ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ယူပြီး အဆင့်၎နေရာကို ယာယီတက်လှမ်းသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Posted on - Feb 9 []

Htoo Yan Ag

စာရေးသူ

ပရီးမီးယားလိဂ် ပွဲစဉ်၂၆အဖြစ် ယှဉ်ပြိုင်ကစားတဲ့ ဖူလ်ဟမ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ပွဲစဉ်မှာတော့ ဆိုးလ်ရှားရဲ့အသင်းဟာ ပေါ့ဘာ ၊ မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဖူလ်ဟမ်အသင်းကို (၀-၃) ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိပြီး အမှတ်ပေးဇယားရဲ့ အဆင့်၎နေရာကို ယာယီတက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ရက်ရှ်ဖို့ဒ် ၊ လင်ဂတ် ၊ အက်ရှ်လေယန်း တို့ကို ချန်လှပ်ကာ လူကာကူ ၊ မာရှယ်လ် ၊ ပေါ့ဘာ တို့နဲ့ ပွဲထွက်လာခဲ့ကာ ဖူလ်ဟမ်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းကလည်း မီထရိုဗစ် ၊ ရှာရယ်လ် ၊ ဘာဘယ်လ် စတဲ့ အဓိကကစားသမားအစုံအလင် ထုတ်သုံးခဲ့ပါတယ်။ ပွဲအစပိုင်းမှာတော့ ယူနိုက်တက်ဟာ ဖူလ်ဟမ်အသင်းကို ဘောလုံးပေးကိုင် ကစားစေပြီး တန်ပြန်တိုက်စစ်ကနေ ပြန်လည် ထိုးဖောက်ဖို့ပြင်ဆင်ခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ နည်းဗျူဟာကအလုပ်ဖြစ်ခဲ့ပြီး ပွဲအစ၁၄မိနစ်မှာပဲ ပေါ့ဘာရဲ့ တိကျသေသပ်တဲ့ ထောင့်ဖြတ်ကန်သွင်းမှုကနေ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဂိုးပေးလိုက်ရလို့ အနည်းငယ် ကစားပုံပျက်သွားခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ ဆယ်မိနစ်အတွင်းမှာပဲ နောက်ထပ်ဦးဆောင်ဂိုး ထပ်မံခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် မာရှယ်လ် တစ်ကိုယ်တော်ဆွဲပြေးပြီး အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပထမပိုင်းမှာပဲ ၂ဂိုးပြတ်အနိုင်ရနေခဲ့တဲ့ ယူနိုက်တက်တို့ ၆၅မိနစ် အရောက်မှာတော့ လူကာကူ နဲ့ မာတာတို့ရဲ့ တွဲလုံးကို ဖူလ်ဟမ်နောက်ခံလူတွေ တားဆီးပုံကြမ်းတမ်း ခဲ့တာကြောင့် ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ဒီပင်နယ်တီိကိုတော့ ဒီပွဲမှာ တောက်လျှောက်ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ယခုနိုင်ပွဲကြောင့် ဆိုးလ်ရှားလက်ထက် ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပြီး အဆင့်၎နေရာကို ယာယီတက်လှမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။