စတုဂတ်နောက်ခံလူ ဘင်ဂျာမင် ပါဗက် အား ဘိုင်ယန်တို့ လက်ဦးမှုရယူ

Posted on - Jan 11 []

Theingi Kyaw

စာရေးသူ

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ပါဗက်ကို လာမည့်နွေရာသီအပြောင်းအရျွှေ အမီ စတုဂတ်အသင်းထံမှ လာရောက်ပူးပေါင်းနိုင်တော့မည်ဟု ကြေညာခဲ့ပါတယ်။

အသက်22နစ်အရွယ် ညာနောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ world cup 2018 မှာ နည်းပြဒက်စ်ချမ့်ရဲ့ ဦးဆောင်မှုနဲ့အတူ အထူးခြေစွမ်း ပြသခဲ့ပြီင်္း တောက်ပလာခဲ့တာလည်း ဖြစ်ပါတယ်။ ရှုံးထွက်အဆင့်မှာ အာဂျင်တီးနားအသင်းဘက်ကို သွင်းယူခဲ့တဲ့ဂိုးဟာလည်း world cup 2018 ရဲ့ အကောင်းဆုံး သွင်းဂိုး အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။

2016ခုနှစ်မှာ ပြင်သစ်ကလပ် လိုင်လီအသင်းကနေ စတုဂတ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ပါဗက်ဟာ တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်စွာ လိုက်ပါကစားနိုင်ပြီး တိကျတဲ့ပေးပို့မှုတွေကို ပြုလုပ်ပေးနိင်သူ တစ်ဦးဖြစ်ပါတယ်။ ဖြတ်တင်ဘောများပေးပို့ရာမှာ ထူးချွန်သူဖြစ်ပြီး အတက်အဆင်းမှန်မှန်နဲ့ ကစားနိုင်သူပါ။

ဒီရာသီဘွန်ဒက်စ်လီဂါပြိုင်ပွဲ ရာသီဝက်ကုန်ဆုံးချိန်မှာ စတုဂတ်အသင်းဟာ ရလဒ်များဆိုးရွားနေပြီး နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ကာ တန်းဆင်းဇုန်အတွင်း ကျရောက်နေတဲ့အသင်းဖြစ်ပါတယ်။ ပါဗက်ဟာ သူရဲ့ ကစားသမား ပုံရိပ်ကို တစ်ဆင့်ထပ်မံ မြှင့်တင်နိုင်ဖို့အတွက် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။ ပါဗက်တစ်ယောက် ဘိုင်ယန်မြူးနစ်မှာ ပိုမိုတောက်ပလာနိုင်မလား ဆိုတာကတော့...စောင့်ကြည့်လိုက်ရအောင်လား။

Ref : euro sports
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။