နာဂကလေးများအတွက်အရုပ်တွေ အလှူပေးခဲ့တဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်

Posted on - Jan 11 []

Harry Mon

စာရေးသူ

ပရဟိတတွေကို ကိုယ်ကျိုးကိုမကြည့်ပဲ စွမ်းစွမ်းတမံ ပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတမင်းသားကြီးလို့တောင် ခေါ်ဝေါ်ရသူတစ်ဦးပါ။ လတ်တလောမှာလည်း မြန်မာနိုင်ငံအနှံ့က အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ အကူအညီပေးနေတဲ့ မင်းသားကြီး ဝေဠုကျော်ကတော့ နာဂဒေသသို့ သွားရောက်ပြီး ကလေးငယ်တွေကို အရုပ်တွေ လှူခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ဝေဠုကျော်ကတော့ အမြဲလိုလို ပရဟိတအလုပ်ကိုပဲ အာရုံစိုက်နေသူတစ်ဦးမို့ ဂုဏ်ထူးဆောင်ဆုတွေကို မကြာခဏ ရရှိလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊နာဂဒေသမှာရှိတဲ့ နာဂကလေးငယ်တွေကို အရုပ်တွေသွားလှူခဲ့တဲ့ ဝေဠုကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝေဠုကျော်ကတော့ " 11-1-2019 နာဂကလေးများအတွက်အရုပ်အလှူ စစ်ကိုင်းတိုင်းဒေသကြီး၊နာဂဒေသ၊လေရှီးမြို့ ရှိ ရွေ့ပြောင်းအခြေချလာသည့် လေရှီးရွာများရဲ့နွမ်းပါး မူလွန် စာသင်ကျောင်းကလေးမှ ကလေးငယ်များ အတွက် အရုပ်ကလေးများ လက်ဆောင်ပေးဖြစ်ခဲ့ပါသည်။" ဆိုပြီး နွမ်းပါးတဲ့ ကလေးငယ်တွေအတွက် အရုပ်တွေလက်ဆောင်ပေးပြီး ပျော်ရွှင်စေခဲ့တဲ့အကြောင်း ရေးသားထားတာ တွေ့ရပါတယ်။

ဝေဠုကျော်ကတော့ အများအကျိုးဆောင်လွန်းလို့ မကြာသေးခင်ကလည်း ပရဟိတ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခံလိုက်ရပါသေးတယ်နော်။

သရုပ်ဆောင် ဝေဠုကျော်ကတော့ လတ်တလောမှာ မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေတဲ့ နေရာတွေကို နေပူမရှောင် မိုးရွာမရှောင် ကိုယ်တိုင်သွားရောက်ပြီး အကူအညီပေးနေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း နာဂက ကလေးငယ်လေးတွေကို ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးခဲ့တဲ့ စိတ်ထားကောင်းသူ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို အားပေးတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Wailu Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။