billboard ရဲ့ hot 100 စာရင်းထဲ ၀င်လာတဲ့ နာမည်ကြီးငါးမန်းသားလေး သီချင်း

Posted on - Jan 11 []

Theingi Kyaw

စာရေးသူ

ငါးမန်းသားလေး တူတူတူ တူတူတူ ဆိုတဲ့ သီချင်းကို မသိတဲ့ လူတွေမရှိသလောက်ရှားမှာပါ။ ကလေးသီချင်းဖြစ်တဲ့ Baby Shark သီချင်းဟာ ကိုရီးယားတစ်နိုင်ငံလုံးကို ကလေးအစ၊ လူကြီးအဆုံးသိမ်းပိုက်သွားနိုင်ခဲ့ပြီး သဘောမကျပေမယ့်လည်း ပါးစပ်ထဲစွဲသွားစေတဲ့သီချင်းပဲဖြစ်ပါတယ်။

အဆိုပါသီချင်းဟာ မူလက ကိုရီးယားသီချင်းဖြစ်ပြီး တီထွင်သူ PinkFong က အဆိုပါသီချင်းကို အင်္ဂလိပ် version ပြောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်လူမျိုးတွေတောင် အဆိုပါ နားထဲစွဲလွယ်တဲ့ “ddoo ddoo ddoo doo doo“ သီချင်းရဲ့လက်အောက်ကနေ ထွက်ပြေးမလွတ်မြောက်ခဲ့ပါဘူး။

BabySharkChallenge” ဟာ ကလေးစာသင်ခန်းအတွင်းရော၊ ပြင်ပမှာပါ နာမည်ကြီးသွားခဲ့ပြီး လူကြီးလူငယ်မရွေး၊ ပျိုပျို အိုအို မရွေး CHALLENGE လုပ်ခဲ့ပါတယ်။

#BabySharkChallenge

ပြောရမယ်ဆိုရင်တော့ Baby Shark က အရမ်းနာမည်ကြီးသွားခဲ့ပြီး Billboard’s “Hot 100” စာရင်းထဲတောင်ဝင်ခဲ့ပါတယ်။ အဆိုပါသီချင်းဟာ နံပတ် ၃၂ချိတ်ခဲ့ပြီးKhalid နဲ့ Ellie Goulding x Diplo! တို့လို နာမည်ကြီးအဆိုတော်တွေနဲ့အပြိုင်ဖြစ်ခဲ့ပါတယ်။

billboard စာရင်းထဲကို ၀င်တဲ့ ပထမဆုံးသော ကိုရီးယာကလေးသီချင်းဖြစ်ပြီး Billboard ထဲကို ၀င်ခဲ့ကိုရီးယား အနုပညာရှင်တွေထဲမှာ PSY, BTS, CL and BLACKPINK တို့သာ ရှိပြီး အဆိုပါသီချင်းကလည်း ရှားပါးစွာနဲ့ Billboard hot100 မှာ နံပတ်(၃၂)ကိုချိတ်ခဲ့တာပါ။

နာမည်ကြီးနေတဲ့ baby shark သီချင်းမှာ မူရင်း ကိုရီးယားသီချင်းကိုကြိုက်လား၊ ဒါမှမဟုတ် ပြန်ဆိုထားတဲ့ အင်္ဂလိပ်သီချင်းကိုပဲကြိုက်သလား။

GI GI(momolay)
Source : Koreaboo

Baby Shark | Animal Songs | PINKFONG Songs for Children

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။