ယူနိုက်တက်ကို အနိုင်ယူဖို့မျှော်လင့်နေတဲ့ ဆွန်ဟောင်မင်

Posted on - Jan 11 []

Theingi Kyaw

စာရေးသူ

အာရှဖလား ပြိုင်ပွဲအတွက် ဆင့်ခေါ်ခြင်းခံထားရတဲ့ ဆွန်ဟောင်မင်ဟာ ယခုတစ်ပတ်ကစားမယ့် ယူနိုက်တက်နဲ့ပွဲစဉ်ကို စပါးအသင်းအနေနဲ့ အနိင်ယူဖို့ မျှော်လင့်နေပါတယ်။ အဆိုပါပွဲစဉ်ကိုတော့ တနင်္ဂနွေ့နေ့ မြန်မာစံတော်ချိန် (၁၁)နာရီ ၀င်ဘလေကွင်းမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

စပါးအသင်းရဲ့တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ယခုလက်ရှိ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပနေတဲ့ ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းအတွက် ကစားပေးဖို့ ခေါ်ယူခြင်းခံထားရတာပါ။ ဒါ့ကြောင့် ယူနိုက်တက်နဲ့ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အပါအ၀င် စပါးအသင်းအတွက် စုစုပေါင်းပွဲစဉ် (၅) ပွဲခန့် လွဲချော်ရဖို့် ရှိနေပါတယ်။

ဆွန်ဟာ ပြီးခဲ့တဲ့ (၅)လခန့်ကမှ တောင်ကိုရီးယား အသင်းအတွက် ရျွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့ပြီး စစ်မှုထမ်းခွင့် ကင်းလွတ်ခဲ့သူဖြစ်ပါတယ်။ သူဟာ အာရှအကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ပူပူနွေးနွေး ဆွတ်ခူးထားခဲ့တာပါ။ ဒီရာသီမှာ စပါးအတွက် ပြိုင်ပွဲစုံ (၈) ဂိုးသွငိးယူပြီး (၅) ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ ဆွန် မပါဝင်နိုင်ခြင်းဟာ လတ်တလော နည်းပြသစ်ဆိုးရှားလက်ထက် နိုင်ပွဲဆက်နေတဲ့ ယူနိုက်တက်တို့အတွက်ကတော့ သတင်းကောင်းဖြစ်မှာ အသေအချာပါပဲ။

"အသင်းအတွက် အရေးကြီးတဲ့ အချိန်မှာ မကစားပေးနိုင်တာဟာ ကျွန်တော့်အတွက်တော့ မလွယ်ကူပါဘူး" ဟု စကိုင်းစပေါ့တ်သတင်းဌာနသို့ပြောကြားခဲ့တယ်။ " စပါးအတွက်မကစားပေးနိုင်တဲ့အတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်။ လောလောဆယ်တော့ ဒူဘိုင်းမှာ အနိုင်ရဖို့အတွက်ပဲ အာရုံစိုက်ထားပါတယ်။ နိုင်ငံအတွက် ကစားပေးရတဲ့ အချိန်တိုင်းဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာအခိုက်အတန့်တွေပါပဲ။ တောင်ကိုရီးယားအသင်း ဗိုလ်စွဲဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ စပါးအသင်းလည်း ယူနိုက်တက်ကို အနိုင်ရဖို့ မျှော်လင့်ပါတယ်။" ဟု ဖြေကြားခဲ့ပါတယ် ။
REF : sky sports
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။