ဘုန်းတန်ခိုးကြီးဆရာတော်ကြီးတွေရဲ့ ချစ်ခြင်းတွေကိုရရှိခဲ့တဲ့ မယ်လိုဒီရဲ့သားလေးသိဒ္ဓိစစ်

Posted on - Jan 11 []

Harry Mon

စာရေးသူ

နိုင်ငံကျော် မင်းသမီးချောလေး မယ်လိုဒီဟာ ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးတစ်ဦးပါပဲ။ ချောမောလှပတဲ့ သူမရဲ့ မျက်နှာရှင်းရှင်းလေးကို ပရိသတ်တွေက သဘောကျကြပြီး ချစ်ခင်ကြပါတယ်။ မယ်လိုဒီပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလဲ ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်လှပါတယ်။

မယ်လိုဒီဟာ အခုချိန်မှာ အနုပညာလုပ်ငန်းတွေကို သိပ်ပြီးမလုပ်ကိုင်တော့ပဲ ချစ်ရတဲ့ မိသားစုလေးနဲ့သာ အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်။ မယ်လိုဒီဟာ ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဓိစစ်ကို အချိန်တွေ အပြည့်အဝပေးရင်း မိခင်ကောင်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်က အရမ်းကိုချစ်စရာကောင်းပြီး အမေလိုပဲ ချောမောလွန်းတာကြောင့် ပရိသတ်တွေကလဲ ချစ်ခင်ကြပါတယ်။ သိဒ္ဓိစစ်လေးက မကြာခင်မှာ အသက်(၅)နှစ်ပြည့်တော့မှာဖြစ်ပြီး အရမ်းကို လူရည်လည်နေပြီဖြစ်ပါတယ်။

သိဒ္ဓိစစ်လေးက ငယ်စဉ်ကတည်းက မိဘ အသိုင်းအဝိုင်းရဲ့ သွန်သင် သင်ပြမှုကောင်းတွေကြောင့် လိမ္မာသိတတ်တဲ့ သားလိမ္မာလေးတစ်ဦးဖြစ်ပါတယ်။ သိဒ္ဓိစစ်ကို နာမည်ကြီး ဆရာတော် ဘုရားကြီးတွေကလဲ အရမ်းကိုချစ်ကြပြီး ဆုမွန်ကောင်းတွေ တောင်းပေးလျက်ရှိပါတယ်။

တန်ခိုးကြီးဆရာတော်ကြီးတွေရဲ့ ချစ်ခင်မြတ်နိုးခြင်းကို ခံရတဲ့ သိဒ္ဓိစစ်က တကယ်ကို ကံကောင်းလွန်းတဲ့ ဖိုးကံကောင်းလေးတစ်ဦးပါပဲ။

သူတော်ကောင်းတွေရဲ့ ချစ်ခင်ခြင်းခံရအောင်၊ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမထားတဲ့ မယ်လိုဒီတို့ ဇနီးမောင်နှံကတော့ တကယ့်ကို မိဘကောင်းတွေပါပဲ။ ပရိသတ်ကြီးလဲ မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်ကိုချစ်ရင် ဒီပိုစ်လေ့းကို Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Rowena
Source; Melody Myo's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။