တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်တယ်ဆိုတာသိသာတဲ့ Sooyoung နဲ့ Kyungho တို့စုံတွဲတို့ကြားက ထင်ရှားတဲဖြစ်ရပ်(၆)မျိုး

Posted on - Jan 10 []

Theingi Kyaw

စာရေးသူ

Jung Kyungho နဲ့ Sooyoung တို့ဟာ ၂၀၁၂ကတည်းက စပြီး date လုပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာတော့ သူတို့၂ယောက် တွဲခုတ်နေပြီဆိုတာကို လူသိရှင်ကြားကြေငြာခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက သူတို့ ၂ယောက်ဟာ တစ်ယောက်နဲံ့တစ်ယောက်ချစ်ခင်နှစ်သက်ကြောင်းကိုလည်း ပေါ်ပေါ်တင်တင်ဖော်ပြခဲ့သလို အထူးသဖြင့်တော့ ယောကျာ်းလေးဘက်က တကယ်ကိုချစ်ဖို့ကောင်းတဲ့ အပြုအမူတွေကို ဖော်ပြတတ်သူပါ။ အနုပညာရှင်တွေအနေနဲ့ လူသိရှင်ကြားတွဲခုတ်ဖို့မလွယ်ကူသလို အချိန်ကြာကြာတွဲဖို့ဆိုတာကလည်း ကံကောင်းခြင်းတွေအပါအ၀င် အားထုတ်စိုက်မှုတွေလည်းပါဝင်ပါတယ်။ ချစ်သူကောင်လေးဘက်ကတော့ လူသိရှင်ကြားပေါ်ပေါ်ထင်ထင်ပဲ sooyoung ကိုချစ်ခင်ကြောင်းတွေ တစ်နည်းမဟုတ်တစ်နည်းတော့ပြသတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သူတို့၂ယောက်ရဲ့ချစ်ဖို့ကောင်းတဲ့ moment တွေကို ဖော်ပြပေးလိုက်ပါတယ်။

Kyungho ဟာ Sooyoung နဲ့ရန်မဖြစ်အောင် အမြဲကြိုးစားပါတယ်။

Sooyoung နဲ့ ဘယ်တော့မှာ ရန်မဖြစ်ဖူးတဲ့အကြောင်းကို တစ်ခါက Jung Kyungho ရှင်းပြခဲ့ဖူးပါတယ်။ "ကောင်လေးဘက်က အပြစ်ပိုရှိတယ်လို့ ပဲ ကျွန်တော်က တွေးတယ်။" လို့ပြောခဲ့ဖူးပါတယ်။

ချစ်သူကောင်မလေးခမျာ ပရိတ်သတ်နဲ့ Live လုပ်နေလည်း သူက live လွှင့်နေတဲ့ comment မှာ ကာစီး၊ ကာစီးပါတတ်ပါတယ်။

"မင်းရဲ့ဇာတ်လမ်းတွဲဘယ်ချိန်ထွက်မှာလဲ၊ အနမ်းခမ်းပါမှာလား၊ ဒီအပတ်ထဲ သွားဆရာဝန်ဆီသွားရမယ် ကျေးဇူးပြုပြီး ငါ့ကို အားပေးစကားပြောပေးပါ၊ " အစရှိတာတွေအပြင် comment ပေါင်းမြောက်များစွာရေးခဲ့ပါတယ်။ Sooyoung တစ်ယောက်ချောင်းဆိုးတော့ 'မင်း ရေသောက်လိုက်အုံး' လို့ပြောခဲ့တဲ့ နောက်ဆုံး comment မှာတော့ Sooyoung က တွေ့သွားခဲ့ပြီး Live လွှင့်နေတုန်း သူ့ကို ဆဲပစ်လိုက်ဖို့ မလွယ်ပါဘူး လို့ ချစ်သူဖြစ်သူကို တုန့်ပြန်ခဲ့ပါတယ်။ ဆက်ပြီး comment တွေပေးနေတာကြောင့် sooyoung ခမျာ တော်ပါတော့လိုပြောရတဲ့အထိပါပဲ။ တကယ့်ကို လိုက်ဖက်လှတဲ့စုံတွဲလေးပါပဲ။

Jung Kyungho တစ်ယောက် တစ်ခါတုန်းက ၀က်သားစားပြီးနေမကောင်းဖြစ်သွားလို့ အဲ့ဒီအချိန်ကတည်းက ၀က်သားကော၊အမဲသားပါ မစားတော့ဘူးလို့ဆိုပါတယ်။ ဒါပေမယ့်လည်း Sooyoung က သူ့ကို ဒီနှုန်းအတိုင်းသာ ကြက်သားစားရင်တော့ မကြာခင်မှာ သူမ ကြက်ဥ ဥ တော့မယ်လို့ ပြောပြီးနောက်ပိုင်း သူဟာ အမဲသားကို ပြန်စားဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

Sooyoung စိတ်ကူးထဲက ချစ်သူကောင်လေးပုံစံက သူ မဟုတ်လို့ စိတ်ဆိုးဖူးတယ်။

"ကျွန်တော် အဲ့ဒီအကြောင်းကို ကြားပြီးနောက်ပိုင်း စိတ်မကောင်းသွားတယ်။ ပြီးတော့ ရုပ်သံလွှင့်နေတာမို့လို့ ကြောက်ပြီးမပြောတာလား၊ ဒါမှမဟုတ် လိမ်နေတာလား။ ဆိုတာမျိုး သိချင်မိတယ်။" လို့ ပြောခဲ့ဖူးပါတယ်။ ပြီးတော့ သူဟာ Sooyoung ရဲ့ စိတ်ကူးထဲက ကောင်လေးပုံစံနဲ့ တစ်ထပ်တည်းပါလို့ အားကျမခံပြန်ပြောခဲ့ပါတယ်။

၂ယောက်စလုံးဟာ နာမည်ကြီးအနုပညာရှင်တွေဖြစ်ပေမယ့်လည်း လူကြားထဲမှာ ပေါ်ပေါ်ထင်ထင်ပဲ တွဲသွား၊ တွဲလာ လုပ်တတ်တယ်။

Sooyoung ရဲ့ ရိုက်ကွင်းကိုလည်း မမေ့မလျော့ food truck ပို့ပေးခဲ့တဲ့ချစ်သူကောင်လေး

ဒီပုံကတော့ bonus လေးပါပဲ။ အိမ်ပြန်လမ်းခွဲခါနီးမှာတစ်ယောက်နဲ့တစ်ယောက် လမ်းမခွဲနိုင်ဖြစ်နေတဲ့ အချစ်ငှက်(၂)ယောက်ကို တွေ့နိုင်မှာပါ။ ကောင်လေးဘက်က လက်ထပ်ဖို့အသင့်ဖြစ်နေပြီဖြစ်ပြီး ကောင်မလေးကိုစောင့်နေတယ်လို့သိရပါတယ်။ ထာဝရလက်တွဲနိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ဆုတောင်းပေးလိုက်ပါတယ်။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။