မဖြစ်မနေကြည့်သင့်တဲ့ Kyung Soo ရဲ့ ထိပ်တန်းဇာတ်ကား (၉)ကား

Posted on - Feb 10 []

Theingi Kyaw

စာရေးသူ

Kyungsoo လို့ အများသိကြတဲ့ မင်းသားဟာ တောင်ကိုရီးယားရဲ့ထိပ်တန်းအဆိုတော်အဖွဲ့ EXO ရဲ့ အသံရှင်လည်းဖြစ်ပါတယ်။ သူဟာ သီချင်းဆိုလည်း သိပ်ကောင်းသလို သရုပ်ဆောင်တဲ့နေရာမှာလည်း အင်မတန်မှထူးချွန်တဲ့အတွက် ထိပ်တန်းမင်းသားဖြစ်ဖို့အလားအလာရှိပြီး လူအများရဲ့စောင့်ကြည့်ခံထားရတဲ့ မင်းသားအဖြစ် စာရင်းတင်သွင်းခြင်းခံထားရပါတယ်။ ဒီလိုမျိုးနေရာရလာဖို့ကလည်း လွယ်ကူတဲ့အရာမဟုတ်လှပါဘူး။ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့ သူ့ဟာ နောက်ပိုင်းမှာတော့ တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတွေလို လုပ်ကွက်ရလာခဲ့ပါတယ်။ ဒီလိုနေရာ တစ်နေရာကိုရလာဖို့အတွက် ဘယ်လိုနေရာတွေမှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့သလဲဆိုတာကို မိုမိုလေးမှတင်ပြပေးသွားမှာဖြစ်လို့ လိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

Pure Love

music radio show ရဲ့ Live တစ်ခုကို လွန်ခဲ့တဲ့ ၂၃နှစ်က စာတစ်စောင်ရောက်လာခဲ့ပုံနဲ့ စတင်ခဲ့ပါတယ်။ အဆိုပါ စာမှတစ်ဆင့် သူငယ်ချင်း ၅ယောက်ရဲ့ ချစ်ခြင်းတွေနဲ့ တစ်ချို့သောသူတွေရဲ့ အချစ်ဦးပုံပြင်တွေကို ပြောပြပေးသွားပုံလေးကို ရိုက်ကူးထားပါတယ်။

အဆိုပါဇာတ်ကားကို Kyungsoo နဲ့ မင်းသမီး Kim So Hyun တို့က အဓိကထားပြီးသရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ သူတို့၂ယောက်မှာ မင်းသမီးငယ်က ခြေမသန်တဲ့သူတစ်ယောက်ဖြစ်ပြီး D.O. က Sohyun ကို အမြဲလိုလိုကုန်းပိုးပြီးလိုရာပို့လေ့ရှိပါတယ်။ ဒီလိုနဲ့ ကောင်လေးဘက်က ကောင်မလေးအပေါ်ထားရှိတဲ့အချစ်စိတ်တွေတိုးပွားလာခဲ့ပြီး အဆုံးသတ်မှာ သူတို့ ၂ယောက် ပေါင်းစပ်နိုင်၊ မပေါင်းစပ်နိုင်ဆိုတာကိုတော့.....

ဇာတ်ကားက ရိုးရှင်းပေမယ့် Kyungsoo ကတော့ ရွာသားတစ်ယောက်နဲ့ တူအောင် အသံတွေကော၊ အသားအရေတွေပါ ပြောင်းလဲပြင်ဆင်ပြီးသရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားနဲ့ပဲ သူဟာ 52nd Baeksang Arts Awards မှာ Most Popular Actor (Film) ဆုကို ရရှိခဲ့ပါတယ်။

