Innocence : The Series နဲ့ပတ်သတ်ပြီး အရိပ်အမြွှတ်လေးတစ်ခုကို ထုတ်ပြလိုက်တဲ့ မင်းသွေးခန့်

Posted on - Jan 11 []

Harry Mon

စာရေးသူ

အွန်လိုင်းမှာ ရေးသားနေတဲ့အချိန်ကတည်းက ပရိသတ်တွေများစွာရဲ့ အားပေးကြိုက်နှစ်သက်ခြင်းကို ရရှိခဲ့တဲ့ Innocence ၀တ္ထုကို မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသားချင်းလိင်တူကြိုက်တဲ့ ဇာတ်လမ်းတွဲအဖြစ်နဲ့ ပုံဖော်အသက်သွင်းမယ်ဆိုတဲ့သတင်းတွေဟာ ၂၀၁၈ ခုနှစ် ဧပြီလလောက်ကတည်းက ထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ ရေးသားနေစဉ်အချိန်ကတည်းက ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ဇာတ်ကောင်တွေဟာ ပရိသတ်တွေကို လွှမ်းမိုးမှုတွေများစွာရှိခဲ့တာမို့လို့ ဇာတ်လမ်းတွဲအဖြစ်နဲ့ ပုံဖော်မယ်ဆိုတဲ့အခါမှာတော့ ထိုဇာတ်ကောင်တွေကို ဘယ်သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်မလဲဆိုတာကတော့ ပရိသတ်တွေရဲ့ စိတ်အ၀င်စားဆုံးသောအကြောင်းအရာတစ်ခုပါပဲ။

ရိုက်ကူးမယ်ဆိုတဲ့သတင်းကို ကြေငြာပြီးတဲ့ရက်ပိုင်းအတွင်းမှာတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ၂ ခုဖြစ်တဲ့ "မြူခိုး" နဲ့ "တုနှိုင်ခ" တို့နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် မော်ဒယ် "ထက်ဦးထွဋ်" နဲ့ "Jay Bass" တို့ကို ရွေးချယ်ခဲ့ပြီး မြူခိုးနေရာမှာ ပါဝင်သရုပ်ဆောင်မယ့် "ထက်ဦးထွဋ်" ကတော့ အကြောင်းကြောင်းကြောင့် ပါဝင်နိုင်ခြင်းမရှိတော့ပဲ နှုတ်ထွက်သွားခဲ့ပါတယ်။

Jay Bass ကတော့ "တုနှိုင်းခ" နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ဆက်လက်ရှိနေခဲ့ပြီး အဲဒီနောက်မှာတော့ မြူခိုး ဇာတ်ကောင်အပါအ၀င် တခြားသောဇာတ်ကောင်တွေကို ထပ်မံရွေးချယ်ဖို့အတွက် လူရွေးချယ်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုက်ကူးမယ်ဆိုတဲ့သတင်းထွက်ရှိခဲ့တာ ၁ နှစ်ပြည့်ခါနီးအထိ မည်သည့်အရိပ်အယောင်မှ ထွက်ပေါ်ခဲ့ခြင်းမရှိတဲ့အတွက် ပရိသတ်တွေမှာ မချိတင်ကဲဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း မျှော်လင့်စောင့်စားနေကြဆဲဖြစ်တဲ့ ပရိသတ်တွေအတွက် ပြီးခဲ့တဲ့တစ်ပတ်ကပဲ ဇာတ်လမ်းတွဲဟာ အသက်ဝင်ဖို့အတွက် ပုံဖော်နေပြီဆိုတဲ့အကြောင်းကို Innocence : The Series ရဲ့ Official Page ကနေ ဓာတ်ပုံလေးတွေနဲ့ တရားဝင်အသိပေးခဲ့ပါတယ်။ အဲဒီလို အသိပေးတဲ့အခါမှာတော့ ဘယ်သူတွေက ဘယ်လိုဇာတ်ကောင်တွေမှာ ပါဝင်မယ်ဆိုတာကို သိချင်နေကြတဲ့ ပရိသတ်တွေမှာ ပိုမိုပြီးသိချင်စိတ်တွေ ပြင်းပြခဲ့ပါတယ်။

ထိုပို့စ်အောက်မှာဆိုရင် မိမိတို့ ထင်ကြေးပေးထားတဲ့ သရုပ်ဆောင်အသစ်တွေကို ခန့်မှန်းပေးခဲ့ကြပြီး ဒီနေ့အထိလည်း ဘယ်သူ ဘယ်ဝါဖြစ်မလဲဆိုတာကို ခန့်မှန်းနေကြဆဲပါ။ ဘယ်သရုပ်ဆောင်က ဘယ်ဇာတ်ကောင်မှာပါဝင်မလဲဆိုတာကို သိချင်နေကြတဲ့ ပရိသတ်တွေအတွက် မော်ဒယ်နဲ့ သရုပ်ဆောင်ဖြစ်တဲ့ မင်းသွေးခန့် ကတော့ မျှော်လင့်စောင့်စားနေကြတဲ့ ပရိသတ်တွေ ပိုမိုစိတ်လှုပ်ရှားအောင် သူ့ရဲ့ My Story ကနေတဆင့် အသိပေးခဲ့ပါတယ်။

Innocence : The Series ရဲ့ Official Page ကနေ ပရိသတ်တွေကို အသိပေးခဲ့တဲ့ပုံတွေထဲကတစ်ပုံကို သူ့ရဲ့ My Story မှာ "Coming Soon" ဆိုတဲ့ စာလေးနဲ့တင်ထားတာကြောင့် ပရိသတ်တွေမှာ ပိုပြီးရင်ခုန်စိတ်လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။ ချောမောပြီးကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်တဲ့ "မင်းသွေးခန့်" တစ်ယောက် Innocence ရဲ့ ဘယ်ဇာတ်ကောင်ကို သရုပ်ဖော်မလဲဆိုတာကတော့ တကယ်ကို စိတ်ဝင်စားစရာပါပဲနော်။

"မင်းသွေးခန့်" ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်က "မြူခိုး" ဖြစ်မလား။ "စေနိုင်သူ" ဖြစ်မလား။ ပရိသတ်ကြီးကရော ဘယ်လိုများ ခန့်မှန်းမိသလဲဆိုတာ ဝေမျှပေးခဲ့ကြပါဦးနော်။

Source : Min Thway Khant's My Story
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။