သင်မသိသေးတဲ့ Blck Pink အဖွဲ့ဝင် Rose' အကြောင်း (၉)ချက်

Posted on - Feb 11 []

Theingi Kyaw

စာရေးသူ

လက်ရှိအချိန်မှာ နာမည်အကြီးဆုံး ကိုရီးယားအဆိုတော်အဖွဲ့ဖြစ်တာကြောင့် BLACKPINK အဖွဲ့ဝင် Rosé အကြောင်းကို သင်တို့ သိကြမှာပါ။ ဒါပေမယ့်လည်း သင်က ပရိတ်သတ်အသစ် ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ်လည်း တစ်ချို့အရာတွေလွတ်ကောင်းလွတ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခါမှာဆိုရင်တော့သူမရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုပေးဖို့ရာ ချစ်ဖို့ကောင်းတဲ့ သူမရဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် ။မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

1. Rosé New Zealand နိုင်ငံက Auckland မြို့ငယ်မှမွေးဖွားခဲ့တာပါ။ အသက် ၇နှစ်အရွယ်မှာသာ Australia, Melbourne မြို့ကိုပြောင်းရွှေ့သွားတာဖြစ်ပါတယ်။

2. သူမကို YG Entertainment မှာ Audition ၀င်ဖို့ ဖခင်ဖြစ်သူက အကြံပေးခဲ့တာပါ။ ဒီလိုနဲ့ သူမဟာ လူရွေးပွဲကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်သွားခဲ့ပြီး YG မှာ အသက် ၁၆နှစ်ကတည်းက လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။

3. Debut မလုပ်ခင်ကတည်းက Rosé ဟာ BIGBANG အဖွဲ့ဝင် G-Dragon နဲ့ "Without You" သီချင်းကို အတူဖျော်ဖြေခဲ့ပါတယ်။

GD တောင်မှ သူမရဲ့ အသံကိုတကယ်သဘောကျတယ်လို့ မှတ်ချက်ပေးခဲ့ပြီး သူမရဲ့အသံက ထူးခြားပါတယ်တဲ့။

3. Debut မလုပ်ခင်ကတည်းက Rosé ဟာ BIGBANG အဖွဲ့ဝင် G-Dragon နဲ့ "Without You" သီချင်းကို အတူဖျော်ဖြေခဲ့ပါတယ်။

GD တောင်မှ သူမရဲ့ အသံကိုတကယ်သဘောကျတယ်လို့ မှတ်ချက်ပေးခဲ့ပြီး သူမရဲ့အသံက ထူးခြားပါတယ်တဲ့။

G Dragon - Without You (결국) [feat Rosé of BLACKPINK] G Dragon - Without You (결국) [feat Rosé of BLACKPINK]

4. သူမဟာ အသံကောင်းတဲ့အဆိုရှင်ဖြစ်ရုံတင်မက ဂစ်တာကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တီးခတ်တတ်ပါသေးတယ်။

5. သူမမှာ အိမ်မွေးငါးတစ်ကောင်ရှိပြီး အဲ့ဒီအိမ်မွေးငါးလေးက သူမနဲ့ high-five လုပ်တတ်ပါတယ်။

Rosé and her pet fish (orange)

6. သူမဟာ ဘယ်သန်တစ်ဦးပါ။

7. Rosé ဟာ idol singer ဖြစ်သူ Gummy က သူမရဲ့စံပြပုဂ္ဂိုလ်ပါ လို့ပြောခဲ့ဖူးပါတယ်။

8. Rose' မှာ Idol လောကထဲက သူငယ်ချင်းတွေအများကြီးရှိပါတယ်။

TWICE's Chaeyoung နဲ့ Tzuyu, Red Velvet's Joy နဲ့ Yeri, နဲ့ Ladies' Code's Ashley တို့ဟာ သူမရဲ့သူငယ်ချင်းတွေပါပဲ။

9. Rosé ဟာ black pink အဖွဲ့ဝင်တွေဖြစ်တဲ့ Lisa နဲ့အတူ instagram ပေါ်မှာ like 1million ရခဲ့ဖူးတဲ့ ပထမဆုံး အမျိုးသမီး idol အဖွဲ့ဝင်တစ်ယောက်ပါ။

အခုဆိုရင်တော့ Rose ဟာ အသက် ၂၃နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ အသက် ၂၃နှစ်မှစပြီး နောင်နှစ်ပေါင်းများစွာအထိ အောင်မြင်ကျော်ကြားပါစေလို့ စိတ်ရင်းနဲ့ဆုတောင်းပေးလိုက်ပါတယ်နော်။

GI GI(momolay)
Source : sbs.com

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။