My Annoying Brother

Doo-young ဟာ ကိုရီးယားကိုယ်စားပြု ဂျုဒိုကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ မတော်တဆမှုကြောင့် မျက်လုံးကွယ်သွားရရှာပါတယ်။ အကိုကြီးဖြစ်သူ Doo-shik ကတော့ ဆိုးသွမ်းလို့ထောင်ထဲရောက်နေသူဖြစ်ပြီး ညီဖြစ်သူမျက်လုံးကွယ်တာကို အကြောင်းပြုလို့ ထောင်ထဲကနေထွက်လာခဲ့ပါတယ်။ မျက်လုံးကွယ်နေပေမယ့်လည်း တစ်ကိုယ်တောင်ဝမ်းရေးကိုရုန်းကန်နေရသူဖြစ်တဲ့အလျောက် အကိုဖြစ်သူကပါ အိမ်ရောက်လာချိန်မှာတော့ သူ့အနေနဲ့ စိတ်ဖိစီးခဲ့ရပါတော့တယ်။

အစပိုင်းက တွန့်ဆုတ်နေသော်လည်းနောက်ပိုင်မှာတော့ အကိုဖြစ်သူနဲ့ အဆင်ပြေလာခဲ့ပြီး အကိုဖြစ်သူက မျက်စိကန်းနေတဲ့ ညီငယ်အတွက် လိုအပ်တာတွေ ကူညီလုပ်ကိုင်ပေးခဲ့ပါတော့တယ်။ ညီအစ်ကို၂ယောက် ချစ်ချစ်ခင်ခင်နဲ့ အတူနေဖို့အချိန်ရောက်ခါမှ အကိုဖြစ်သူမှာ ကင်ဆာနောက်ဆုံးအဆင့်မှန်းသိလိုက်ရပါတော့တယ်။ ညီဖြစ်သူကို နှုတ်ဆက်ဖို့ရာအချိန်အနည်းငယ်သူကျန်ရှိတော့ပြီး ညီငယ်ရဲ့ အနာဝတ်လုံခြုံရေးအတွက် Rio Paralympics မှာ အနိုင်ရအောင် အားသွန်ခွန်စိုက်ကြိုးပမ်းပေးခဲ့ပါတော့တယ်။

အကန်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ D.O.ရဲ့သရုပ်ဆောင်ချက်တွေကတော့အံ့မခန်းပါပဲ။ သူဟာ အဆိုပါဇာတ်ကားနဲ့လည်းဆုပေါင်းမြောက်များစွာရရှိခဲ့ပြီး တောင်ကိုရီးယားရဲ့ အကယ်ဒမီလို့ခေါ်ဆိုရမယ့် 38th Blue Dragon Film Awards မှာ Best New Actor အနေနဲ့ ဆုရရှိခဲ့ပါတယ်။

My Annoying Brother ဇာတ်​ကားထဲမှ D.O. ရဲ့သရုပ်ဆောင်ချက်တစ်ချို့

Room No.7

ဇာတ်လမ်းကိုအစမှာတော့ သူဋ္ဌေးဖြစ်သူဟာ စီးပွားရေးအဆင်မပြေလို့ အခွေရောင်းတဲ့ဆိုင်ခန်းကိုရောင်းထုတ်ချင်နေပါတယ်။ ဒါပေမယ့်လည်း သူ့ဆိုင်မှာမတော်တဆ လူသေမှုဖြစ်သွားတဲ့အခါမှာ ရောင်းမထွက်မှာကြောက်လို့ ဖုံးဖိဖို့ကြိုးစားရင်း အလောင်းကိုအခန်းနံပါတ်၇မှာဖွက်ထားခဲ့ပါတယ်။ D.O.ကလဲအခန်းနံပါတ်၇မှာ သူဋ္ဌေး မသိအောင်တရားမဝင်ပစ္စည်း ၁ခုကိုဖွက်ထားပါတယ်။Room 7အခန်းထဲမှာဘာတွေဆက်ဖြစ်ပြီးရဲတွေလက်ကဘယ်လိုလွတ်အောင်ကြိုးစားကြမလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်​နဲ့ဟာသနှောပြီးကြည့်ရမဲ့ကားလေးဖြစ်ပါတယ်။

အဆိုပါဇာတ်ကားထဲမှာတော့ D.O. ဟာအေးတိအေးစက်နဲ့ မထုံတက်တေး အချိန်ပိုင်းအလုပ်သမားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

