လမ်းစပျောက်နေတဲ့ လူငယ်စုတွေဘ၀တွက် ရည်ရွယ်ပြီး ပြိုင်ပွဲတစ်ခုဝင်မယ့် ခခစံ

Posted on - Jan 11 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ အသက် (၁၈) နှစ်သာရှိနေသးတဲ့ မော်ဒယ်လ် ခခစံ တစ်ယောက် သူမရဲ့အနုပညာတွေနဲ့ပတ်သက်ပြီး Miss Eco Myanmar 2018, Miss Eco Int'L TEEN Winner 2018, Eco dress Int'L runner up နဲ့ Miss Eco National costume Top 12 ဆုတွေရရှိထားပါတယ်။

အခုအခါမှာတော့ ခခစံ တစ်ယောက် အခု ၂၀၁၉ ခုနှစ်ထဲမှာ ကျင်းပမယ့် Miss ပြိုင်ပွဲကြီးမှာ Miss Universe Yangon (Eastern) 2018 အဖြစ် ၀င်ရောက်ဦးမယ်လို့ သိရပါတယ်။ အဲ့ဒီပြိုင်ပွဲကိုတော့ သူမအနေနဲ့ ရည်ရွယ်ချက်တွေနဲ့ ပါဝင်ယှဉ်ပြိုင်ထားတာဖြစ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်ကောင်းတွေရှိနေတယ်ဆိုတာကိုလည်း ကြည့်လိုက်ရအောင်နော်။

သူမအနေနဲ့ ဒီပြိုင်ပွဲကိုဝင်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ ဘ၀မှာ လမ်းစပျောက်နေတဲ့ လူငယ်စုတွေဘ၀ကို အသက်မွေးဝမ်း ပညာတစ်ခုဖြစ်တဲ့ အလှပြင်လုပ်ငန်းတစ်ခုကို အခမဲ့သင်ကြားပေးဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

လူငယ်တွေအတွက် အလှပြင်လုပ်ငန်းတစ်ခုကို အခမဲ့သင်ကြားပေးဖို့ဆိုတာကလည်း မြန်မာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ Miss Universe Organization နဲကအတူ လက်တွဲပြီး MUM Pageant Fan တွေရဲ့ အထောက်အကူအရမ်းကို လိုအပ်နေတာလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပြိုင်ပွဲဝင်ရတာဖြစ်တယ်လို့ ခခစံ ကသူမရဲ့ပြိုင်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးထားပါတယ်။

မိုမိုလေးပရိသတ်ကြီးရေ ရည်ရွယ်ချက်ကောင်းတွေနဲ့အတူ မကြာမီမှာ ပြိုင်ပွဲဝင်တော့မယ့် ခခစံ ကိုပရိသတ်ကြီးအားလုံးကလည်း ၀ိုင်းဝန်း ၀န်းရံပေးကြပါဦးနော်။ ဖတ်ရှုအားပေးခဲ့တဲ့ မိုမိုလေးပရိသတ်ကြီးအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

HM (မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။