မန်စီးတီး vs ချယ်ဆီး { ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)အထူးပွဲကြိုသုံးသပ်ချက် }

Posted on - Feb 10 []

Htoo Yan Ag

စာရေးသူ

ယခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်ကို ယနေ့ မြန်မာစံတော်ချိန် ည ၁၀း၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားသွားကြတော့မှာလည်း ဖြစ်ပါတယ်။နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံဆုအတွက် လီဗာပူးနဲ့အပြိုင် တိုက်ပွဲဝင်နေရတာဖြစ်ပြီး ချယ်ဆီးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ယခုပွဲစဉ်ကို အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ အဆိုပါပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်ကို မိုမိုလေး ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း

မန်စီးတီးအသင်းကတော့ ခံစစ်မှာ ဂျွန်စတုန်း ၊ လာပေါ်တေ ၊ ဝေါလ်ကာ နဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ နေရာရလာတဲ့ ဒန်နီိလိုတို့ကို အသုံးပြုဖွယ်ရှိနေပြီး ကွင်းလယ်မှာတော့ ဖာနန်ဒင်ဟို ၊ ဒီဘရိုင်း ၊ ဒေးဗစ်ဆေးလ်ဗားတို့ကို ထားကာ အဂူရို ၊ စတာလင် ၊ မာရက်ဇ်တို့နဲ့ ပွဲထွက်လာဖို့ရှိပါတယ်။ ချယ်ဆီးအသင်းကလည်း အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ဟာဇက် ၊ ဝီလီယံတို့နဲ့ တွဲဖက်လာနိုင်ပြီး ကန်တေ ၊ ဂျော်ဂျင်ဟို ၊ ကိုဗာဆစ်တို့နဲ့ မန်စီးတီးကို ရင်ဆိုင်လာနိုင်ပါတယ်။

သုံးသပ်ချက်

မန်စီးတီးအသင်းဟာ ပထမအကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာသွားရောက်ကစားစဉ်က ချယ်ဆီးအသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ မန်စီးတီးရဲ့ တောင်ပံကစားသမား ဆာနေးဟာ အက်ပီလီကွီတာကို ကျော်ဖြတ်ဖို့ခက်ခဲနေခဲ့ပြီး အီဒင်ဟာဇက်ရဲ့ အတိုးအလှုပ်တွေကိုလည်း မန်စီးတီး ခံစစ်က ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ ဂျော်ဂျင်ဟို+ကန်တေ အတွဲနဲ့ ဒေးဗစ်ဆေးလ်ဗား+ဖာနန်ဒင်ဟို အတွဲက ပွဲကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူး နှစ်ယောက်ရဲ့ သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ လီဗာပူးအသင်းကို ဖိအားပေးနိုင်ဖို့အတွက် နိုင်ပွဲရရှိဖို့လိုအပ်နေပြီး တိုက်စစ်မှူး အဂူရိုကလည်း သွင်းဂိုးတွေပြန်လည်ရရှိလာပါတယ်။ ချယ်ဆီးအသင်းကလည်း ပြီးခဲ့တဲ့ အပတ်က ဟက်ဒါဖီးလ်အသင်းကို ၅ဂိုးပြတ်အနိုင်ရရှိတဲ့ ပွဲမှာ တိုက်စစ်မှူးသစ် ဟီဂူအင် ဂိုးသွင်းယူနိုင်ခဲ့ပြီး သူနဲ့ဟာဇက်အကြားက နားလည်မှုရှိတဲ့ ကစားဟန်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲဟာတကယ့်ကို အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာ အသေအချာပါပဲ။

ခန့်မှန်းရလဒ်

ဂွာဒီယိုလာဟာ ဒီပွဲကို လုံးဝအမှားခံလို့မရပဲ အနိုင်သုံးမှတ်အတွက် သေသေချာချာပြင်ဆင်လာမှာပါ။ ဒါပေမယ့် ပထမအကျော့ကအတိုင်းဆိုရင်တော့ မန်စီးတီးတို့လွယ်ကူမှာ မဟုတ်ပါဘူး။ ချယ်ဆီးကလည်း သူတို့ရဲ့ အဆင့်၎နေရာကို ပြန်ယူဖို့ ဒီပွဲကို အနိုင်ကစားရမှာပါ။ နှစ်သင်းစလုံး အကြိတ်အနယ်ကစားရင်း အပြန်အလှန်ဂိုးတွေသွင်းကာ သရေကျသွားနိုင်ပါတယ်။ အနိုင်ဆိုရင်တော့ အိမ်ရှင် မန်စီးတီးအသင်းက အသာရနိုင်ပါတယ်။
ခန့်မှန်းရလဒ် - ( မန်စီးတီး ၂-၁ ချယ်ဆီး )

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။