ဖခင်ကြီး တွံတေးသိန်းတန် ကွယ်လွန်ခြင်း နှစ် (၂၀) ပြည့်အလှူပြုလုပ်ခဲ့တဲ့ ရွှေရည်သိန်းတန် တို့ဇနီးမောင်နှံ

Posted on - Jan 11 []

Moe Kalay

စာရေးသူ

ကွယ်လွန်သွားပြီ ဖြစ်တဲ့ နိုင်ငံကျော် တေးသံရှင်ကြီး
တွံတေးသိန်းတန် ဟာဆိုရင် ပရိသတ်တွေချစ် ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်ကြီးပါ။ သူ့ရဲ့ သီချင်းလေးတွေက ခုချိန် ထိအလှူ မင်္ဂလာ များမှာကြားနေ ဆိုနေကြတုန်းပါ။ ခုဆိုရင် တေးသံရှင်ကြီး တွံတေးသိန်းတန် ကွယ်လွန်သွားတာ နှစ် (၂၀) ပြည့်သွားပြီ။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် တွံတေးသိန်းတန် ရဲ့ သမီးဖြစ်သူ တေးသံရှင် ရွှေရည်သိန်းတန် တို့ဇနီးမောင်နှံ တို့က အလှူပြုလုပ်ခဲ့တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကွယ်လွန်သူ ဖခင်ကြီး တွံတေးသိန်းတန် နဲ့ မိခင်ကြီး ဒေါ်ချစ်စံပယ် တို့အား ရည်စူးပြီး ကိုနေလနဲ့ တေးသံရှင် ရွှေရည်သိန်းတန် တို့က ဇန်န၀ါရီလ (၁၁) ရက်နေ့မှာ ရန်ကုန်၊ မာန်အောင်ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်းတိုက်မှာ ဒေါက်တာရွှေမန်းဦးသူရိယ (အစိုးရဓမ္မာစရိယ)(မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်းတိုက်) ဆရာတော်ဘုရားကြီးအား ကံထပ်၊ သိက္ခာထပ်အလှူမင်္ဂလာ နှင့်တကွ သံဃာတော်များအား ဆွမ်း၊ သင်္ကန်း နှင့် လှူဖွယ်အစုံ ဆက်ကပ်လှူဒါန်းခဲ့ပါတာပါ။


ရွှေရည်သိန်းတန် က " ဖေဖေနှစ်၂၀ပြည့် သိက္ခာထပ်အလှူတော်မင်္ဂလာ🙏🏿🙏🏿🙏🏿ဖေဖေ မေမေတို့နှင့်ထပ်တူ မိသားစုအားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေရှင်🙏🏿🙏🏿🙏🏿ကွရောက်ပေးကြတဲ့မိသားစုညီအကိုမောင်နှမများအာဘွားပါရှင်😍😍😍ဤနေ့.သည်.သောကြာနေ့ဖြစ်ပါသဖြင့်..သောကြာဂြိုလ်မင်းကြီးနှင့်တကွသောကြာသားသမီးအပေါင်း၏ကိုယ်စားပဌာန်းဒေသနာတော်နှင့်ဂုဏ်တော် ၉၀၀၀၀ ရက် ၉၀အဓိဌာန်ပူဇော်ခြင်းအား၎င်း သံဗုဒ္ဓေ ၁၀၈ကြိမ် ရက်၉၀ပူဇော်၍မေတ္တာသုတ်ပရိတ်တော်မြတ်ကိုသောကြာဂြိုလ်သက်အလိုက်၂၁ကြိမ်တိတိပူဇော်ပါ၏ဘုရား..ဤကောင်းမှုကြောင့်သောကြာဂြိုလ်မင်းကြီးနှင့်တကွ..သောကြာသားသမီးအပေါင်းတို့သည်...သောကြာနေ့ဖွားအနုပညာရှင်များတို့သည်၎င်း.သောကြာနေ့ဖွား ရတနာလုပ်ငန်းဖြင့်အသက်မွေးကြသူ..ဝတ်ဆင်ကြသူအပေါင်းတို့သည်၎င်း.ဘေးရန်ခပ်သိမ်းငြိမ်းပါစေ..ဒေါသခပ်သိမ်းငြိမ်းပါစေ..ဆင်းရဲခပ်သိမ်းငြိမ်းပါစေ..နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ...လူအချင်းလှည့်ပတ်ခြင်း...အထင်သေးခြင်း...ဆင်းရဲစေလိုခြင်းကင်းရှင်းကြပါစေရှင်😄ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ🙏" ဆိုပြီးရေးထားတာပါ။

ရွှေရည်သိန်းတန်က ခုဆိုရင် သီချင်းလေးတွေဆိုရင်း ချစ်ရတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ကိုနေလနဲ့ တေးသံရှင် ရွှေရည်သိန်းတန် တို့ရဲ့ မိဘနှစ်ပါးကို ရည်စူးပြီးလှူတဲ့ အလှူပုံရိပ်ကလေးတွေကို သဘောကျကြလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;shwe yee thein tan's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။