မြန်မာပရိသတ်တွေရဲ့ အချစ်တော် Kim Chiu လေးရဲ့ ကြည်နူးစရာချစ်ဇာတ်လမ်း

Posted on - Jan 11 []

Douglas Thura

စာရေးသူ

Bride For Rent ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေ တစ်ဖြုတ်ဖြုတ်ကြွေအောင် ဖမ်းစားနိုင်ခဲ့တဲ့ စုံတွဲကတော့ ချစ်စနိုးနဲ့ KimXi Couple လို့ ခေါ်ကြတဲ့ Kim Chiu နဲ့ Xian Lim တို့ စုံတွဲပဲဖြစ်ပါတယ်။ Boy Fan တွေရော Girl Fan တွေပါ ချစ်ကြတဲ့ ဖိလစ်ပိုင်မင်းသမီးချောလေး Kim Chiu ဟာ တရုတ်/ဖိလစ်ပိုင် လူမျိုး(၂)မျိုးစပ် ကပြားမလေး တစ်ယောက်ဖြစ်ပါတယ်။ Kim ဟာ ချစ်စရာအလွန်ကောင်းပြီး သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့အပြင် ပျိုတိုင်းကြိုက်တဲ့မင်းသားချော Xian Lim ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အချစ်ရေးမှာလည်း အင်မတန်ကံကောင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။

Kim ဟာ လက်ရှိ Xian နဲ့ မတွဲခင်တုန်းက Big Brother ဆိုတဲ့ Reality Series ရိုက်ရင်း မင်းသားချော Gerald Anderson နဲ့ ဒိတ်ခဲ့တာဖြစ်ပါတယ်။ Big Brother ရိုက်ကူးနေတုန်းမှာ Kim ဟာ Manila မြို့ က Cebu ကို ရွှေ့ ပြောင်းနေထိုင်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ 2006 ခုနှစ်မှာ ချစ်သူတွေစဖြစ်ခဲ့ကြပြီး 2010 နောက်ပိုင်းမှာတော့ Gerald ဟာ Kim အပေါ် လှည့်စားတယ်ဆိုတဲ့ ကောလဟာလတွေနဲ့ အတူ ပြတ်စဲသွားခဲ့ကြတာဖြစ်ပါတယ်။ ထိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မင်းသား Gerald ကို မေးမြန်းခဲ့ကြပေမဲ့ Gerald ကတော့ မေးခွန်းတွေကို ရှောင်လွှဲသွားခဲ့တာဖြစ်ပါတယ်။

Kim ရဲ့ လက်ရှိချစ်သူ Xian ရဲ့ နာမည်ရင်းကတော့ Alexander Xian Lim ဖြစ်ပြီး Kim လိုပဲ တရုတ်/ဖိလစ်ပိုင် လူမျိုး(၂)မျိုးစပ် ကပြားပဲ ဖြစ်ပါတယ်။ Xian ဟာ ဆန်ဖရန်စစ်စကိုမြို့ မှာ မွေးဖွားခဲ့ပေမဲ့ ဖိလစ်ပိုင်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး 2011 ခုနှစ်မှာ Kim နဲ့ အတူ My Binondo Girl Back ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Kim နဲ့ Xian တို့ ဟာ ထိုဇာတ်ကားရိုက်ကူးစဉ်ကတည်းက ချစ်သူဖြစ်ခဲ့ကြပေမဲ့ 2013 ခုနှစ်ထိ ပရိသတ်တွေကို ဖွင့်ပြောမပြခဲ့ပါဘူး။ အဲ့နောက်ပိုင်း ချစ်သူဖြစ်ကြောင်း တရားဝင်ကြေညာပြီးတဲ့အခါမှာတော့ KimXi Couple ရယ်လို့ ပရိသတ်တွေကြားမှာ နာမည်ကြီးလူကြိုက်များလာရုံသာမက Bride For Rent ဇာတ်ကားထွက်ရှိလာပြီးတဲ့အချိန်မှာ အာရှတိုက်က ပရိသတ်တွေ တစ်ဖြုတ်ဖြုတ်ကြွေကြတဲ့အထိ ရေပန်းစားကျော်ကြားလာခဲ့ပါတယ်။

ပရိသတ်ကြီးရေ ... ဝေဖန်တိုက်ခိုက်မှုတွေကြားက လက်တွဲခဲ့ကြတဲ့ KimXi Couple ရဲ့ ချစ်ဇာတ်လမ်းလေးကတော့ ရင်ခုန်ချင်စရာပါပဲနော်။ Kim Chiu လေးကိုချစ်ကြတဲ့ မိုမိုလေးပရိသတ်ကြီးရော Kim Chiu လေးကို ဘယ်သူနဲ့ ပိုပြီးသဘောတူလဲဆိုတာ ဖြေသွားပေးခဲ့ဦးနော်။

Ref : Miner8
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။