ဘန်လေမှ တာကောစကီးကို လီဗာပူးအသင်းမှ အငှားဖြင့် ခေါ်ယူလိုနေ

Posted on - Jan 11 []

Theingi Kyaw

စာရေးသူ

လီဗာပူးအသင်းဟာ ဘန်လေအသင်းရဲ့ ဗဟိုနောက်ခံလူ ဂျိမ်းစ်တာကောစကီးကို အငှားဖြင့် ခေါ်ယူလိုနေပါတယ်။ ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ နောက်တန်းအတွက် နည်းပြ ကလော့တစ်ယောက် တာကောစကီးကို မျက်စိကျနေတာပါ။

ပေါင်သန်း(50)တန်ကြေးရှိတဲ့ တာကောစကီးဟာ ဒီရာသီမှာ အောင်မြင်မှု ကြီးကြီးမားမား မျော်လင့်နေတဲ့ လီဗာပူးရဲ့ နောက်တန်းကို အားဖြည့်ပေးနိုင်မယ်လို့ ယူဆနေပါတယ်။ ၀ုဖ်ဗ် ကို 2-1 နဲ့ ရှံးနိမ့်ခဲ့တဲ့ FA ဖလားပွဲစဉ်မှာ နောက်ခံလူ လိုဗရန် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် တာကောစကီးကို အစားထိုးဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာလည်း ကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ဟိုကို နောက်ခံအတွင်းလူနေရာမှာ အသုံးပြုခဲ့တာကိုလည်း တွေ့ရပါတယ်။

လက်ရှိ လီဗာပူးဗဟိုခံစစ်နေရာမှာ လိုဗရန်အပါအ၀င် မာတစ်နဲ့ ဂိုးမက်စ်တို့ပါ ဒဏ်ရာရရှိနေပြီး အားထားရတဲ့ ဗန်ဒိုက်ခ်ျတစ်ဦးတည်းသာ ရှိနေပါတယ်။ဘန်လေအသင်းကတော့ တာကောစကီးအတွက် ပေါင်သန်း(50) အလိုရှိနေပြီး နည်းပြကလော့ ကတော့ ကာလတိုအငှားစာချုပ်နဲ့သာ ကမ်းလှမ်းထားတယ်။ တာကောစကီးလို အရည်အသွေးမြင့် နောက်ခံလူ တစ်ယောက်ကို အငှားနဲ့ခေါ်ယူဖို့ကတော့ အနည်းငယ် ခက်ခဲမယ့် အခြေအနေမှာ ရှိပါတယ်။

လီဗာပူးပရိတ်သတ် တွေကတော့ တာကောစကီးကို အငှားစာချုပ်ဖြင့် ခေါ်ယူမှာကို သဘောမကျပဲ အသက် (16) နှစ် အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမားလေး ကီဂျာနာ ဟိုးဗား ကိုပဲ ဗန်ဒိုက်နဲ့တွဲဖက်ပြီး ပွဲထုတ်စေချင်နေကြပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ (21)ပွဲကစားပြီးချိန် ပေးဂိုး (10) ဂိုးသာ ခွင့်ပြုထားရတဲ့ ခံစစ်ကြောင်းကို တာကောစကီးနဲ့သာ ထပ်မံပေါင်းစပ်နိုင်ခဲ့ရင်တော့ ချန်ပီယံဆုအတွက် ပိုမို မျှော်မှန်းနိုင်မှာလည်း ဖြစ်ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။