ဒါရိုက်တာမြူခိုးနဲ့တွဲပြီး ဇာတ်လမ်းတွေ၊ သီချင်းတွေရိုက်ကူးသွားမယ့် စည်သူ (ပလပ်ကျွတ်)

Posted on - Feb 4 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ စူပါဟီးရိုးဝတ်စုံတွေနဲ့အတူ လူသိများလာတဲ့ သရုပ်ဆောင်ကိုပြောပါဆိုရင် အားလုံးက စည်သူ (ပလပ်ကျွတ်) ကိုပြေးပြီး မြင်မိကြမယ်ဆိုတာ သေချာပါတယ်။ အထူးသဖြင့်တော့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ စပိုက်ဒါမန်းဝတ်စုံလေးနဲ့ စည်သူ (ပလပ်ကျွတ်) ကို ပရိသတ်တွေအားလုံးက ဘယ်လိုစူပါဟီးရိုးဝတ်စုံတွေနဲ့ မြင်တွေ့ရဦးမယ်ဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေကြမှာပါ။

အခုဆိုရင်တော့ စည်သူ (ပလပ်ကျွတ်) တစ်ယောက် စူပါဟီးရိုးဝတ်စုံတွေကို တစ်စုံပြီးတစ်စုံဝတ်ဆင်ပြီး ပွဲတွေထွက်လာတာကိုလည်း ပရိသတ်ကြီးက မြင်တွေ့ကြပြီးမှာပါ။ သူ့အနေနဲ့ ဒီဝတ်စုံတွေကို ၀တ်ဆင်ပြီးတော့လည်း ဇာတ်ကားတွေ ရိုက်ကူးဖို့ကိုလည်း ပြင်ဆင်နေပါသေးတယ်နော်။

နောက်ပြီး စည်သူ (ပလပ်ကျွတ်) တစ်ယောက် ဒါရိုက်တာမြူခိုးနဲ့တွဲဖက်ပြီးတော့လည်း ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ ကြော်ငြာတွေ၊ သီချင်းတွေ ရိုက်ကူးဖို့ စီစဉ်ထားပါသေးတယ်။ သူတို့နှစ်ဦးကတော့ အတူတွဲဖက်ပြီး ဟာသဆန်ဆန် ဇာတ်လမ်းတွေကို ဖန်တီးသွားမှာပါတဲ့နော်။

သူတို့ရိုက်ကူးမယ့်အစီအစဉ်တွေကိုလည်း ပြောပြသွားခဲ့ပါတယ်

မိုမိုလေးပရိသတ်ကြီးရေ သူတို့နှစ်ဦးပေါင်းပြီးမှ ကံတွေတက်လာတယ်ဆိုတော့ ဘယ်လိုတွေပူးပေါင်းထွက်ရှိလာမလဲဆိုတာ ရင်ခုန်စရာပါပဲနော်။ တစ်ဦးနဲ့တစ်ဦးလေးစားတဲ့ အမူအယာလေးတွေကတော့ အားကျစရာပါပဲနော်။

ကဲ မိုမိုလေးပရိသတ်ကြီးရေ ဇာတ်လမ်းတွေရိုက်ကူးဖို့အတွက်တောင် ၀တ်စုံတွေစီစဉ်ပြီးနေပြီဆိုတော့ ဇာတ်လမ်းဇာတ်အိမ်က ဘယ်လိုပုံစံမျိုးတွေနဲ့ ထွက်ရှိလာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ မိုမိုလေးပရိသတ်ကြီးကရော စူပါဟီးရိုးဝတ်စုံတွေနဲ့ စည်သူ (ပလပ်ကျွတ်) ရဲ့ဇာတ်လမ်းတွေ၊ ကြော်ငြာတွေ၊ သီချင်းတွေကို အားပေးဖို့အသင့်ဖြစ်နေကြပြီလားဗျို့။ အားလုံးပဲ မြန်မာပြည်ရဲ့ဟီးရိုးလေး စည်သူ (ပလပ်ကျွတ်) ကိုအားပေးကြပါဦးနော်။

HM (မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။