အိမ်ထောင်ပြုချင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာတယ်ဆိုတဲ့ အေးမြတ်သူ

Posted on - Feb 4 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ အရင်အခါက ခပ်ဟော့ဟော့ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုအရောက်လှမ်းခဲ့တဲ့ သရုပ်ဆောင် အေးမြတ်သူတစ်ယောက် အခုအခါမှာတော့ အသက်အရွယ်ရလာတဲ့အတွက် ဖက်ရှင်ပိုင်းတွေမှာ အရမ်းကြီး ဟော့တာတွေကို မ၀တ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ Sexy ကျတဲ့ဝတ်စုံတွေဆိုရင်လည်း ပွဲတက်တွေလောက်သာတခါတလေ၀တ်ဖြစ်နေပြီး ကားရိုက်မှာတော့ မ၀တ်ဖြစ်ဘူးလို့ အေးမြတ်သူက အင်တာဗျူးဖြေဆိုထားပါတယ်။

အခုဆိုရင်တော့ အေးမြတ်သူက အသက် ၃၀ ကျော်အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် အိမ်ထောင်ပြုချင်တဲ့အရွယ်ရောက်လာပြီဖြစ်တယ်လို့လည်း အင်တာဗျူးမှာ ဖြေကြားထားပါတယ်။ အဲ့ဒါကြောင့်လည်း ကိုယ်ယူမယ့်အမျိုးသားရဲ့စိတ်အခြေအနေ၊ မိသားစုဘက်ကအခြေအနေတွေကိုပြန်ကြည့်ပြီး Sexy ကျကျဝတ်စုံတွေအတွက် အရမ်းကြီးလှုပ်ဖို့မရှိဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြထားပါတယ်။

အင်တာဗျူးဖြေနေပုံလေးက ဘယ်လိုတွေတောင်ချစ်စရာကောင်းနေတာလဲ

မိုမိုလေးပရိသတ်ကြီးရေ အေးမြတ်သူကတော့ Sexy ကျကျဖက်ရှင်တွေကို ၀တ်ဖြစ်တယ်ဆိုပေမယ့် သီးသန့်ကြီးဝတ်လိုက်မယ်ဆိုတဲ့စိတ်နဲ့ ရွေးချယ်ဝတ်ဖြစ်တာမျိုးတော့ မရှိပါဘူးလို့လည်း ပွင့်ပွင့်လင်းလင်းပြောပြထားပါတယ်။ နောက်ပြီး အေးမြတ်သူက ဆိုးလိုက်၊ လိမ္မာလိုက်ဆိုတော့ ပရိသတ်တွေကလည်း နားလည်ပြီးဆိုးခွင့်ပေးထားတယ်လို့ ပရိသတ်တွေအပေါ်ကို ချစ်စနိုးလေးနဲ့ ကျေးဇူးတင်လိုက်ပါသေးတယ်။

အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ အေးမြတ်သူတစ်ယောက် အမြဲတမ်းရင်ခုန်တယ်လို့ဆိုပါသေးတယ်။ သူမအနေနဲ့ အနုပညာလောကထဲကိုမရောက်မီကလည်း ကြည့်ရှုသူအနေနဲ့ရင်ခုန်သလို ဒီနောက်ပိုင်းမှာလည်း အမြဲတမ်းရင်ခုန်ဖြစ်တယ်လို့ ပွင့်လင်းစွာဖြေကြားခဲ့ပါသေးတယ်။

မိုမိုလေးပရိသတ်ကြီးရေ ဖက်ရှင်ပိုင်းမှာလည်း ပရိသတ်တွေအားလုံးက စောင့်ကြည့်နေရတဲ့အေးမြတ်သူတစ်ယောက် သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အရိပ်အမွက်တော့ ထုတ်ဖော်ပြောခဲ့ပြီနော်။ ဘယ်အချိန်မှာ အေးမြတ်သူရဲ့ ဖိတ်စာတွေကို မြင်တွေ့ရတော့မယ်ဆိုတာကို ပရိသတ်တွေက စောင့်မျှော်ရင်း သူမရဲ့ထွက်ရှိလာမယ့် ဇာတ်ကားတွေကိုလည်း အားပေးကြပါဦးနော်။

HM (မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။