သရုပ်ဆောင်တွေကိုယ်တိုင် အသက်နဲ့ ရင်းပြီး ခက်ခက်ခဲခဲသရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းများ

Posted on - Feb 10 []

Douglas Thura

စာရေးသူ

တစ်ချို့ Hollywood တွေဇာတ်ကားတွေရဲ့ Action Scene တွေ၊ Fight Scene တွေမှာ CGI Effect တွေ လှိုင်လှိုင်သုံးထားတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ကြည့်ုလို့ တော်တော်လေးမိုက်ပြီး ရုပ်ရှင်အတွက်လည်း ပြီးပြည့်စုံသွားသလိုခံစားရပေမဲ့ တစ်ချို့ရုပ်ရှင်ဇာတ်ကားတွေမှာတော့ ရုပ်ရှင်ကိုပိုပြီး အသက်ဝင်ပီပြင်စေဖို့ အတွက် CGI တွေမသုံးတော့ပဲ သရုပ်ဆောင်တွေကိုယ်တိုင် စွန့် စွန့် စားစားနဲ့ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရတာတွေလည်းရှိပါတယ်။ ရုပ်ရှင်အသက်ဝင်ပြီးပြည့်စုံဖို့ အတွက် Effect မသုံးပဲ သရုပ်ဆောင်တွေကိုယ်တိုင် အသက်နဲ့ ရင်းပြီး ခက်ခက်ခဲခဲစွန့် စားရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ချို့ နဲ့ Effect နဲ့ မဟုတ်ပဲ တစ်ကယ်ပြင်ဆင်ထားရတဲ့ ရုပ်ရှင်ဇာတ်ကောင်တစ်ချို့ ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Inception ရုပ်ရှင်ထဲမှာ Paris Café ဆိုင် တစ်စစီ ပေါက်ကွဲသွားတဲ့ဇာတ်ဝင်ခန်း

ကမ္ဘာ့ စံချိန်တောင်ချိုးခဲ့တဲ့ Casino Royale ရုပ်ရှင်ထဲက ကားလိမ့်လာတဲ့ ဇာတ်ဝင်ခန်း

Mission: Impossible: Ghost Protocol ဇာတ်ကားမှာ Burj Khalifa ဟိုတယ်ပေါ်ကို အမှန်တစ်ကယ်တက်ပြီး စွန့် စွန့် စားစား ရိုက်ခဲ့ရတဲ့ Tom Cruise

ကမ္ဘာကျော်မင်းသားတစ်လက်ဖြစ်ရဖို့ အတွက် ပေးဆပ်နေရတာတွေကလည်း တစ်ကယ်ကို မလွယ်ကူပါဘူးနော်

ထိပ်တန်းရုပ်ရှင်မင်းသားဆိုတော့လည်း ဘယ်လောက်ပင်ပန်းဆင်းရဲနေပါစေ၊ သာသာယာယာပါပဲ

The Dark Knight ရုပ်ရှင်ထဲက Batman စီးတဲ့ 18-Wheeler ကလည်း CGI နဲ့ ဖန်တီးထားတာမဟုတ်ပါဘူး

Spider-Man ဇာတ်ကားထဲမှာ စားစရာလင်ဗန်းကို အမှန်တစ်ကယ်ဖမ်းခဲ့ရတဲ့ Tobey Maguire

Iron Man ရုပ်ရှင်တွေထဲက Tony Stark ရဲ့ ရင်ဘတ်က Arc Reactor လေးကလည်း Effect နဲ့ ဖန်တီးထားတာမဟုတ်ပါဘူး

The Lord of the Rings ရုပ်ရှင်ထဲက မကောင်းဆိုးဝါးတွေရဲ့ အပြင်အဆင်ကလည်း Effect နဲ့ မဟုတ်ပဲ မိတ်ကပ်နဲ့ ဖန်တီးထားတာပါ

ပရိသတ်ကြီးရေ ... ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်ရတဲ့ ဒုက္ခတွေကလည်း တစ်ကယ်ကို မသေးပါဘူးနော်။ ပင်ပန်းသလောက် ၀င်ငွေတွေ သောက်သောက်လဲပြန်ရတယ်ဆိုပေမယ့်လည်း မိမိရဲ့ အသက်ကိုပါရင်းပြီး စွန့် စွန့် စားစားသရုပ်ဆောင်ရဲတဲ့ သတ္တိကတော့ တစ်ကယ်ကိုလေးစားချီးကျူးစရာပါပဲ။ ပရိသတ်တွေအတွက် ကြည့်ရတာတန်အောင် အကောင်းဆုံးပေးဆပ်ကြိုးစားနေတဲ့ ကမ္ဘာကျော်သရုပ်ဆောင်တွေကို လေးစားချစ်ခင်ကြတဲ့ ပရိသတ်ကြီးတွေမှန်ရင် Like & Share လုပ်သွားဖို့ မမေ့နဲ့ နော်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။