စိတ်ဓာတ်ကျနေတဲ့အချိန်မှာ နားထောင်သင့်တဲ့ လူတွေရဲ့ ဘ၀တွေကို ပဲ့တင်ရိုက်ခတ်နေတဲ့ BTS ရဲ့သီချင်းများ

Posted on - Feb 10 []

Theingi Kyaw

စာရေးသူ

BTS အဖွဲ့ကို ချစ်ဖို့ရာအကြောင်းပြချက်မျာစွာရှိပါတယ်။ သူတို့ရဲ့ သီချင်းကွာလတီတွေ၊ လှပတဲ့ ကဟန်တွေ၊ ပြီးတော့ ချစ်ဖို့ကောင်းတဲ့ အဖွဲ့ဝင်တွေ အစရှိသဖြင့် သူတို့ကို ချစ်မိသွားဖိုရာလွယ်ကူပါတယ်။ ဒါပေမယ့်လည်း BTS ဟာ ယခုလို အကြီးအကျယ်အောင်မြင်ရခြင်းဟာ အကြောင်းပြချက်တွေထဲက တစ်ခုကတောာ့ သူတို့က လူတွေကို ဟိုးအောက်ဆုံးက ကိုယ်ရေးကိုယ်တာအဆင့်တွေအထိရောက်အောင်ကို သူတို့သီချင်း တွေထဲကမှတစ်ဆင့်ဆက်သွယ်ထားတာပါပဲ။ အိမ်မက်တွေရဲ့နောက်ကို လိုက်ဖို့၊ စံညွှန်းသတ်မှတ်ချက်တွေကို စိန်ခေါ်ပြီး ပြီးတော့ မဖြစ်နိုင်ပေမယ့်လည်း ကိုယ့်ပုံစံအတိုင်းပဲနေဖို့ အစရှိသဖြင့် သူတို့သီချင်းတွေကဆိုပါတယ်။ အဖွဲ့ဝင်တွေကိုယ်တိုင်ကလည်း အနှိမ်ခံ၊ အလှောင်ခံခဲ့ရတဲ့ ဘ၀ကနေ အိမ်မက်တွေနောက်ကို ဇွဲမလျှော့စတမ်းလျှောက်လာတာကြောင့် ဖြစ်ပါတယ်။ နားထောင်သူတွေကို လည်း သူတို့အတိုင်း အိမ်မက်တွေနောက်လိုက်ဖို့ သီချင်းတွေကမှတစ်ဆင့် Inspire လုပ်နိုင်ခဲ့တာ တော်ရုံအရည်အချင်းနဲ့တော့မရဘူး။ ဒါကြောင့် မင်းရဲ့ဘ၀အခြေအနေက ဘယ်နေရာမှာပဲရောက်နေပါစေ မင်းရဲ့မျှော်လင့်ချက်တွေ၊ အိမ်မက်တွေထဲမှာရှင်သန်ကြပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ သင့်ရဲ့စိတ်ဓာတ်ခွန်အားတက်ကြွစေဖို့ BTS ရဲ့သီချင်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

1. “O!RUL8,2?”

"ဘယ်သူ့အတွက်နဲ့ ရှင်သန်နေထိုင်နေတာလဲ။
ကျွန်တော့် အသက် (၉)နှစ် (၁၀)နှစ်မှာ ကျွန်တော့် နှလုံးခုန်သံတွေရပ်တန့်သွားခဲ့တယ်။
မင်းရဲ့လက်တွေကိုမြှောက်ပြီး ရင်ဘတ်ပေါ်မှာ စေ့ဆော်တင်ထားလိုက်ပါ။ ပြီးရင် မင်းရဲ့ အိမ်မက်ကဘာလဲ
တကယ့်အစစ်အမှန်က ဘာလဲဆိုတာ မေးလိုက်စမ်းပါ။"

“O!RUL8,2?”

2. “No More Dream”

"မင်း အိမ်မက်ကဘာလဲ။
မှန်ထဲမှာ ဘယ်သူ့ကိုမြင်ရတာလဲ။
ငါပြောပြမယ် ကိုယ့်လမ်းကိုယ်လျှောက်..
၁ရက်ပဲ အသက်ရှင်နေရမယ်ဆိုရင်တောင်
တစ်ခုခုလုပ်လိုက်စမ်းပါ။
မင်းရဲ့ အားနည်းချက်တွေကို လွှင့်ပစ်လိုက်။"

BTS - no more dream myanmar sub

3. “N.O”

"လူကြီးတွေကပြောကြတယ် ဒီပင်ပန်းဆင်းရဲမှုက ခဏပါပဲ။
ခဏ်တော့ သည်းညည်းခံလိုက် နောက်မှပျော်ပေါ့..။
Everybody say NO!
ထပ်ပြီးနောက်ဆုတ်ဖို့လည်း မဖြစ်နိုင်တော့လို့...
ဒီထက်တော့ သူများရဲ့အိမ်မက်ထဲမှာပိတ်ပြီး အသက်မရှင်ကြနဲ့”

BTS - N.O (Myanmar Sub)

4. “Dope”

