စတိတ်ပေါ်မှာ ဖျော်ဖြေနေရင်းနဲ့ အရုပ်ကြိုးပျက်သလို မူးမေ့လဲကျခဲ့ဖူးကြတဲ့ Idol များ

Posted on - Feb 11 []

Zue

စာရေးသူ

Kpop Idol တွေဆိုတာဟာ ကင်မရာအရှေ့တွေ၊ စတိတ်စင်တွေအပေါ်မှာ တက်ကြွစွာနဲ့ အပြုံးလှလှတွေကိုဆင်မြန်းရင်း ဖျော်ဖြေရိုက်ကူးတတ်ကြသူတွေဆိုပေမယ့်လည်း တကယ်တမ်းမှာတော့ များပြားလှတဲ့အလုပ်အချိန်ဇယားတွေကြောင့် သာမန်ဝန်ထမ်းတွေထက်တောင်မှ စိတ်ရော၊ လူရော ပင်ပန်းနေကြသူတွေ ဖြစ်ကြပါတယ်။ ဒီလိုတွေ ပင်ပန်းနေပေမယ့်လည်း ပျက်ကွက်လို့မရတဲ့ ရိုက်ကူးရေးတာဝန်တွေကြောင့် နေထိုင်မကောင်းဖြစ်နေတဲ့ကြားကနေ ဖျော်ဖြေတင်ဆက်ရိုက်ကူးကြရပါတယ်။

ဒီလိုမျိုး ဖျော်ဖြေတင်ဆက်ရတဲ့အခါမှာလည်း ကခုန်သီဆိုပြီး တင်ဆက်ရတာတွေရှိတဲ့အတွက် ပင်ပန်းမှုဒဏ်တွေကြောင့် မူးဝေလဲကျတဲ့အခိုက်အတန့်တွေဆိုတာ ရှိကြပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ စတိတ်ပေါ်မှာဖျော်ဖြေတင်ဆက်နေရင်းနဲ့ မူးဝေလဲကျခဲ့ကြဖူးတဲ့ Idol အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. f(x) – Krystal

f(x) ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Krystal ဟာ ဆိုရင် ၂၀၁၀ ခုနှစ်လောက်တုန်းက များပြားလွန်းလှတဲ့အလုပ်ဇယားတွေကြောင့် အိပ်ရေးပျက်တဲ့ညတွေများခဲ့ပြီး စတိတ်ပေါ်မှာ သီဆိုတင်ဆက်နေရင်းနဲ့ လဲကျသွားခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်တုန်းကလည်း အလားတူဖြစ်ရပ်မျိုး နောက်ထပ်တစ်ဖန်ဖြစ်ပေါ်ခဲ့ဖူးပါသေးတယ်။

Krystal fainted on stage

2. Kim Jang Hoon

အဆိုတော် Kim Jang Hoon ဟာလည်းပဲ West Coast Festival Concert မှာ ဖျော်ဖြေနေရင်းနဲ့ မူးမေ့လဲကျခဲ့ဖူးတဲ့အတွက် ဆေးရုံကို အရေးပေါ်အလျင်အမြန်ပို့ဆောင်ပေးခဲ့ရဖူးပါတယ်။

3. Girl’s Day – Hyeri

Girl’s Day အဖွဲ့ဝင် Hyeri ကတော့ သီဆိုဖျော်ဖြေနေတဲ့အချိန်အတွင်းမှာကတည်းက နေထိုင်မကောင်းဖြစ်နေတဲ့ပုံစံပေါက်နေပေမယ့်လည်း သီချင်းပြီးဆုံးသည်အထိ အတတ်နိုင်ဆုံးကြိုးစားသီဆိုသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သီချင်းပြီးဆုံးတဲ့အခါမှတော့ ဟန်မဆောင်နိုင်ဖြစ်ကာ လဲကျသွားခဲ့တဲ့အတွက် မန်နေဂျာမှာ စင်ပေါ်တက်ကျောပိုးပြီး Hyeri ကို ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ရပါတယ်။

Hyeri fainted on the stage

4. Goo Hara (formerly of KARA)

KARA ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Goo Hara ဟာဆိုရင်လည်းပဲ ဖျော်ဖြေတင်ဆက်မှုပြီး လဲကျသွားခဲ့တဲ့အတွက် ချက်ချင်းပဲ အရေးပေါ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Goo Hara fainted on the stage

5. VIXX – N

VIXX ရဲ့အဖွဲ့ခေါင်းဆောင် N ကတော့ Gyeongju မှာ ဖျော်ဖြေတင်ဆက်နေရင်းနဲ့ အလုပ်ပင်ပန်းမှုဒဏ်တွေကြောင့် မူးဝေလဲကျသတိလစ်သွားခဲ့ဖူးပါတယ်။

N fained on the stage

6. Red Velvet – Joy

Red Velvet ရဲ့ အဖွဲ့ဝင် Joy ကတော့ အလုပ်ပင်ပန်းမှုဒဏ်တွေကြောင့် စတိတ်ပေါ်မှာ ဖျော်ဖြေနေရင်းနဲ့ လဲကျတော့မလိုဖြစ်ခဲ့ပေမယ့်လည်း Professional ပီသစွာနဲ့ ဟန်မပျက်အောင်ထိန်းနိုင်ခဲ့ပါတယ်။

Joy fainted on the stage.

7. GFRIEND – SinB

GFRIEND ရဲ့ အဖွဲ့ဝင် SinB ဟာလည်းပဲ နေထိုင်မကောင်းတဲ့ကြားကနေ ဖျော်ဖြေတင်ဆက်ခဲ့တာမို့လို့ သီချင်းသီဆိုနေရင်းတန်းလန်းမှာ အရုပ်ကြိုးပျက်သလို လဲကျသွားခဲ့ဖူးပါတယ်။

SinB fainted on the stage.

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။