Disney ကာတွန်းကားလေးတွေရဲ့ နောက်ကွယ်က အံ့အားသင့်စရာ အကြောင်းအရာများ

Posted on - Feb 9 []

Douglas Thura

စာရေးသူ

ကာတွန်းရုပ်ရှင် Studio တွေထဲမှာ နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ Disney က ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းလိုလိုဟာ ရုံတင်ပြသတိုင်း ၀င်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်လေ့ရှိတာကို ပရိသတ်တွေလည်း သိကြပြီးဖြစ်မှာပါ။ Disney အနေနဲ့ အခုလိုသောက်သောက်လဲအောင်မြင်နေရတဲ့ အဓိကအကြောင်းအရင်းကတော့ ဇာတ်ကားတိုင်းလိုလိုမှာ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ ထည့်သွင်းရိုက်ကူးလေ့ရှိတာကြောင့် ဖြစ်ပါတယ်။ Disney ကရိုက်ကူးထားတဲ့ နာမည်ကြီးကာတွန်းရုပ်ရှင်တွေထဲမှာ ဘယ်လိုမြှုပ်ကွက်လေးတွေနဲ့ ပုံဖော်ရိုက်ကူးထားလဲဆိုတာ ကြည့်ုလိုက်ကြရအောင် ...

အော်စကာဆုရ Coco ဇာတ်ကားထဲက အဓိကဇာတ်ကောင်တွေနေတဲ့ Mexican မြို့ ထဲက လမ်းကိုရိုက်ပြတဲ့ ဇာတ်ဝင်ခန်းမှာလည်း အရုပ်တွေကိုပြသထားတာတွေ့ ရမှာပါ။ အဆိုပါအရုပ်တွေထဲမှာ Toy Story ဇာတ်ကားထဲက Buzz Lightyear နဲ့ Sheriff Woody အရုပ်တို့ ကိုပါ ပြသထားတာတွေ့ ရပြီး တစ်ခြားဇာတ်ဝင်ခန်းတစ်ခုမှာလည်း Finding Dory ဇာတ်ကားထဲက ငါးမန်း၊ Nemo နဲ့ Dory အရုပ်တို့ ကိုပါ ပြသထားတာတွေ့ ရပါတယ်။

Dreamwords ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ Chicken Run ဇာတ်ကားထဲက ကြက်တွေရဲ့ လည်ပင်းမှာ ဆွဲကြိုး၊ ပုဝါ ... စတဲ့ Accessory တွေ ၀တ်ဆင်ထားတာကို ပရိသတ်တွေ သတိထားမိကြမှာပါ၊ အကြောင်းအရင်းကတော့ ကြက်တွေကို ရွှံ့ နဲ့ ပြုလုပ်ထားတာဖြစ်ပြီး(ရွှံ့ ရုပ်တွေဖြစ်တာကြောင့်) ကြက်တွေလည်ပင်းလှည့်ပြီး စကားပြောတဲ့အခါမှာ လည်ပင်းနားက အရစ်ကြောင်းတွေပေါ်နေမှာစိုးတဲ့အတွက် Accessory တွေနဲ့ ဖုံးထားတာဖြစ်ပါတယ်။ ဘယ်လိုတွေတောင် ဥာဏ်ပြေးလွန်းတဲ့ ဖန်တီးသူတွေလဲနော်။

Shrek ဆိုတဲ့စကားလုံးဟာ ဂျာမန်ဘာသာစကားမှာတော့ ထိတ်လန့် စေခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ Shrek ဇာတ်ကားထဲက ဘီလူးစိမ်းကြီး Shrek ရဲ့ ပုံစံဟာ ပြင်သစ်လူမျိုးနပမ်းသမားဖြစ်တဲ့ Maurice Tillet ရဲ့ ပုံစံကို မှီငြမ်းပြီး ဖန်တီးထားတာဖြစ်ပါတယ်။ Maurice ဟာ အရိုးပွရောဂါတစ်မျိုးခံစားနေရတာကြောင့် သူ့ ရဲ့ မျက်နှာဟာ သာမန်ထက်အနည်းငယ်ကြီးမားနေတာဖြစ်ပါတယ်။

ရေသူမလေး အေရီရယ်ဇာတ်ကား စတင်ရိုက်ကူးစဉ်မှာ ဇာတ်ကောင်ဖန်တီးသူတွေက အေရီရယ်ရဲ့ ဆံပင်ကို အကောက်ပုံစံဖန်တီးပေးဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ ပဲ 1989 ခုနှစ်လောက်က computer graphic တွေ မထွန်းကားသေးတာကြောင့် သာမန်ဆံပင်ပုံစံနဲ့ ပဲ ဖန်တီးရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ နည်းပညာတွေ ထွန်းကားလာပြီဖြစ်တဲ့ 2012 ခုနှစ်လောက်မှာမှ Brave ဇာတ်ကားကို ထုတ်လုပ်ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ကောင် Merida ရဲ့ ဆံပင်ကို သူတို့ ဖန်တီးချင်တဲ့ ဆံပင်အကောက်ပုံစံလေးနဲ့ ဖန်တီးရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

Beauty And The Beast ဇာတ်ကားထဲမှာ မင်းသမီးလေး Belle တစ်ယောက် Beast ကြီးရဲ့ ရဲတိုက်ထဲကို လျှောက်ပတ်ကြည့်နေတဲ့ ဇာတ်ဝင်ခန်းမှာပြသထားတဲ့ ရဲတိုက်ထဲက မကောင်းဆိုးရွားရုပ်တုကြီးတွေဟာ ကာတွန်းဖန်တီးသူတွေ ပြုလုပ်ခဲ့တဲ့ Beast ကြီးရဲ့ မူလပုံစံတွေဖြစ်ပါတယ်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။