လေယာဉ်အပျက်အစီးအပိုင်းအစများထဲမှ ဆာလာရဲ့ရုပ်အလောင်းကို ရှာတွေ့ခဲ့ပြီ

Posted on - Feb 8 []

Htoo Yan Ag

စာရေးသူ

မကြာသေးမီကမှ ဆာလာလိုက်ပါစီးနင်းခဲ့တဲ့ လေယာဉ်အပျက်အစီး အပိုင်းအစများအတွင်းမှ အမည်မဖော်နိုင်သေးတဲ့ ရုပ်အလောင်းတစ်ခုကို ဆက်လက်စစ်ဆေးခဲ့ရာမှာတော့ ဝမ်းနည်းစွာနဲ့ပဲ ကာဒစ်ဖ် တိုက်စစ်မှူး ဆာလာဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ယနေ့မနက် အစောပိုင်းမှဲာ အတည်ပြု ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ရက်နေ့က ဆာလာနဲ့ လေယာဉ်မှူး အီဘော့တ်ဆန်တို့ လိုက်ပါစီးနင်းလာခဲ့တဲ့ လေယာဉ်ဟာ အင်္ဂလိပ်ရေလက်ကြား အတွင်းမှာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ၄င်းလေယာဉ်ကို ရှာဖွေနေခဲ့တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပျက်စီးနေပြီဖြစ်တဲ့ လေယာဉ်အကျိုးအပဲ့ အစိတ်အပိုင်းအတွင်းမှ လူသေအလောင်းတစ်ခုကို သယ်ဆောင်လာခဲ့ကာ စုံစမ်းစစ်ဆေးမှုများအပြီးမှာတော့ ဆာလာဖြစ်ကြောင်း အတည်ပြု ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဆာလာရဲ့ မိသားစုဝင်များဟာ ပျောက်ဆုံးနေတဲ့လေယာဉ်မှာ ပါဝင်တဲ့ ဆာလာကို ရှာဖွေဖို့အတွက် ရန်ပုံငွေရရှိဖို့ ကြိုးစားပေးခဲ့ကြတဲ့ နိုင်ငံတကာ ဘောလုံးအသိုင်းအဝိုင်းနဲ့ သုံးရက်အကြာ ရှာဖွေစုံစမ်းစစ်ဆေးပေးခဲ့ကြတဲ့ သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆာလာရဲ့ အစ်မဖြစ်သူကတော့ ဆာလာအမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အပြီးမှာ ဆာလာအတွက် ဆုမွန်ကောင်းတောင်းပေးတဲ့စာကို ဆာလာရဲ့ ပုံနဲ့တကွ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

လေယာဉ်အတွင်းပိုင်းမှ ပြန်လည်တွေ့ရှိခဲ့တဲ့ ဆာလာရဲ့ရုပ်အလောင်းကိုတော့ လက်ရှိမှာ ရဲတပ်ဖွဲ့က ပြန်လည်ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ " ယနေ့ ဆိပ်ကမ်းကနေ ယူဆောင်လာခဲ့တဲ့ ရုပ်အလောင်းဟာ ကာဒစ်ဖ်တိုက်စစ်မှူး အီမီလီယာနို ဆာလာရဲ့ အလောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆာလာနဲ့ ပိုင်းလော့ အီဘော့တ်ဆန် တို့ရဲ့ မိသားစုဝင်များအားလုံးကို အကြောင်းကြားထားပြီးပါပြီ။ ကျွန်တော် သူတို့ကို အကောင်းဆုံး နှစ်သိမ့်ပေးနေပါတယ်။ " လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောကြားသွားခဲ့ပါတယ်။

REF : mirror
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။