Disney မင်းသမီးလေးတွေရဲ့ကျောချမ်းစရာ ဖြစ်ရပ်မှန်ဇာတ်လမ်းများ

Posted on - Feb 9 []

Douglas Thura

စာရေးသူ

Disney Studio က ထုတ်လုပ်ရိုက်ကူးတဲ့ Disney Princess ကာတွန်းရုပ်ရှင်တွေနဲ့ တစ်ခြားကာတွန်းရုပ်ရှင်ဇာတ်ကားတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ Happing Ending မျိုးနဲ့ အဆုံးသတ်ရိုက်ကူးထားတာကြောင့် ကလေးပရိသတ်တွေသာမက လူကြီးပရိသတ်တွေပါ နှစ်ခြိုက်အားပေးကြတာကြောင့်လည်း Disney ရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုဟာ ၀င်ငွေသောက်သောက်လဲကောင်းပြီး Box Office မှာ No.1 နေရာကို ရယူထားနိုင်တာဖြစ်ပါတယ်။ တစ်ကယ်တော့ Disney မင်းသမီးလေးတွေအကြောင်း ရိုက်ကူးထားတဲ့ ကာတွန်းဇာတ်ကားတွေရဲ့ နောက်ကွယ်မှာ ဇာတ်ကားထဲကအတိုင်းမဟုတ်တဲ့ ကျောချမ်းစရာကောင်းတဲ့ တစ်ကယ့်ဇာတ်လမ်းအစစ်အမှန်တွေရှိနေတာကြောင့် ကာတွန်းရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Mulan ရဲ့ တစ်ကယ့်ဇာတ်လမ်းထဲမှာ Mulan ဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်

Mulan ရုပ်ရှင်ထဲမှာတော့ Mulan ဟာ တိုက်ပွဲတွေမှာ (၁၀)နှစ်ကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သူရဲကောင်းမတစ်ယောက်ဖြစ်ပြီး စစ်ပွဲတိုင်းမှာ အောင်မြင်မှုတွေနဲ့ အတူ ဂုဏ်ပြုချီးမြှင့်ဆုတွေများစွာပိုက်ပြီး ပျော်ပျော်ရွှင်ရွှင် မိသားစုနဲ့ အသက်ထက်ဆုံးနေထိုင်သွားတာဖြစ်ပါတယ်။ တစ်ကယ့်ဇာတ်လမ်းအစစ်အမှန်ထဲမှာတော့ Mulan တစ်ယောက် စစ်ပွဲတွေပြေငြိမ်းပြီး အိမ်ကိုပြန်လာတဲ့အခါမှာ သူမရဲ့ ဖခင် သေဆုံးသွားပြီဖြစ်ပြီး သူမရဲ့ မိသားစုဟာလည်း ပြိုကွဲနေခဲ့တာကြောင့် Mulan ဟာ အထီးကျန်တဲ့ဒဏ်ကိုမခံစားနိုင်တော့ပဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။

Moana ဆိုတဲ့ ဇာတ်ကောင်ဟာ တစ်ကယ်မရှိခဲ့သလို Maui ကလည်း ပိန်ပိန်သေးသေးဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်ပါတယ်

Moana ဇာတ်ကားထဲမှာ Maui ဟာ ထွားထွားကြိုင်းကြိုင်း လူသန်ကြီးတစ်ယောက်ဖြစ်ပေမဲ့ တစ်ကယ့်ဇာတ်လမ်းအစစ်အမှန်ထဲမှာတော့ လူကောင်သေးသေး ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးသူတွေဟာ ဇာတ်ကားအတွက် Maui ရဲ့ှဇာတ်လမ်းကိုပဲ အသားပေးရိုက်ကူးသွားမယ်လို့ စီစဉ်ထားခဲ့ပေမဲ့ Polynesia ကျွန်းကို အလည်အပတ်ရောက်ရှိလာတဲ့အခါမှာတော့ ထိုကျွန်းသူတစ်ယောက်ဖြစ်တဲ့ လှပပြီး ရဲရင့်တဲ့ မိန်းမချောတစ်ယောက် ( ပုံရဲ့ ညာဘက်တွင်ပြထားသော မိန်းမပျို ) ရဲ့ ဇာတ်လမ်းကိုပဲ အခြေခံရိုက်ကူးဖို့ ဆုံးဖြတ်ပြီးတဲ့အခါမှ Moana ဆိုတဲ့ ဇာတ်ကောင်ဖြစ်တည်လာခဲ့တာဖြစ်ပါတယ်။

