ဒိတ်ဒိတ်ကြဲမင်းသားလေးဦးအပြိုင်သရုပ်ဆောင်ထားတဲ့"လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယို

Posted on - Jan 11 []

Harry Mon

စာရေးသူ

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားကြီးဟာ နမူနာဗီဒီယို ထွက်ရှိလို့ပါပြီ။ "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သားကြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေကြည့်ရှုနေကြ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့မတူပဲ ထူးခြားတဲ့ ရသတစ်ခုကို ရရှိနိုင်မှာပါ။

"လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်များအဖြစ် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ထွန်းထွန်း၊ စည်ဖြိုး၊ မင်းသွေး၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်၊ သားညီ၊ ညီညီမင်းထက်၊ ဦးဝင်းမြိုင်၊ ဘိုဘို၊ သူဇာပွင့် နှင့်အနုပညာရှင်များစွာ တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးမှာ ရုပ်ရှင်ဇာတ်ကားတွေမရိုက်ဘူးသေးတဲ့ ကမ်းခြေနှစ်ဖက်ရှိသည့်မြန်မာပြည်၏ တစ်ခုတည်းသောကမ်းခြေ ဂေါ်ရမ်ဂျီကျွန်းအလှအပတွေကို သဘာဝကျတဲ့ဇာတ်ကောင်စရိုက်များဖြင့် ဖန်တီးထားတာဖြစ်ပါတယ်။

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယို

ပရိသတ်တွေလဲ "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုလေးကိုကြည့်ပြီါ် သဘောကျကြမယ်ထင်ပါတယ်။ "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်န၀ါရီ (၂၅) ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးက အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာမို့ သွားရောက်ကြည့်ရှုဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: လေးပါးကျော့ရှိန်ဝရဇိန်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။