It's Okay, That's Love

အဆိုပါဇာတ်လမ်းတွဲကတော့ ဆိုးရွားနေတဲ့ စိတ်ရောဂါဝေဒနာကို ဖုံးဖုံးဖိဖိ ထားတဲ့ မင်းသားဖြစ်သူ နဲ့ အလုပ်သင် စိတ်ရောဂါဆရာဝန်တို့ကြားက အချစ်ရေးကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။

မင်းသားဖြစ်သူဟာ စိတ်ရောဂါရှိသူဖြစ်ပြီး Kyungsoo ကတော့ မင်းသားရဲ့စိတ်ကူးထဲက (အပြင်မှာတကယ်မရှိတဲ့ကောင်လေး) အနေနဲ့ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲထဲမှာ Do Kyungsoo ရဲ့ အမေးဇင်းဖြစ်သွားလောက်တဲ့အထိကို သရုပ်ဆောင်ထူးချွန်လှပါတယ်။

Along with the Gods

Along with the Gods: The Two Worlds မှာတော့ သူတော်ကောင်း မီးသတ်သမား (သူတို့အခေါ်အရ ပြီးပြည့်စုံတဲ့ဝိဥာဉ် ) တစ်ယောက်ဟာတခြားလူတွေရဲ့ အသက်ကယ်တင်ရင်း ကိုယ်ကိုယ်တိုင်တောင် သေလို့သေမှန်းမသိဘဲ သေဆုံးသွားခဲ့တာနဲ့ ဇာတ်လမ်းစခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ ပြီးပြည့်စုံတဲ့ဝိဥာဏ်ဖြစ်နေတာကြောင့် သေမင်းသုံးယောက်ကပေါ်လာခဲ့ပြီး သူ့ကို လူပြန်ဝင်စားနိုင်ဖို့အတွက်ပြစ်ချက်ကင်းအောင်စောင့်ရှောက်ပြီး အမှုမှန်ပေါ်အောင်စုံစမ်းကာကွယ်ဖို့ ပြင်ဆင်လာပါတော့တယ်။ ဖြစ်ချင်တော့ မီးသတ်သမားအတွက် ကူညီပေးရင်း မီးသတ်သမားညီကပါသေဆုံးပီး ကလဲ့စားချေချင်တဲ့ဝိဥာဉ်ဖြစ်လာတာကြောင့် ထင်သလောက်မလွယ်ကူဘဲ အရှုပ်အထွေးတွေရှိလာပြီး ညီဖြစ်သူကိုပါကူညီခဲ့ရတယ် ။ နောက်ဆုံးတော့ သေမင်းတွေရဲ့ကျေးဇူးကူညီမှုတွေကြောင့် အကိုကြီးက လူပြန်ဝင်စားခွင့်ရခဲ့ပီး ညီကလည်းပြီးပြည့်စုံတဲ့ဝိဥာဉ်အနေနဲ့ သေမင်းသုံးယောက်က ဆက်လက်ကာကွယ်ပေးရင်း လူပြန်ဝင်စားနိုင်အောင်လုပ်ပေးဖို့ရာ တာဝန်ကျလာပါတော့တယ်။

Along with the Gods: The Last 49 Days မှာတော့ အဆက်အနေနဲ ညီဖြစ်သူရဲ့ အမှုမှန်ပေါ်ပေါက်လာပြီး လူဝင်စားနိုင်အောင်ကာကွယ်စောင့်ရှောက်ကြရင်း သေမင်းတွေရဲ့ပျောက်ဆုံးနေတဲ့မေ့နေတဲ့ဘဝအကြောင်းအရာတွေသိလာကြဖို့ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။

အဆိုပါ season 1 နဲ့ 2 မှာ Kyungoo ဟာ သီချင်းဆိုရတာကြိုက်ပြီး ခပ်ကြောက်ကြောက် စစ်သားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁ခန်း၂ခန်းသာ ပါဝင်တာဖြစ်ပြီး season 3 မှသာ Kyunsoo ကို အပြည့်အစုံမြင်နိုင်မှာဖြစ်ပါတယ်။