Rapunzel ဇာတ်လမ်းအစစ်အမှန်ထဲမှာ စုန်းမဟာ Rapunzel ကို အိမ်ပေါ်ကနှင်ချခဲ့ပြီး မင်းသားကိုလည်း မျက်လုံးကန်းအောင်လုပ်ခဲ့တာဖြစ်ပါတယ်

Rapunzel ဇာတ်လမ်းဟာ ကမ္ဘာကျော် ဂရင်းညီနောင်ပုံပြင်ထဲကနေ အခြေခံထားတာဖြစ်ပါတယ်။ အဆိုပါ မူရင်းဇာတ်လမ်းထဲမှာတော့ ရုပ်ရှင်ဇာတ်ကားနဲ့ မတူပဲ စုန်းမဟာ Rapunzel နဲ့ မင်းသားတို့ ခိုးတွေ့ နေတာကို မိသွားတဲ့အခါ Rapunzel ရဲ့ ဆံပင်ရှည်ကြီးကိုဖြတ်ပစ်ပြီး ပြတင်းပေါက်မှာ တွဲလောင်းချထားခဲ့တာဖြစ်ပါတယ်။ အဆိုပါဆံပင်ကို မင်းသားကခိုပြီးတက်လာတဲ့အခါမှာ စုန်းမနဲ့ ထိပ်တိုက်တွေ့ တာကြောင့် မင်းသားဟာ ပြတင်းပေါက်ကနေ အဆောတလျင်ခုန်ချလိုက်တဲ့အခါမှာတော့ ဆူးခြုံပေါ်ကျပြီး မျက်လုံးတွေကန်းသွားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ Rapunzel နဲ့ ပြန်လည်တွေ့ ဆုံပြီး Rapunzel က သူမရဲ့ မျက်ရည်တွေနဲ့ မင်းသားရဲ့ မျက်လုံးတွေကို ကုသပေးခဲ့တာဖြစ်ပါတယ်။

The Little Mermaid ဇာတ်လမ်းအစစ်အမှန်ထဲမှာ Ariel ဟာ ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်

The Little Mermaid ဇာတ်လမ်းဟာ Hans Christian Andersen ရဲ့ ဂန္တ၀င်ပုံပြင်တစ်ပုဒ်ထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတာဖြစ်ပါတယ်။ အဆိုပါမူရင်းဇာတ်လမ်းထဲမှာ Ariel ဟာ ရေနစ်နေတဲ့မင်းသားကိုကယ်ခဲ့ပြီး သူနဲ့ ချစ်မိသွားတဲ့အခါ လူတစ်ယောက်အသွင်ပြောင်းလဲဖို့ အတွက် သူမရဲ့ အသံချိုချိုလေးကို စွန့် လွှတ်ခဲ့ရပြီး အကျိုးဆက်ကတော့ သူမလမ်းလျှောက်တဲ့ အချိန်တိုင်းမှာ ပြင်းထန်စွာနာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။ နောက်ပိုင်း မင်းသားဟာ Ariel မဟုတ်တဲ့တစ်ခြားတစ်ယောက်ကို သူ့ ရဲ့ ကယ်တင်ရှင်ထင်ပြီး လက်ထပ်လိုက်တဲ့အခါမှာ Ariel တစ်ယောက် ရင်ကွဲနာကျပြီ သေဆုံးသွားကာ ပင်လယ်ရေထဲက ရေပူဖောင်းလေးတွေအဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။

Snow White ဇာတ်လမ်းအစစ်အမှန်ထဲမှာ Evil Queen ဟာ ကြောက်စရာကောင်းလွန်းတဲ့ပြစ်ဒဏ်ကို ခံစားခဲ့ရတာဖြစ်ပါတယ်

ဂရင်းညီနောင်ပုံပြင်တွေထဲက Snow White ဇာတ်လမ်းအစစ်အမှန်ထဲမှာတော့ Snow White နဲ့ Prince Charming တို့ ရဲ့ မင်္ဂလာပွဲကို Evil Queen ရောက်ရှိလာတဲ့အခါမှာ သံရည်ကျိုလောင်းထားတဲ့ မီးရဲရဲတောက် ဖိနပ်တစ်ရံကို စီးခဲ့ရပြီး သူမမသေမချင်းကခုန်ခဲ့ရတာဖြစ်ပါတယ်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။