မြင့်မြတ်အတွက် "​ဟျောင့်​ ဒုက္ခပါပဲကွာ" ဆိုတဲ့ သီချင်းလေး ရေးပေးခဲ့တဲ့ ဘဝ

Posted on - Feb 8 []

Rowena

စာရေးသူ

The Voice Myanmar Season 1 မှာ သီဆိုယှဉ်ပြိုင်ရင်း ပရိသတ်တွေ သတိထားမိလာခဲ့တဲ့ ဘဝက အခုလက်ရှိမှာလဲ သူကိုယ်တိုင် သီချင်းတွေရေးပြီး သီဆိုနေပြီ ဖြစ်ပါတယ်။ The Voice Myanmar မှာ ဘဝသီဆိုခဲ့တဲ့ ဖိုးပြည့်ရဲ့ ကိုယ်စောင့်နတ် သီချင်းကို Raggae ပုံစံနဲ့ သီဆိုခဲ့တာကလဲ ပရိသတ်တွေကြားမှာ တော်တော်ကြီး ရေပန်းစားခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာ ဘဝက သူအရမ်းကြိုက်တဲ့ Idol ဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် မြင့်မြတ်အတွက် သူကိုယ်တိုင် သီချင်းလေးတစ်ပုဒ်ရေးပြီး သီဆိုပေးခဲ့ပါတယ်။ သီချင်းလေး နာမည်က "ဟျောင့် ဒုက္ခပါပဲကွာ" လို့ အမည်ရပါတယ်။

ဘဝက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကျွန်တော်က ကိုမြင့်​မြတ်​ရဲ့  FAN အစစ်​ ဆိုလည်း လုံးဝ ​နောင်​ဘ၀ထိဆိုလည်း မမှားဘူးဗျာ ခ်​ခ်​ သူ သရုပ်​​ဆောင်​တာ​လေးကြည့်​ပြီး ​ကြွေပြီး သီချင်း​ရေးမိခဲ့တယ်​ ကိုမြင့်​မြတ်​​နေရာက​နေ ၀င်​ပြီး နားသာဆင်​ကြည့်​​ပေ​တော့ဗျာ" ဆိုပြး ပြောထားပါတယ်။

ဘဝရေးဆိုတီးထားတဲ့ "ဟျောင့် ဒုက္ခပါပဲကွာ" ဆိုတဲ့ သီချင်းလေးကို ခံစားနားဆင်ပေးကြပါဦးနော်။

ပရိသတ်တွေလဲ ဘဝ သီဆိုထားတဲ့ "ဟျောင့် ဒုက္ခပါပဲကွာ" ဆိုတဲ့ သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဒီသီချင်းလေးကိုကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Ba wa's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။