ပရိသတ်တွေမြင်ဖူးထားသင့်တဲ့ ကမ္ဘာကျော်ရုပ်ရှင်တွေနောက်ကွယ်က ရိုက်ကွင်းပုံရိပ်များ

Posted on - Feb 10 []

Douglas Thura

စာရေးသူ

Hollywood ရုပ်ရှင်ဇာတ်ကားတော်တော်များများဟာ Visual Effect ခပ်လန်းလန်းတွေ၊ Action Scene ခပ်မိုက်မိုက်တွေရိုက်ကူးလေ့ရှိတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ကြည့်လို့ တော်တော်လေးအဆင်ပြေပေမဲ့ အခုလို ရိုက်ချက်ခပ်မိုက်မိုက်တွေထွက်လာဖို့ အတွက် တစ်ကယ့်ရုပ်ရှင်ရိုက်ကွင်းမှာတော့ ခက်ခက်ခဲခဲပြင်ဆင်ပြီး ရိုက်ကူးကြရတာဖြစ်ပါတယ်။ ကမ္ဘာ့ အဆင့်မီဇာတ်ကားတစ်ကားဖြစ်လာဖို့ ခက်ခက်ခဲခဲရိုက်ကူးနေရတဲ့ကြားက ရိုက်ကွင်းနားချိန်တွေမှာ ရိုက်ကူးထားတဲ့ ကမ္ဘာကျော်သရုပ်ဆောင်တို့ ရဲ့ ရုပ်ရှင်ရိုက်ကွင်းပုံရိပ်တွေဟာ ပျော်ရွှင်ကြည်နူးစရာ ကောင်းလွန်းတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ကွီး Thor နဲ့ Hulk တို့ အားချင်းပြိုင်နေတဲ့ ဇာတ်ဝင်ခန်းရိုက်ကွင်း (အပြင်ကအတိုင်းဆို Chris က အပြတ်အသတ်နိုင်တာပေါ့)

The Hobbit ထဲမှာ နဂါးကြီးအဖြစ်သရုပ်ဆောင်နေတဲ့ မင်းသားကြီး Benedict Cumberbatch (မျက်နှာပေးကအစ အသက်ပါပဲ ဘန်းနဒစ်ရယ်)

ရိုက်ကွင်းနားချိန်မှာ တွေ့ ရတဲ့ Alien ကြီး (ဇာတ်ကားထဲမှာ တွေ့ ရသလို ကြောက်ဖို့ ကောင်းသေးရဲ့ လား)

X-Men: Days of Future Past ဇာတ်ကားထဲမှာ စလာတည်းက အသားကုန်ကြမ်းနေတဲ့ Storm (ရိုက်ကွင်းမှာတော့ ဇာတ်ကားထဲပုံစံနဲ့ လုံးဝတစ်ခြားစီပဲနော်)

Harry Potter And The Deathly Hallows ဇာတ်ကားရိုက်ကွင်းမှာ စကားလက်ဆုံကျနေတဲ့ ဒမ်ဘဲလ်ဒေါနဲ့ ဗိုလ်ဒါမော့တ်

ရိုက်ကွင်းနားချိန်မှာ Mac Book လေးနဲ့ အပန်းဖြေနေတဲ့ မှော်ဆရာကြီး Gandalf (Ian McKellen)

Django Unchained ရုပ်ရှင်ရိုက်ကွင်းမှာတွေ့ ရတဲ့ မင်းသားကြီးလီယိုနာဒို

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။