Ed Sheeran ရေးဖွဲ့ပေးတဲ့သီချင်းနဲ့ ၈နှစ်အကြာမှာပြန်လာခဲ့ပြီဖြစ်တဲ့ တစ်ချိန်က ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲ Westlife

Posted on - Jan 12 []

Theingi Kyaw

စာရေးသူ

2000 ပြည့်နှစ်များစီက My Love, I lay my love on you အစရှိတဲ့ သီချင်းကောင်းတွေအများကြီးနဲ့ ကြီးပြင်းလာခဲ့တဲ့ ဆယ်ကျော်သက်တွေအများကြီးရှိမှာပါ။ အဆိုပါ သီချင်းတွေရဲ့မူပိုင်ရှင်တွေဖြစဖ်တဲ့ Westlife ကလည်း ဆယ်ကျော်သက်တွေရဲ့အသည်းစွဲတွေပါပဲ။ 1998 ခုနှစ်များစီက ပေါ်လာခဲ့တဲ့ Westlife အဖွဲ့ဟာ အခုဆိုရင် ပေါ်ပေါက်လာခဲ့တာ ဆယ်စုနှစ်(၂)စုရှိခဲ့ပါပြီ။ ၂၀၁၂ ခုနှစ်မှာ အဖွဲ့ဖျက်သိမ်းကြောင်းကြေငြာခဲ့ပေမယ့်လည်း ၂၀၁၉ ရဲ့နှစ်စမှာပဲ တစ်ကြော့ပြန် ပြန်လာခဲ့ပါပြီ။

၈နှစ်အကြာမှာတော့ ပထမဆုံးသီချင်းကို ထုတ်ဝေခဲ့ပါပြီ။ Hello My Love သီချင်းဟာ Ed Sheeran ရေးစပ်ထားတာဖြစ်ပြီး Steve Mac ကထုတ်ဝေခဲ့ပါတယ်။ Steve Mac ဟာ Westlife အဖွဲ့ရဲ့နာမည်ကြီးသီချင်းဖြစ်တဲ့ Flying Without Wings and Swear It Again, တို့ကိုထုတ်လုပ်ခဲ့သူဖြစ်ပြီး Westlife နဲ့ရေရှည် လက်တွဲပြီးအလုပ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။

အိပ်ယာထက်က Westlife ကို ပြန်ထလာနိုင်အောင် စွမ်းဆောင်လာနိုင်တာ Steve Mac နဲ့ Ed Sheeran သာဖြစ်ပြီး ဒီအတွက်လည်း ကျေးဇူးတင်ပါတယ် လို့ အဖွဲ့သားဖြစ်သူ Kian က ပြောခဲ့ပါတယ်။ Hello my love သီချင်းဟာ မူလ westlife သီချင်းပုံစံအတိုင်းသာဖြစ်ပြီး လွမ်းနေခဲ့တဲ့ပရိတ်သတ်တွေအတွက်လည်း အလွမ်းပြန်ပြေစေမှာ အမှန်ပါပဲ။

မူလက အဖွဲ့သား (၅)ယောက်ရှိခဲ့ပြီး အခုအချိန်မှာ ၄ယောက်ပဲရှိနေတဲ့ Westlife အဖွဲ့မှာ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Brian ကလည်း ချီးကျူးစကားဆိုခဲ့ပါတယ်။ တကယ့်ကို သီချင်းကောင်းဖြစ်တာမို့လို့ အားလုံးပဲ လက်လွှတ်မခံဘဲ နားထောင်ကြည့်ကြဖို့မျှော်လင့်ပါတယ်။

GI GI(momolay)
Source :.independent.ie

Westlife - Hello My Love

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။