ထိုင်းနိုင်​ငံမှာ ၂ နှစ်​ဆက်​တိုက်​ လူကြိုက်​အများဆုံး စာရင်းဝင်​ခဲ့တဲ့ ပိုပိုရဲ့သီချင်း​တွေ

Posted on - Jan 11 []

Harry Mon

စာရေးသူ

သီချင်း​တွေကို ခံစားချက်​အပြည့်​နဲ့ သီဆို​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​ ပိုပိုက​တော့ အမိုက်​စားသီချင်း​တွေကို ဖန်​တီး​လေ့ရှိသူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ ပိုပိုက ထိုင်းနိုင်​ငံရဲ့ လူကြိုက်​အများဆုံး သီချင်း​တွေထဲမှာ ပါဝင်​ခဲ့တဲ့ သူမရဲ့သီချင်း​တွေ​အ​ကြောင်းကို ဂုဏ်​ယူစွာနဲ့ လူမှုကွန်​ယက်​​ပေါ်မှာ တင်​ထားတာ ​တွေ့ရပါတယ်​။ မြန်​မာနိုင်​ငံမှာသာမကပဲ ထိုင်းနိုင်​ငံအထိပါ ​အောင်​မြင်​​မှု ရရှိ​နေတဲ့ ပိုပိုရဲ့အရည်​အချင်းက မ​သေးပါဘူး​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ နိုင်ငံရပ်ခြားထိ ​အောင်​မြင်​​နေတဲ့ အဆို​တော်​မ​လေး ပိုပိုရဲ့အ​ကြောင်းကို ဂုဏ်​ယူစွာ ​​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ပိုပိုက​တော့ "ထိုင်းမှာ ကိုယ့်သီချင်းတွေ ဟာ ၂နှစ်ဆက်တိုက် လူကြိုက်အများဆုံး နံပါတ် ၃ အဆင့်မှာ ရှိတယ်လို့ ထိုင်းက Ring Tune စာချူပ်ချုပ်တဲ့ ထိုင်းလူမျိုးတွေ က ပြောပြတော့ ဝမ်းသာလိုက်တာ အထူးဝမ်းသာတာက ငါ့ဘဝနဲ့ငါ သီချင်းက အခု ပိုပို့ သီချင်းတွေ ထဲမှာ နံပါတ် ၄ ချိတ်တာပါပဲ❤️ (မထင်မှတ်ထားပဲနဲ့) ထိုင်း မှာနေကြတဲ့ မြန်မာများကို အထူး ကျေးဇူးတင်ပါတယ် ရှင် ❤️" ဆိုပြီး သူမရဲ့လူမှုကွန်​ယက်​​ပေါ်မှာ ကြည်​ကြည်​နူးနူးနဲ့ ​ရေးသားထားတာပါ။

ပိုပိုကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး သီချင်းအသစ်တွေလည်း ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ ပိုပို့ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမအခုလို ထိုင်းနိုင်ငံအထိ အောင်မြင်နေတဲ့သတင်းကြောင့် အရမ်းကို ပျော်ရွှင်နေကြတာပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ထိုင်းနိုင်​ငံအထိကို ​ထိုး​ဖောက်​ ​အောင်​မြင်​​နေတဲ့ အဆိုတော်မလေး ပိုပိုကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Po Po's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။