Justin Bieber ပြောခဲ့တဲ့ စိတ်ဓာတ်ခွန်အားပေးစကားစုများ

Posted on - Feb 9 []

Theingi Kyaw

စာရေးသူ

ကနေဒီယန်လူမျိုး အဆိုတော်၊ တေးရေးဆရာ Justin Bieber ကို လူအများသိကြမယ်လို့ထင်ပါတယ်။ သူ့ရဲ့ပထမဆုံးသော အယ်လ်ဘမ်ဖြစ်တဲ့ My World2.0 ဟာ ၂၀၀၉ခုနှစ်မှာ စတင်ခဲ့ပြီး နိုင်ငံတော်တော်များများမှာလည်း နံပတ်(၁)ချိတ်ခဲ့ပြီး အစကတည်းက ခေသူမဟုတ်မှန်းပြသခဲ့ပါတယ်။ လက်ရှိအချိန်မှာ ခန့်မှန်းခြေ ၁၄၀မီလီယံ record ပေါင်းရောင်းချထားရပြီးရောင်းအားအကောင်းဆုံး အဆိုတော်တွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာဆိုရင် Bieber ရဲ့ ဘ၀ကိုလက်ခံထားတဲ့ အခြေအနေတွေကို ပြသနေတဲ့ သူ့ရဲ့နှုတ်ထွက်စကားလုံးတွေက သင့်ရဲ့နေ့တစ်နေ့တာကို အကူအညီရအောင်ဖော်ပြပေးလိုက်ပါတယ်။ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

"ကျွန်တော့် ကမ္ဘာ့ငယ်ကိုပျော်ရွှင်စေချင်ပါတယ်။"
"လူ၂ယောက်က တူညီတဲ့ ပစ္စည်းတစ်ခုကို ကြည့်ကြတာဖြစ်ပြီး မတူညီတဲ့အမြင်တွေရှိနိုင်တယ်။"

မုန်းတဲ့သူတွေကတော့ သူတို့ လိုချင်တာကိုပြောကြလိမ့်မယ်။ ဒါပေမယ့်လို့ သူတို့ရဲ့အမုန်းတရားတွေကတော့ သင့်အိမ်မက်တွေကို အမှီလိုက်နေတာကိုတော့ ဘယ်တော့မှ ရပ်တန့်နိုင်မှာမဟုတ်ပါဘူး။

"မင်း လိုချင်တာကိုတော့ ဘယ်တော့မှမရနိုင်ဘူး။ ဒါပေမယ့်လို့ ကံကောင်းမယ်ဆိုရင်တော့ မင်းလိုအပ်တာကို ရလာပါလိမ့်မယ်။"
"စီးပွားရေးလောကထဲမှာ လူငယ်တွေကြီးပြင်းလာကြမယ်။ ပြီးတော့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေ လုပ်မိမယ်။ ပြီးတော့ စံပြဖြစ်လောက်အောင်ကောင်းမွန်မှာလည်းမဟုတ်ဘူး။ တစ်စုံတစ်ဦးက စောင့်ကြည့်ရတဲ့သူဖြစ်ဖို့ရာအတွက် ကျွန်တော့်အတွက်က အရေးကြီးပါတယ်။"

"ခက်ခဲကြမ်းတမ်းတဲ့နေ့တစ်နေ့ကို ကျော်ဖြတ်နေရတဲ့အချိန်မှာ အကောင်းဆုံး ပြောင်းလဲမှုတစ်ခုဖြစ်အောင်လုပ်ပေးနိုင်တာ သူငယ်ချင်းတွေပဲ။"
"မင်းဟာ တစ်စုံတစ်ယောက်ဖြစ်ဖို့ရာအတွက် မွေးဖွားလာတာဖြစ်တယ်။ တိကု ဖြစ်ကောင်းဖြစ်မယ်၊ သူရဲကောင်းဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် စောင့်ရှောက်သူတစ်ယောက်ပေါ့။"

"မင်းရဲ့ စိတ်က လုပ်ဖို့ပြောနေတဲ့အရာတွေကို လုပ်နေတာနဲ့ပတ်သတ်ပြီး ဘယ်တော့မှ ကြောက်စရာမလိုဘူး။ ဒီအတိုင်း နှလုံးသားရဲ့ စကားသံကိုနားထောင်နေယုံပဲ။"
"ကျွန်တော်က ဆင်းရဲတဲ့ရေချိန်မှတ်ထက် ပိုအောက်ကျတဲ့ဆင်းရဲမှုမျိုးနဲ့မွေးဖွားလာတာ။ သာမန်လူတစ်ယောက်ရှိသလောကတောင် ကျွန်တော့်ဆီမှာမရှိခဲ့ဘူး။ ဒါကပဲ ကျွန်တော့်ကို ပိုပြီး ကြံ့ခိုင်သန်မာလာစေပြီး ကျွန်တော့် ဇာတ်ကောင်ကို တည်ဆောက်စေခဲ့တယ်။"

