တရုတ်နှစ်သစ်ကူး မှာ တရုတ်နင်္ဂါးက တာသွားကြည့်ခဲ့ကြတဲ့ စိုးမြတ်သူဇာ တို့မိသားစု

Posted on - Feb 10 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် များဖြစ်ကြတဲ့ စိုးမြတ်သူဇာ ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာ နဲ့ စန္ဒီ့မြင့်လွင် တို့ မိသားစု ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပါ။ ညီအစ်မ တွေအကုန်လုံးက လည်း အောင်မြင်တဲ့အနုပညာရှင်တွေ ဖြစ်ကြပြီး ပရိသတ်တွေရဲ့ အချစ်ကို ရယူပိုင်ဆိုင်ထားသူတွေပါ။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက် စိုးညီအစ်မ မိသားစုက တရုတ်နှစ်သစ်ကူး ပွဲတော်မှာ တရုတ်နင်္ဂါး ကတာသွားကြည့်တဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

စိုးမြတ်သူဇာ ၊ ၊ စိုးမြတ်နန္ဒာ နဲ့ စန္ဒီ့မြင့်လွင် ၊ စိုးပြည့်သဇင် တို့ က လက်ရှိမှာ မင်းသမီးပိုးထည်တိုက် ကို ဖွင့်လှစ် ထားပြီး ခုဆိုရင် အရမ်းကို နာမည်ရနေတဲ့ ပိုးထည်ဆိုင် ဖြစ်နေပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ စိုးမြတ်သူဇာ ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာ နဲ့ စန္ဒီ့မြင့်လွင် တို့ က စိုးမြတ်သူဇာ တို့မိခင် ကြီး နဲ့အတူ စိုးမြတ်နန္ဒာ ရဲ့ သားလေး မြတ်သောမောင် ၊ စန္ဒီမြင့်လွင် ရဲ့ ခင်ပွန်း ၊ ရန်အောင် တို့ နဲ့အတူ တရုတ်နင်္ဂါး ပွဲ သွားကြည့် ခဲ့ကြတာပါ။

တရုတ်နင်္ဂါး ပွဲ ကို မိသားစု လိုက် ပျော်ပျော် ရွှင်ရွှင် သွားကြည့်ခဲ့ပြီး သူတို့ ရဲ့ ပုံရိပ်ကလေးတွေကို စိုးမြတ်သူဇာ ရဲ့ မိခင် ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

တရုတ်နင်္ဂါး ပွဲသွားကြည့်ခဲ့တဲ့ စိုးမြတ်သူဇာ တို့ မိသားစု ပုံရိပ်ကလေး တွေကို ပရိသတ်တွေ ဆက်လက် ကြည့်ရူပေးကြပါဦးနော်။

သရုပ်ဆောင် စိုးမြတ်သူဇာ ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာ နဲ့ စန္ဒီ့မြင့်လွင် တို့ မိသားစု ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source; soe kyi phyu's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။