"မင်းတို့ ကလပ်တက်ပြီး ပျော်ပါးနေချိန်မှာ
ငါကတော့ နေ့တိုင်း ညလုံးပေါက် အလုပ်လုပ်နေခဲ့တယ်။"

BTS - Dope (Myanmar Subtitle)

5. “Moving On”

"ကောင်းတဲ့အရာတွေကို ဘယ်တော့မဆို သူများတွေသာ ပိုင်ဆိုင်ခဲ့ရလို့
မသေချာမရေရာတဲ့ အနာဂတ်ကို တွေးပူပြီး အမြဲမနားနိုင်ခဲ့လို့
နှစ်ကုန်ဆုပေးပွဲတွေမှာ စီနီယာကြီးတွေကို မြင်ယောင်ပြီး အားကျသိမ်ငယ်ခဲ့ရတဲ့ မှတ်ဥာဏ်တွေကို
မေ့မပြစ်ဘဲ အကုန်ထုတ်သိမ်းထားလိုက်ရအောင်။"

BTS Move On Sub Myanmar

6. “Wings”

"ငါ့ကိုယ်ငါယုံကြည်တယ်။
အတောင်ပံတွေထွက်လာဖို့အတွက် ငါ့ကျောပြင်တွေ အနာခံပေးမယ်။"

BTS (방탄소년단) - 'OUTRO: Wings' Lyrics [HAN/ROM/ENG] (Color Coded)

7. “Not Today”

" မင်း မပျံသန်းနိုင်ခဲ့ရင် ပြေးလိုက်စမ်းပါ။
ငါတို့ ဒီနေ့တော့ ရှင်သန်ရမယ်။
မပြေးနိုင်ဘူးဆိုရင် လမ်းလျှောက်..
ဒီနေ့တစ်ရက် လွတ်မြောက်လိမ့်မယ်။
လမ်းမလျှောက်နိုင်ရင်တော့ တွားသွားလိုက်..။"

[Myanmar Sub]BTS 'Not Today MV

8. “Boyz With Fun”

"ငါကတော့ လူထူးလူဆန်းလိုဖြစ်လာတယ်..။
သာမန်လူတစ်ယောက်အနေနဲ့တော့ မင်း ထိပ်ဆုံးရောက်နိုင်မှာမဟုတ်ဘူး ဘေဘီ။"

Fun Boys (Boyz with Fun) Myanmar Subtitled Video

9. “Lost”

"မင်းရဲ့လမ်းကြောင်းကို ဆုံးရှုံးတယ်ဆိုတာ
အဲ့ဒီလမ်းကြောင်းကို ရှာဖွေဖို့လမ်းပဲ။"

BTS LOST [Myanmar Subject]

10. “Intro: The Most Beautiful Moment In Life”

"ငါ့ဘ၀မှာ ဘာလုပ်နေခဲ့တာလဲ။
အချိန်တွေက ပြန်ရမှာမဟုတ်တော့ဘူးလေ။
ပျော်ရွှင်ရဲ့လားဆိုတဲ့မေးခွန်းမျိုး င့ါကိုယ်ငါမေးနေမိပြီ။"

BTS (방탄소년단) - INTRO : The Most Beautiful Moment In Life Pt.1 화양연화 [Lyrics Han|Rom|Eng]

11. “So What”

"လက်လျှော့ချင်စိတ်ပေါက်လာတဲ့အချိန်မှာ
လမ်းမထက်မှာ
အဲ့ဒီတော့ဘာဖြစ်လဲဆိုတာမျိုး အကျယ်ကြီးအော်ကြည့်လိုက်စမ်းပါ။"

BTS (방탄소년단) - SO WHAT (Color Coded Lyrics Eng/Rom/Han)

12. “Never Mind”

ဘယ်လိုဆူးခင်းလမ်းတွေ ဖြစ်ပါစေ
ဆက်ပြီးတော့ ပြေးစမ်း..။
စိတ်ထဲမထားနဲ့ ဟေ့ကောင်
ဒီလောကကြီးထဲမှာ မင်းမတတ်နိုင်တဲ့အရာတွေအများကြီးပဲ။
စိတ်ထဲမထားတာ ပိုကောင်းမယ်။

BTS Never Mind Sub Myanmar

13. “Paradise”

14. “Tomorrow”

15. “Spring Day”

16. “2! 3!”

17. “Magic Shop”

18. BTS Young Forever

19. BTS - Young Forever

တစ်ချိန်က သူတို့ concert လာဖို့အတွက် flyer တွေဝေပြီး အလကားလာခဲ့လို့ရပါတယ်ဆိုတဲ့ အကြောင်းကို အာပေါက်မတတ်လူအများကို လိုက်ရှင်းပြခဲ့ရတဲ့သူတွေဟာ အခုအချိန်မှာတော့ အနုပညာကြေးအမြင့်ဆုံး ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်နေပါပြီ။ နောက်ထပ်လည်း အောင်မြင်မှုတွေကျန်ရှိနေသေးမှာဖြစ်တဲ့အတွက် အားလုံးစောင့်မျှော်ကြည့်ရှုပေးလိုက်ရအောင်လား။

GI GI(momolay)
Source : Soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။