FA တွေကြားမှာ တော်တော်လေး နာမည်ကြီးနေတဲ့ အဆိုတော် ရော်ရွက်ရဲ့ သီချင်းဗီဒီယို

Posted on - Feb 11 []

Myint Myat

စာရေးသူ

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်းတွေ့ဆုံခံစားကြည့်ချင်ကြတဲ့ တန်ဖိုးကြီးရတနာတစ်မျိုးဖြစ်ပေမယ့် အချစ်စစ်ကို မတွေ့ရှိကြသေးလို့ တစ်ကိုယ်တည်း ဖြစ်နေကြတဲ့ FA တွေလည်း ထုနဲ့ ထေးပါ။ တစ်ချို့တွေကလည်း FA တစ်ယောက်အဖြစ်နဲ့နေထိုင်ရတာကို လွတ်လပ်ပျော်ရွှင်နေသလို၊ တစ်ချို့တစ်လေကျပြန်တော့လည်း မိမိနဲ့ကိုက်ညီမယ့် နှလုံးသားတစ်ခြမ်းကို ရှာဖွေနေကြတာတွေလည်း ရှိပါတယ်။ လတ်တလောမှာတော့ အဆိုတော် ရော်ရွက်က ငြိမ်သက်နေတဲ့ FA Team ကြီးအတွက် အမိုက်စားသီချင်းတစ်ပုဒ်ဖြစ်တဲ့ "FA" ဆိုတဲ့ သီချင်းလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ ဖြစ်ပါတယ်။ တစ်ကိုယ်တည်းနေနေရတာကို ပျော်ရွှင်နေတဲ့ FA Team ကြီးကို လှုပ်ခတ်သွားအောင် လုပ်ခဲ့တဲ့ အဆိုတော်ရော်ရွက်ရဲ့သီချင်းလေးကတော့ တော်တော်လေးကို နားထောင်ကောင်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် FA တွေ သဘောကျနေကြတဲ့ အဆိုတော် ရော်ရွက်ရဲ့"FA" ဆိုတဲ့သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် ရော်ရွက်ကတော့ သီချင်းဗီဒီယိုလေးနဲ့အတူ "ပါဝင်​အားဖြည့်​ပေးပါ​သောအားလုံး ​ကျေးဇူးအထူးတင်​ရှိပါတယ်​ 🙏 ​ဝေဖန်​အကြုံပြုကြိုက်​ရင်​ရှဲ​ပေးပါအူံးဗျ ♥" ဆိုပြီး FA ဆိုတဲ့သီချင်းလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။

င်္FA တွေအတွက် သီဆိုထားတဲ့ လူငယ်အဆိုတော် ရော်ရွက်​ရဲ့ သီချင်းဗီဒီယို

လူငယ်တစ်ဦးဖြစ်တဲ့ အဆိုတော် ရော်ရွက်ကတော့ သီချင်းကောင်းလေးတွေကို ဖန်တီးပြီး ပရိသတ်တွေရဲ့ရင်ထဲရောက်အောင် ကြိုးစားနေသူတစ်ဦးပါ။ လတ်တလောမှာတော့ ရော်ရွက်က သီချင်းအသစ်တွေကိုလည်း ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေထဲက FA စစ်တွေလည်း အဆိုတော် ရော်ရွက်ရဲ့ "FA" ဆိုတဲ့ သီချင်းလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Yaw Yazt's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။