Valentine's Day မှာ ချစ်သူစုံတွဲတွေ မဖြစ်မနေကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားများ

Posted on - Feb 11 []

Douglas Thura

စာရေးသူ

တစ်ကမ္ဘာလုံးမှာရှိတဲ့ ချစ်သူစုံတွဲတွေရဲ့ အထိမ်းအမှတ်နေ့ လို့ ဆိုရမဲ့ Valentine's Day ကတော့ တော်တော်လေးနီးကပ်လာပါပြီ။ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ရောက်တိုင်း ချစ်သူမရှိတဲ့ Single သမားလေးတွေအနေနဲ့ ကတော့ ပုံမှန်ရက်တစ်ရက်လို ဖြတ်သန်းသွားကြမှာပဲဆိုပေမဲ့ ချစ်သူစုံတွဲတွေအနေနဲ့ ကတော့ ကိုယ့်ချစ်သူနဲ့ အတူ နေရာအစုံလျှောက်သွားရင်း၊ ရုပ်ရှင်အတူကြည့်ကြရင်း၊ ခရီးအတူထွက်ကြရင်း တစ်နေ့ တာလုံး အချိန်ဖြုန်းချင်ကြမှာပါ။ V Day မှာ ဟိုဟိုဒီဒီမသွားလာပဲ ချစ်သူနဲ့ အတူ ချောကလက်ပူပူလေးတစ်ခွက်နဲ့ ရုပ်ရှင်ကြည့်ရင်း တစ်နေ့ လုံး အေးအေးဆေးဆေး အချိန်ဖြုန်းကြမဲ့ ချစ်သူစုံတွဲလေးတွေအတွက် V Day ရောက်တိုင်း ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ Romance/ Fancy/ Drama ရုပ်ရှင်ဇာတ်ကားတစ်ချို့ ကို ညွှန်းပေးလိုက်ပါတယ်နော်။

Romeo & Juliet

မင်းသားကြီး Leonardo diCarprio ရဲ့ ကမ္ဘာကျော်ရုပ်ရှင်ကား Romeo And Juliet ကတော့ Masterpiece အချစ်ဇာတ်ကားတစ်ကားဖြစ်တာမို့ ချစ်သူစုံတွဲတွေ ကြည့်သင့်မကြည့်သင့်ဆိုတာ ပြောပြဖို့ လိုမယ်မထင်ပါဘူး။

Titanic

Romeo And Juliet ရိုက်ကူးခဲ့ပြီး မင်းသားကြီး Leonardo နဲ့ မင်းသမီးချော Kate Winslet တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော် Titanic သဘောင်္ကြီးရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ရိုက်ကူးထားတဲ့ Titanic ရုပ်ရှင်ဇာတ်ကားကတော့ ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ ၀င်ငွေအကောင်းဆုံးဇာတ်ကားစာရင်းဝင်ခဲ့ပြီး ယနေ့ တိုင်ပြောစမှတ်တွင်နေတဲ့ အချစ်ရုပ်ရှင်ကားတစ်ကားဖြစ်တာကြောင့် V Day ရောက်တိုင်း ချစ်သူစုံတွဲတွေ ကြည့်သင့်တဲ့ Masterpiece တစ်ကားပါ။

The Notebook

Titanic လိုပဲ ဂန္တ၀င်အချစ်ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Notebook ရုပ်ရှင်ဇာတ်ကားကိုလည်း V Day လိုနေ့ မျိုးမှာ ကြည့်ဖို့ အတွက် ချန်မထားသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

Brooklyn

အချစ်ကို ရှာဖွေနေတဲ့ အိုင်ယာလန်သူမိန်းမပျိုလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Brooklyn ရုပ်ရှင်ဇာတ်ကားဟာလည်း V Day မှာ ချစ်သူစုံတွဲတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Fifty Shades Freed

ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းအကြမ်းစားတွေပါဝင်တာကြောင့် စာအုပ်ထုတ်ဖို့ တောင် တားမြစ်ခံခဲ့ရတဲ့ Fifty Shades Trilogy ရဲ့ နောက်ဆုံးပိုင်းဖြစ်တဲ့ Fifty Shades Freed ကတော့ လက်ရှိနိုင်ငံတကာရုပ်ရှင်ရုံတွေမှာ ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကို V Day မှာ ချစ်သူစုံတွဲတွေ ကြည့်သင့်မကြည့်သင့်ဆိုတာကိုတော့ ညွှန်းပြဖို့ လိုမယ်မထင်ပါဘူး။

13 Going On 30

မင်းသမီးချော Jennifer Garner နဲ့ လက်ရှိ Hulk မင်းသား Mark Ruffalo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 13 Going On 30 ရုပ်ရှင်ဇာတ်ကားဟာလည်း V Day ရောက်တိုင်းမဖြစ်မနေကြည့်သင့်တဲ့ Fancy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Popular ဖြစ်ချင်တဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ (၁၃)နှစ်ပြည့်မွေးနေ့ ရောက်တဲ့အခါမှာ ဆုတောင်းတစ်ခုကြောင့် အသက်(၃၀)အရွယ် မိန်းမပျိုတစ်ယောက်အဖြစ်ရောက်ရှိသွားပြီး အချစ်ကို ရှာဖွေတွေ့ ရှိသွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ (၂၀၀၄) ခုနှစ်တည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ချစ်သူစုံတွဲတွေကြားမှာ တော်တော်လေးရေပန်းစားခဲ့တာကြောင့် ချစ်သူစုံတွဲတွေအနေနဲ့ V Day ရောက်တိုင်း ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Me Before You

2016 ခုနှစ်မှာထွက်ရှိခဲ့ပြီး Game Of Thrones မင်းသမီးနဲ့ Emilia Clarke နဲ့ မင်းသား Sam Claflin တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Romance/ Drama ဇာတ်ကား Me Before You ဟာ လူငယ်ချစ်သူစုံတွဲတွေထဲမှာ ထိတ်ထိတ်ကြဲ ရေပန်းစားခဲ့တာမို့ V Day မှာ ချစ်သူစုံတွဲတွေအနေနဲ့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Ref : Standard
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။