အနုပညာရော စာပေအတတ်ပညာမှာပါ ထူးချွန်အောင်မြင်ကြတဲ့ ကိုရီးယား အနုပညာရှင် (၉) ဦး

Posted on - Jan 11 []

Zue

စာရေးသူ

ရုပ်ရည်၊ အရည်အချင်း၊ ဥာဏ်ပညာတို့နဲ့ပြည့်စုံတဲ့သူဆိုတာ ရှိတော့ရှိတယ်။ ရှားပါလိမ့်မယ်နော်။ ဒီလိုမျိုးပြည့်စုံတဲ့ ကိုရီးယားအနုပညာရှင် (၉) ယောက်ရှိပါတယ်။ သူတို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ SAT စာမေးပွဲမှာ အမြင့်ဆုံးရမှတ်တွေ ရရှိခဲ့ကြတဲ့သူတွေပါ။ ခက်ခဲလှတဲ့စာမေးပွဲကို အမှတ်အများဆုံးရရှိခဲ့ကြသူတွေဆိုတော့ သူ့တို့ဥာဏ်ပညာက အံ့မခန်းပါပဲနော်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကြည့်လိုက်ကြဦးစို့။

9. Rain

Rain ဟာ JYP Entertainment ရဲ့ သင်တန်းသားဖြစ်နေတဲ့အချိန်တုန်းက Park Jin Young က Rain ကို 'ပညာမထူးချွန်တဲ့သူတွေကို JYP ကနေ ပွဲထုတ်ပေးမှာမဟုတ်ဘူး' လို့ ပြောခဲ့ဖူးပါတယ်။ အဲ့စကားကြောင့် မခံချင်စိတ်နဲ့ ကြိုးစားရင်းနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရမှတ် ၃၅၀ ပတ်ဝန်းကျင်ရရှိခဲ့တာဖြစ်ပါတယ်။

8. Super Junior's Kyuhyun

သင်္ချာဥာဏ်ကြီးရှင်ရယ်လို့ အသိများကြတဲ့ Kyuhyun ဟာ နိုင်ငံအဆင့်သင်္ချာစွမ်းရည်ပြိုင်ပွဲတွေနဲ့ သင်္ချာအိုလံပစ်တို့မှာ အနိုင်ရရှိခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ စာမေးပွဲရလဒ်တွေမှာ Top 5 ၀င်တယ်ဆိုတာက အထူးအဆန်းမဟုတ်လောက်တော့ပါဘူးနော်။ နားရောဂါဖြစ်ဖူးတာကြောင့် အကြားစွမ်းရည်ဖြေဆိုရတာကိုတော့ အားမလိုအားမရဖြစ်ခဲ့ဖူးတယ်လို့ Kyuhyun က ပြောပြဖူးပါတယ်။

7. Wonder Girls' Yeeun

Yeeun ကတော့ သူမ အထက်တန်းကျောင်းသူဘ၀တုန်းက ကျောင်းသား ၆၀၀ ကျော်ထဲမှာ Top 10 စာရင်းထဲဝင်ဖူးခဲ့တဲ့သူပါ။ Top 5 သွားတဲ့အခါမှာတော့ Kyunghee University မှာ Postmodern Music ကို လေ့လာသင်ယူခဲ့ပါတယ်။

6. Lim Siwan

ZE:A အဖွဲ့ဝင်၊ သရုပ်ဆောင် Siwan ကတော့ Busan the Institute of Science & Technology မှာ ပညာသင်ကြားဖူးခဲ့တဲ့သူဖြစ်ပါတယ်။ အမှတ်ပြည့် ၅၀၀ ပေးတဲ့ ၀င်ခွင့်စာမေးပွဲမှာ ၄၅၀ မှတ်ရရှိခဲ့ပြီး TOEIC စာမေးပွဲမှာလည်း ရမှတ် ၈၅၀ ရရှိဖူးတဲ့သူပါ။

5. Lee Sang Yoon

သရုပ်ဆောင် Lee Sang Yeon ဟာ ဟာသဇာတ်လမ်းတွေမှာပါဝင်ပြီး ရီမောစရာဖြစ်အောင် သရုပ်ဆောင်တတ်ပေမယ့် သူ့ရဲ့စာမေးပွဲရမှတ် ၃၇၀ ကတော့ ရီစရာမဟုတ်ပါဘူး။ Seoul National University မှာ ရူပဗေဒပညာကို လေ့လာသင်ယူခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

4. Song Joong Ki

ရုပ်လည်းချောသလို ပညာအရာမှာလည်း ထူးချွန်တဲ့ Song Joong Ki ကတော့ ရမှတ် ၃၈၀ ရရှိခဲ့တာဖြစ်ပြီး Sungkyungkwan University မှာ စီးပွားရေးနဲ့ပတ်သတ်တာကို သင်ယူပြီးဆုံးခဲ့တာဖြစ်ပါတယ်။

3. Han Ga In

မင်းသမီး Han Ga In ကလည်းပဲ ရုပ်ရည်ချောမောသလို ဥာဏ်ပညာလည်း ထက်မြတ်သူတစ်ဦးဖြစ်ပါတယ်။ အမှတ်ပြည့် ၄၀၀ ပေးတဲ့ တက္ကသိုလ်စာမေးပွဲမှာ ရမှတ် ၃၈၄ မှတ်ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလောက်အမှတ်အများကြီးရရှိတာတောင်မှ သူမအနေနဲ့ ကိုယ့်ကိုကိုယ်မကျေနပ်နိုင်ဖြစ်မိတယ်လို့ဆိုပါတယ်။ အဲဒီနောက်တော့ Kyunghee University မှာ စီပွားရေးပညာကို လေ့လာသင်ယူခဲ့ပါတယ်။

2. Kim Jung Hoon

Kim Jung Hoon ဟာ ၂၀၀၀ ခုနစ်မှာ UN အဖွဲ့နဲ့ စတင်ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ အမှတ် ၄၀၀ ပေးတဲစာ့မေးပွဲမှာ ၃၈၀ မှတ် ရရှိခဲ့တာကြောင့် Seoul National University က ကမ်းလှမ်းခဲ့ပေမယ့်လည်း သူ့ရဲ့ကျောင်းမှာသာ ဆက်လက်ပြီး ရုပ်ရှင်နဲ့ပြဇာတ်ပညာကိုဆည်းပူးလေ့လာခဲ့ပါတယ်။

1. Kim Tae Hee

တောင်ကိုရီးယားရဲ့ ထိပ်တန်းအလှပဂေးတစ်ဦးဖြစ်တဲ့ Kim Tae Hee ကလည်းပဲ သူမရဲ့အလှအပနဲ့ ပညာအရည်အချင်းက တိုက်ရိုက်အချိုးကျနေပါတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ရမှတ် ၃၉၀ ပတ်ဝန်းကျင်ရရှိခဲ့တဲ့အတွက် Seoul National University ရဲ့ Fashion Department မှာ တက်ရောက်ခွင့်ရရှိခဲ့သူပါ။ အဒီအချိန်တုန်းက Fashion Department ဟာ တက်ရောက်ချင်တဲ့သူအများဆုံးရှိတဲ့ ဋ္ဌာနတစ်ခုလည်းဖြစ်ပါတယ်။

မိုမိုလေး ပရိသတ်ကြီးသိတဲ့ အဆင်းရော အချင်းပါ ပြည့်စုံသူတွေရှိကြပါသေးလား။ ရှိတယ်ဆိုရင် ဘယ်သူတွေလဲဆိုတာကို ပြောပြပေးခဲ့ကြပါဦးနော်။

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။