လီဗာပူးနဲ့ကစားမည့်ပွဲမတိုင်မီ နောက်ခံလူ ဗန်ဒိုက်ခ်ျ ကို ဘရိုက်တန်နည်းပြ ခရစ်ဟောက်တန် ချီးကျူးပြောကြား

Posted on - Jan 11 []

Theingi Kyaw

စာရေးသူ

ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ကာလကမှ ပေါင်(၇၅)သန်း နဲ့ လီဗာပုးအသင်းက ခေါ်ယူခဲ့တာပါ။ ယခုရာသီ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ရပ်တည်နိုင်အောင် အကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်ပါတယ်။

လီဗာပူးအသင်းရဲ့ဗဟိုနောက်ခံလူ ဗန်ဒိုက်ခ်ျ ရဲ့ လက်ရှိ စွမ်ဆောင်ရည်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးဆိုတဲ့ အဆင့်ကို ရောက်နေပါပြီ။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီနယ်သာလန်လက်ရွေးစင်ဟာ နိုင်ငံရော ကလပ်မှာပါ ခြေစွမ်းပြကစားနေတာလည်း ဖြစ်ပါတယ်။

ဗန်ဒိုက်ခ်ျဟာ လက်ရှိမှာ လီဗာပူးအသင်းရဲ့ ခံစစ်ကြောင်းအတွက် အကောင်းဆုံးပုံစံနဲ့ ကစားပေးထားပြီး အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူနေရသူ ဖြစ်ပါတယ်။ သူဟာ နည်းပြကလော့ရဲ့ အောင်မြင်တဲ့ ခေါ်ယူမှုဖြစ်ခဲ့ပြီင်္း ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသထားနိုင်ခဲ့ပါတယ်။

ဗန်ဒိုက်ခ်ျဟာ ဂျွန်တယ်ရီ၊ ဖာဒီနန်၊ ဆိုးလ်ကမ်းဘဲလ် တို့ရဲ့ အဆင့်ကို ရောက်ရှိနေပြီလား ဆိုတဲ့မေးခွန်းကို " သေချာတာပေါ့ ။ သူကအဲ့လိုအဆင့်ရောက်နေပြီဆိုတာကို သံသယဖြစ်စရာ မလိုပါဘူး ။ သူ့လိုကစားသမားမျိုးက သိပ်ပြီးတော့ များများစားစား မရှိပါဘူး ။ ပွဲအထာကို ကောင်းမွန်စွာဖတ်နိုင်ပြီး လီဗာပူးအသင်းရဲ့ ကာလရှည်ကြာဝေးကွာနေတဲ့ ဆုဖလားမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်သူပါ " ဟု ပြောကြားခဲ့ပာတယ်။ လီဗာပူးအသင်းဟာ မနက်ဖြန်မှာတော့ ဘရိုက်တန် အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ဆင်နွှဲရမှာပါ။

REF : euro sport
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။