The Guest ဇာတ်လမ်းတွဲအပြီးမှာကြည့ှ်ရှုသင့်တဲ့ Kim Jae Wook ရဲ့အမိုက်စားဇာတ်ကားများ

Posted on - Feb 9 []

Theingi Kyaw

စာရေးသူ

လတ်တလောလူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဖာသာ၊ ဖာသာနဲ့ နာမည်ကျော်နေတဲ့ မင်းသားတစ်ယောက်ရှိပါတယ်။ သူကတော့ မင်းသားချော Kim Jae-Wook ပါပဲ။ သူဟာ ၂၀၀၇ခုနှစ်ကတည်းက coffee prince ဇာတ်လမ်းတွဲနဲ့အနုပညာလောကထဲကို ၀င်ရောက်လာသူပါ။ ကြိုကြား၊ ကြိုကြားဇာတ်လမ်းတွဲတွေရိုက်ခဲ့ ပြီး ၂၀၁၇ခုနှစ်မှ စတင်ကာ ရုပ်ရှင်ကားအရိုက် စိတ်လာခဲ့ပြီး နာမည်လည်းရလာခဲ့ပါတယ်။ နာမည်ကျော်မင်းသားမဖြစ်ခင်ကတည်းက စစ်မှုထမ်းပြီးသားဖြစ်တဲ့အတွက် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေဆက်တိုက်ရိုက်ကူးလာခဲ့ပါတော့တယ်။ ထိပ်တန်းမင်းသားဖြစ်ဖို့ရှေ့ပြေးနေတဲ့ Kim Jae Wook ရဲ့ထွက်ရှိပြီးသား နာမည်ကျော်ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးသွားမှာဖြစ်လို့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

Antique Bakery

Antique Bakery ဇာတ်ကားကတော့ Kim Jae-Wook ရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ အဆိုပါဇာတ်ကားထဲမှာ လက်ရှိနာမည်ကြီးမင်းသားကြီးဖြစ်တဲ့ Ju Ji Hoon, Kim Jae-wook နဲ့ Yoo Ah-in တို့က အဓိက မင်းသားတွေအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားတွေချည်းပဲဖြစ်တဲ့အတွက် BL လို့ခေါ်တဲ့ အမျိုးသားအချင်းချင်းချစ်ကြိုက်တဲ့ဇာတ်ကားပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ Jin-hyuk ဆိုတဲ့အမျိုးသားဟာ မိသားစုနောက်ခံကောင်းသူဖြစ်လို့ ငွေကြေး၊ ရုပ်ရည် အပြစ်တစ်စုံတစ်ရာပြောစရာမရှိသူပါ။ ဒါပေမယ့်လည်း သူ့ဘ၀အတွက် အချစ်ကိုတော့ ရှာဖွေဖိုရာခက်ခဲတာကြောင့် အမျိုးသမီးတွေလာနိုင်ချေများတဲ့ ကိတ်ဆိုင်ဖွင့်ခဲ့ပါတယ်။ အဆိုပါ ဆိုင်မှာ Jin-hyuk ဟာ ကိတ်ဖုတ်သမားဖြစ်သူ Sun-woo ကို ငှားရမ်းခဲ့ပြီး Sun-wooကတော့ Jin Hyuk ကို အထက်တန်းကျောင်းသားဘ၀ကတည်းက ကြိတ်ချစ်နေသူပါ။

ဒီလိုနဲ့ လက်ဝှေ့ထိုးချန်ပီယံဟောင်းတစ်ယောက်ရယ် နမော်နမဲ့နိုင်တဲ့ သက်တော်စောင့်ရယ်၊ ကိတ်ဆိုင်ပိုင်ရှင်နဲ့ ကိတ်ဖုတ်သမားတို့ စုပေါင်းမိသွားကြပါတော့တယ်။ သူတို့၎ယောက်ဟာ ဘာကိုမှဂရုမထားဘဲ ပျော်ပျော်နေတတ်ပုံပေါက်ပေမယ့် အားလုံးမှာ အတိတ်က လျှို့ဝှက်ချက်ကိုယ်စီနဲ့ပါ။ အဆိုပါ လျှို့ဝှက်ချက်တွေထွက်ပေါ်လာချိန်မှာတော့.....။

အဆိုပါ ဇာတ်ကားထဲမှာ Kim Jae Wook ဟာ gay character ကိုယူထားခဲ့ပါတယ်။ တက်သစ်စမင်းသားတစ်ယောက်အနေနဲ့ ဇာတ်ကောင်မရွေးဘဲကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာတော့ ချီးကျုးစရာပါပဲ။

Antique Bakery Kissing & Hot Scenes

Joo Ji Hoon & Kim Jae Wok - Antique - Boys Love - MV

Voice

Voice ဇာတ်လမ်းတွဲကတော့ အကြမ်းစားအက်ရှင်ကားတွေကိုရိုက်ကူးလေ့ရှိတဲ့ OCN ရုပ်သံလိုင်းမှရိုက်ကူးထားတာဖြစ်ပါတယ်။ စုံထောက်နဲ့ အသံတွေကိုနားထောင်ပြီး ကိုယ်ရေးအချက်အလက်တွေရှာနိုင်တဲ့ ပါရမီရှင်အမျိုးသမီးတို့ပူးပေါင်းပြီး အမှုတွေကို ပူးပေါင်းဖော်ထုတ်ကြမှာပါ။

အဆိုပါဇာတ်လမ်းတွဲထဲမှာ Kim Jae Wook ဗီလိန်လူသတ်သမား Mo Tae-gu အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဆိုပါဇာတ်ကောင်ကို သူကိုယ်တိုင်တောင် မသနားဘူးလို့ပြောရလောက်တဲ့အထိကို ကြမ်းပါတယ်။

ခန့်ညားလွန်းပြီးသရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ဦးမှဦးဖြစ်နေသူတွေ မဖြစ်မနေကြည့်ရှုသင့်တဲ့ဇာတ်ကားပါပဲ။

Kim Jae Wook and Lee Ha Na (Voice) MO TAE GU & Kang Kwon-joo

Temperature of Love

အွန်လိုင်းပေါ်မှာတွေ့ပြီး အပြင်မှာချစ်မိသွားကြတဲ့သူ၂ယောက်အကြောင်းရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရည်မှန်းချက်တွေကြောင့် တစ်နေရာစီဝေးကွာသွားခဲ့ကြတဲ့အကြောင်းပုံဖော်ရိုက်ကူးထားခဲ့ပါတယ်။ Kim Jae Wook ကိုတော့ အဆိုပါ ဇာတ်လမ်းတွဲထဲမှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရဲ့ CEO အနေနဲ့ ရိုက်ကူးပြသထားပါတယ်။

The Guest

အဆိုပါ သည်းထိတ်ရင်ဖိုသရဲကားကတော့ ထွေထွေထူးထူးညွှန်းစရာတောင်မလိုတော့ပါဘူးနော်။ အပနှင်ကြတဲ့ သူတစ်ချို့အကြောင်းကို ကွင်းဆက်မိမိရိုက်ကူးပြသထားတာဖြစ်ပြီး Jae-Wook ကလည်း အပနှင်တဲ့ဖာသာအနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

မြန်မာပရိတ်သတ်တွေအရမ်းသဘောကျ ကြတဲ့ ဖာသာ

သင်ကော Kim Jae Wook ရဲ့ဘယ်ဇာတ်ကားတွေကို သဘောကျလဲပြောသွားကြပါအုံး။

GI GI(momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။