Sexyကျလွန်းတဲ့ပုံတစ်ပုံကြောင့် ချစ်သူရဲ့သဝန်တိုခြင်းခံနေရတဲ့ နေခြည်ဦး

Posted on - Jan 11 []

Harry Mon

စာရေးသူ

ပရိသတ်တွေချစ်ကြတဲ့ Beauty Blogger မလေး နေခြည်ဦးဟာ အချိန်ခဏလေးအတွင်းမှာ အောင်မြင်ခဲံ့သူတစ်ဦးပါ။ နေခြည်ဦးက Beauty Blogger မလေးအဖြစ် လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ မင်းသမီးအဖြစ် သရုပ်ဆောင်နေရပြီဖြစ်ပါတယ်။ ပရိသတ်တွေကလဲ နေခြည်ဦးရဲ့ သရုပ်ဆောင်မှုတွေကို သဘောကျကြိုက်နှစ်သက်စွာ အားပေးကြပါတယ်။

နေခြည်ဦးက လက်ရှိမှာလဲ "ကိုယ်ပွား" ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျော်ထက်အောင်နဲ့အတူတူ သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက တခြားသော အနုပညာလုပ်ငန်းတွေကိုလဲ မြောက်များစွာ လုပ်ကိုင်လျက်ရှိပါတယ်။

ဒီနေ့မှာတော့ နေခြည်ဦးက သူမရဲ့ ကိုယ်လုံးလေးကို လှစ်ဟပြသထားတဲ့ Sexy ကျလွန်းတဲ့ ပုံလေးကြောင့် ချစ်သူရဲ့ သဝန်တိုခြင်းကို ခံခဲ့ရပါတယ်။

ချစ်သူရဲ့ သဝန်တိုခြင်းကို ခံခဲ့ရတဲ့ နေခြည်ဦးရဲ့အဖြစ်

နေခြည်ဦးနဲ့ သူမရဲ့ချစ်သူက နားလည်မှုလွဲကာ ခဏတဖြုတ်ခွဲခဲ့ကြပေမယ့် အခုဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကြင်နာမှုတွေအပြည့်နဲ့ လက်တွဲနေတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလဲ ချစ်စရာကောင်းတဲ့ နေခြည်ဦးတို့ ချစ်သူနှစ်ဦးရဲ့ အဖြစ်အပျက်လေးကို သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီပိုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source; Nay Chi Oo's ig

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။