ယုတ္တိမရှိလွန်းတဲ့ နာမည်ကြီးကာတွန်းကားတွေထဲက အယူအဆများ

Posted on - Feb 10 []

Douglas Thura

စာရေးသူ

နိုင်ငံတကာက ကာတွန်းရုပ်ရှင်တိုင်းလိုလိုမှာ ကန့် သတ်ထားတဲ့ ဇာတ်ဝင်ခန်းတွေမပါဝင်ပါဘူး၊ ဆိုလိုချင်တာက ကာတွန်းရုပ်ရှင်တွေဟာ ကလေး၊လူကြီးမရွေးအားပေးတဲ့ Family Movie တွေဖြစ်တာကြောင့် ပျော်ရွှင်စရာတွေများစွာနဲ့ ပဲ ပေါ့ပေါ့ပါးပါးဖန်တီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကာတွန်းရုပ်ရှင်တွေဟာ Happy Ending တွေနဲ့ ပဲ အဆုံးသတ်လေ့ရှိတာကြောင့်လည်း ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တော်တော်များများကြားမှာ အထူးရေပန်းစားတာလည်း ဖြစ်ပါတယ်။ ကာတွန်းရုပ်ရှင်တွေတိုင်းလိုလိုဟာ ပရိသတ်တွေအားပေးကြမ်းတာကြောင့် ၀က်ဝက်ကွဲအောင်မြင်လေ့ရှိတယ်ဆိုပေမဲ့လည်း သေချာဆန်းစစ်ကြည့်ရင်တော့ အဓိပ္ပါယ်မရှိတဲ့အယူအဆလေးတွေတစ်ချို့ နဲ့ ရိုက်ကူးတင်ဆက်ထားတာကို တွေ့ ရတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဖော်ပြတင်ဆက်ပေးလိုက်ပါတယ်။

မျက်နှာဖုံးသေးသေးလေးတပ်ပြီး အ၀တ်အစားလဲဝတ်လိုက်တာနဲ့ ဘယ်သူမှမမှတ်မိနိုင်တော့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ...

တစ်တိုင်းပြည်လုံးမှာ စင်ဒရဲလားရဲ့ ဖိနပ် Size နဲ့ ကိုက်ညီတဲ့သူလုံးဝမရှိတာ တော်တော်လေး အံ့သြဖို့ ကောင်းပါတယ်

ပိုပြီးထူးဆန်းတာက မင်းသားဟာ မြင်မြင်ချင်းချစ်မိသွားတဲ့ မိန်းကလေးရဲ့ မျက်နှာကိုတောင် မမှတ်မိတာပါပဲ

ငှက်တောင်ပံကို လက်ထိတ်ခတ်ထားတာလည်း ဘယ်လိုမှ ယုတ္တိမရှိတဲ့အယူအဆပါ

Jesus မမွေးဖွားသေးပေမဲ့ Christmas ပွဲတော်ကျင်းပနေကြတဲ့ Flintstone လေးတွေ

အရိုးခြောက်ဖြစ်သွားတဲ့အခါ ဆံပင်တွေကပါ အရိုးစုဖြစ်သွားတာလား

ကြယ်ငါးတစ်ကောင် ရေနစ်နေတာကရော ယုတ္တိရှိတယ်လို့ ခံစားမိပါသလား

မျက်လုံးနဲ့ သီချင်းနားထောင်တဲ့ ဂဏန်းကိုမြင်ရတာလည်း ကြောင်တောင်တောင်နိုင်လွန်းပါတယ်

ရေအောက်မှာ ပန်းပင်ရေလောင်းနေတယ်ဆိုတော့ ဘယ်လိုတောင်ပဲလားနော်

ပရိသတ်ကြီးရေ ... ဒီအချက်လေးတွေဟာ ကာတွန်းဇာတ်ကားတွေတော်တော်များများမှာ ထည့်သွင်းရိုက်ကူးလေ့ရှိတဲ့ Cartoon Logic တွေဆိုပေမယ့်လည်း သေချာတွေးတောကြည့်မယ်ဆိုရင်တော့ တွေးကြည့်လေ၊ အဓိပ္ပါယ်မရှိလေပါပဲနော်။ ဘယ်လောက်ပဲ ယုတ္တိမရှိလွန်းနေပါစေ၊ ကာတွန်းကားလေးတွေကြည့်လိုက်တယ်ဆိုရင်ပဲ ဘ၀အမောတွေ ခဏတာ ပြေပျောက်သွားတာတော့ အမှန်ပါပဲ။ ကာတွန်းရုပ်ရှင်လေးတွေဟာ ကလေး၊လူကြီးမရွေး ကြည့်လို့ အဆင်ပြေတာကြောင့်လည်း သာမန်ရုပ်ရှင်တွေထက်တောင် လူကြည့်နှုန်းပိုများပြီး ပိုအောင်မြင်တာလည်း ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။