူးလာရင် သူလုပ်ဖူးခဲ့သမျှကိုတောင်းပန်တတ်ပါတယ်တဲ့။

5. iKON's Junhoe

သူကတော့ ဘာမှမမှတ်မိအောင် အမူးသောက်တတ်ပါတယ်

6. GFRIEND's Yuju

သူမကတော့ မူးလာပြီဆိုတာနဲ့ ငိုတတ်ပါတယ်တဲ့။

7. Girl's Day's Hyeri

Hyeri ကတော့ အရက်မူးလာပြီဆိုတာနဲ့ overacting တွေလုပ်တော့တာပါပဲတဲ့။

8. EXO's Xiumin

Xiumin ကတော့ သောက်ပြီးရင် အဘိုးကြီးလိုပဲ ပြောပြီးသားစကားတွေကို ထပ်တလဲလဲပြောတတ်ပါတယ်တဲ့။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။