EXO Next Door

EXO Next Door ကတော့ EXO အဖွဲ့သားတွေအားလုံးပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Chanyeol Kyungsoo နဲ့ ကောင်မလေးတို့ကြားက ၃ပွင့်ဆိုင်အချစ်ကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ အဆိုပါဇာတ်ကားထဲမှာ မြင်တွေ့ခဲ့တဲ့ Kyungsoo ကတော့ လုံးဝကို စိတ်ကူးထဲက ကောင်လေးပုံစံပါပဲ။

100 Days My Prince

Kyungsoo ဟာ နန်းတွင်းထဲက အိမ်ရှေ့စံတစ်ပါးဖြစ်ပါတယ်။ ဘယ်သူနဲ့မှမတည့်ဘဲ ဇီဇာကြောင်သူဟာ တစ်ရက်မှာတော့ နန်တွင်းလုပ်ကြံမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတော့တယ်။ သူဟာ အဆိုပါလုပ်ကြံမှုကြီးက လွတ်မြောက်ခဲ့ပေမယ့်လည်း ရက်၁၀၀လောက်သတိမေ့သွားပါတော့တယ်။

အဲဒီနောက်မှာတော့ အိမ်ရှေ့စံ Lee Yool ဟာ Wondeuk ဆိုတဲ့ လူအနေနဲ့ ကျေးရွာတစ်ခုကို ရောက်သွားခဲ့ပြီး အဲဒီရွာမှာနေ ထိုင်တဲ့ အပျိုကြီးမမ Hong shim နဲ့ တွေ့ဆုံခဲ့ပါတယ်။ အိမ်ရှေ့စံမင်းသား Lee Yool ထုတ်ထားတဲ့ ဥပဒေအရ အိမ်ထောင်မပြုမနေရ အခြေအနေဖြစ်နေတဲ့ Hong Shim ဟာ ကံကြမ္မာဖန်လာလို့ ဆုံတွေ့ခဲ့ရတဲ့ Wondeuk နဲ့ လက်ထပ်ရဖို့ ဖြစ်လာပါတော့တယ်။ အိမ်ရှေ့စံမင်းသားဘဝတုန်းက စေ့စပ်သေချာသလောက် အတိတ်မေ့ သာမန်အရပ်သားဘ၀မှာတော့ အလွဲလွဲအချော်ချော်ဖြစ်နေတဲ့ Lee Yool တဖြစ်လဲ Wondeuk နဲ့ အိမ်ထောင်မပြုရင် ဥပဒေငြိစွန်းတော့မယ့် အပျိုကြီးမမ Hong Shim တို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဂျိုဆွန်းခေတ်မှာ ဖြစ်ပေါ်ခဲ့ပါတော့တယ်။

Swing Kids

အဆိုပါ ဇာတ်ကားဟာ မြောက်ကိုရီးယားစစ်သားဖြစ်တဲ့ Ro Kisoo အကြောင်းကို ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ Kisoo ဟာ စစ်မက်ဖြစ်ပွားပြီး ရှုပ်ထွေးတဲ့ နေရာဒေသကို ရောက်ရှိနေသည့်တိုင်အောင် Tap Dance က ရတာကို ကြိုက်နှစ်သက်သူတစ်ဦးပါ။ အဆိုပါဇာတ်ကားဟာ လူကြိုက်များတဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်တဲ့ Ro Kisoo ကို အခြေခံပြီးရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါဇာတ်လမ်းတွဲထဲမှာ ဆံပင်တွေ ရိတ်ခဲ့ရတာ၊ ကိုယ်အလေးချိန်လျှော့ချခဲ့ရတာတင်မကပါဘူး မြောက်ကိုရီးယားစစ်သားအကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက် D.O. အနေနဲ့လည် မြောက်ကိုရီးယားတွေ စကားပြောတဲ့ လေယူလေသိမ်းကိုလည်း လေ့လာခဲ့ရပါသေးတယ်။

သင်ကော Kyungsoo ရဲ့ ဘယ်ဇာတ်ကားကိုအကြိုက်ဆုံးလဲ။

GI GI(momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။