ကျော်ကျော်ဗိုကိုအသားလွတ်ကြီးဟောက်စားလုပ်ခဲ့တဲ့ ခင်လှိုင်ရဲ့ ဟာသဗီဒီယို

Posted on - Jan 11 []

Harry Mon

စာရေးသူ

ပရိတ်တွေချစ်ကြတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ "ဟောက်စား" ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာမီအချိန်အတွင်းမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ "ဟောက်စား" ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ပြည့်ဟိန်းသီဟ ကရိုက်ကူး ပုံဖော်ထားတာဖြစ်ပြီး အဓိက သရုပ်ဆောင်များအဖြစ် မြင့်မြတ်၊ ကျော်ကျော်ဗို၊ အိချောပို၊ ခင်လှိုင်၊ ဂျိုကာ၊ တက္ကသိုလ်ဂွမ်းပုံ တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

"ဟောက်စား" ရုပ်ရှင်ဇာတ်ကားကြီးးက ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး နမူနာဗီဒီယိုထွက်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတာဖြစ်ပါတယ်။

ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလဲ နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တာမို့ ဇာတ်လမ်းတစ်ခုလုံးကို အတွဲညီညီနဲ့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းသွားနိုင်တာကို တွေ့ရပါတယ်။

"ဟောက်စား" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကျော်ကျော်ဗိုနဲ့ ခင်လှိုင်တို့လဲ "ဟောက်စား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပက်သတ်ပြီး အခုလိုပဲ ပရိသတ်တွေကို မျှဝေထားပါတယ်။

"ဟောက်စား" ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ (၁၁) ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက အဆင့်မြင့်ရုပ်ရှင်တွေမှာ ပြသတော့မှာမို့ သွားရောက်ကြည့်ရှုဖို့ မမေ့ကြပါနဲ့နော်။ "ဟောက်စား" ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်တွေအတွက် ဘဝအမောတွေကို ပြေပျောက်စေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တာ အသေအချာပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: ဟောက်စား ရုပ်ရှင်ဇာတ်ကားကြီး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။