၂၄ နာရီမပြည့်ခင်မှာတင် ကြည့်ရှုသူ တစ်သိန်းကျော်သွားပြီဖြစ်တဲ့ စမိုင်းလ်​ရဲ့ပိန်နည်းလျှို့ဝှက်ချက်ဗီဒီယို

Posted on - Feb 7 []

Myint Myat

စာရေးသူ

ပွင့်လင်းရိုးရှင်းတဲ့ အနေအထိုင် အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတဲ့ စမိုင်းလ်ကတော့ လတ်တလောမှာ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အဝလွန်ခဲ့ဖူးပေမယ့် အခုအချိန်မှာ ကျစ်လစ်ကြံ့ခိုင်တဲ့ အမိုက်စား ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ စမိုင်းလ်ကတော့ လတ်တလောမှာ ပိန်ပိန်လေးဖြစ်သွားဖို့ သူမဘယ်လောက်ကြိုးစားခဲ့ရတဲ့အကြောင်း ဗီဒီယိုလေးတစ်ခုနဲ့ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ပြသခဲ့တဲ့ စမိုင်းလ်ရဲ့ဗီဒီယိုလေးကတော့ ၂၄ နာရီ မပြည့်သေးခင်မှာ ကြည့်ရှုသူ ၁ သိန်းကျော်အထိ ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကြိုးစားချင်စိတ်တစ်ခုတည်းနဲ့ အကောင်းဆုံးပြောင်းလဲခဲ့တဲ့ စမိုင်းလ်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်ကတော့ "ဘယ်တော့မှစိတ်ဓါတ်မကျပါနဲ့.. မဖြစ်ဘူးဆိုတာမရှိဘူး အဓိကကစိတ်ပဲ ဘာမဆိုစိတ်ဆောင်ရင်ဖြစ်နိုင်ပါတယ်.." ဆိုပြီး သူမရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အခုအချိန်မှာတော့ ကလေးနှစ်ယောက်အမေဆိုတဲ့ အတွေးတွေကို လွှင့်ပြယ်သွားစေလောက်အောင် ခန္ဓာကိုယ်အချိုးအစား ကျစ်ကျစ်လစ်လစ်နဲ့ အရမ်းကို မိုက်နေပြီပဲ ဖြစ်ပါတယ်။

ဝနေတဲ့သူတွေကို အားတက်လာစေမယ့် စမိုင်းလ်ရဲ့ဗီဒီယို

တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ စမိုင်းကတော့ ခင်ပွန်းဖြစ်သူရဲ့အချစ်ကို တိုးတိုးပြီးတော့ ရနေတာပဲ ဖြစ်ပါတယ်။ဇနီးသည်ကို အရမ်းချစ်တဲ့ စမိုင်းလ်ရဲ့ခင်ပွန်းကတော့ မကြာခဏဆိုသလို ချစ်ဇနီးသည်ကို Surprise လက်ဆောင်တွေ ပေးလေ့ရှိပါတယ် ။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား အလှတွေတိုးလာတဲ့ လျှို့ဝှက်ချက်တွေကို ဝေမျှပြီး ဝနေသူတွေကို အားတက်စေခဲ့တဲ့ စမိုင်းလ်ကိုချစ်ရင် အားပေးဖို့မမေ့ပါနဲ့နော်။

Myint Myat
Source;Smile's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။