အရာ အားလုံးက အရာ တစ်ခုခုကနေ စတင်တာပဲ။ (Everything starts from Something)

"အိမ်မက် ကြီးကြီးမမက်ရင် အိမ်မက်မက်ခြင်းဟာ တကယ်အသုံးမ၀င်ဘူး။ သစ္စာတရားတစ်ခုဆိုတာ မရှိခဲ့ရင် ယုံကြည်ခြင်းဆိုတာလည်း အလကားပဲ။"
"ကျွန်တော့်အတွက် တစ်စုံတစ်ခုလုပ်ပေးဖို့ ပရိတ်သတ်တွေကအချိန်တွေအများကြီးဖြုန်းတာ အရမ်း မိုက်တာပဲ။ ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ်ရှိတယ်။"

ကျွန်တော် အမှားတွေလုပ်ရင်း ကြီးပြင်းလာခဲ့တယ်။ ကျွန်တော်က ပြီးပြည့်စုံတဲ့သူမဟုတ်ဘူး။ ကျွန်တော်က စက်ရုပ်တစ်ရုပ်မဟုတ်ဘူး။

"မင်းရဲ့အိမ်မက်တွေ ဖြစ်လာမှာမဟုတ်ဘူး လို့ လူတွေက ပြောကြလိမ့်မယ်။"
"မင်းဘ၀ရဲ့ အမှတ်တစ်နေရာကိုရောက်လာတဲ့အချိန်မှာ မင်း ကျရှုံးတာကိုပျော်ပျော်ကြီးစောင့်ကြည့်နေမယ့် လူတွေရှိတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ ကမ္ဘာ့ဆွဲငင်အားကြောင့် ကျဆင်းသွားမယ့်အစား မင်းကိုယ်မင်း တာဝန်ယူပြီး ပျံသန်းပါ။"

ဘ၀က မင်းကို ဒူးထောက်စေခဲ့မယ်ဆိုရင် ဒါဟာ ဆုတောင်းဖို့ရာအကောင်းဆုံး ပုံစံပဲ။

"အကောင်းမြင်တတ်တဲ့နေရာမှာနေနိုင်ဖို့ရာ ရွေးချယ်ပါ။"
"ကျွန်တော် အခုလိုဖြစ်လာတဲ့ အမျိုးသားတစ်ယောက်ရဲ့ပုံစံနဲ့ပတ်သတ်လို့ ပျော်ရွှင်ရပါတယ်။"

မိန်းကလေးတစ်ယောက်မှာ အပြုံးချိုချိုရှိရမယ်၊ မျက်လုံးလှလှရှိရမယ် ဒီလိုပဲ သူမမှာလည်း နှိမ့်ချတတ်တဲ့ စိတ်ဓာတ်ရှိသင့်တယ်။ ရိုးသားသင့်တယ်၊ ချစ်ဖို့ကောင်းပြီး ယုံကြည်စိတ်ချစရာကောင်းသင့်တယ်။

"မင်းကိုယ်မင်း ကျရှုံးဖို့ ခွင့်မပြုသ၍တော့ ပျံသန်းနိုင်မှာမဟုတ်ဘူး။"
"မင်းတို့ကို ငါပြောပြမယ်..။ ငါတို့ဟာ နေ့ရက်တိုင်းမှာ နောက်ထပ်ကောင်းချီးတစ်ခုနဲ့ နိုးထခဲ့တြတယ်။"
"ငါ့ဆီလာခဲ့တဲ့ ငါ့ရဲ့အောင်မြင်မှုတွေဟာ ဘုရားသခင်ဆီကပဲ မြစ်ဖျားခံတာဖြစ်တယ်။"

"မင်းကို ရပ်တန့်နိုင်တာ မင်းတစ်ယောက်ပဲရှိတယ်။"

Justin Bieber ပြောပြခဲ့တဲ့ စကားလုံးများစွာထဲကမှ ကောင်းနိုးရာရာကိုရွေးချယ်တင်ပြထားခြင်းဖြစ်ပါတယ်။ Justin ဟာ တကယ့်အနုပညာရှင်သမားစစ်စစ်တစ်ယောက်ဆိုတာကတော့ ငြင်းလို့မရတဲ့အချက်ပါပဲနော်။ ပရီတ်သတ်ကြီးထဲမှာကော Justin ရဲ့ပရိတ်သတ်တွေရှိကြရင် မျှဝေပေးသွားကြပါအုံးနော်။

GI GI(momolay)
Source : awakenthegreatnesswithin

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။