အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့"နှင်းဆီပဝါခြုံတဲ့လက်"အငြိမ့် ပထမနေ့

Posted on - Jan 12 []

Rowena

စာရေးသူ

နာမည်ကြီးမင်းသား၊ မင်းသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ "နှင်းဆီ"အငြိမ့်အဖွဲ့ဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ အငြိမ့်အဖွဲ့တစ်ခုပါ။ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ အကယ်ဒမီ ထွန်းထွန်း၊ ရဲလေးတို့က လူရွှင်တော်အဖြစ် ပါဝင်ကြပြီး ဖူးစုံ၊ မိုးယုစံ၊ မေကဗျာနဲ့ မိုးပြည့်ပြည့်မောင်တို့က မင်းသမီးတွေအဖြစ် ပရိသတ်ကို ကပြဖျော်ဖြေပေးကြပါတယ်။

ဇန်နဝါရီလ(၁၁) ရက်နေ့က "နှင်းဆီပဝါခြုံတဲ့လက်" အငြိမ့်သဘင် ပထမနေ့ကို ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟော်တယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပထမနေ့မှာကတည်းက ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြ အားပေးခြင်းကို ခံခဲ့ရပါတယ်။

နှင်းဆီအဖွဲ့သား အားလုံးရဲ့ စုစုစည်းစည်း ကြိုးစားအားထုတ်နိုင်ခဲ့ခြင်းကြောင့် "နှင်းဆီပဝါခြုံတဲ့လက်" ပထမနေ့ဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

လူရွှင်တော်မင်းသားတွေကလဲ အတိုင်အဖောက်ညီညီနဲ့ ပြက်လုံးတွေကို ပြက်ခဲ့ကြလို့ ပရိသတ်တွေ သဘောကျခဲ့ရပြီး မင်းသမီးချောလေးတွေကလဲ လှပငြိမ့်ငြောင်းစွာနဲ့ ကပြဖျော်ဖြေခဲ့ကြလို့ ပရိသတ်တွေ ပွဲကျခဲ့ရပါတယ်။

နှင်းဆီအဖွဲ့မှ လူရွှင်တော်များ

ဇန်နဝါရီလ ၁၂ ရက်နေ့မှာလဲ "နှင်းဆီပဝါခြုံတဲ့လက်" ဒုတိယနေ့ အခမ်းအနားကြီးကို ဆက်လက် ကျင်းပဦးမှာဖြစ်ပါတယ်။ဒီပိုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: နှင်းဆီရင်ခွင် လူမှုဖောင်ဒေးရှင်း

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။