ရိန်မိုး၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်တို့နဲ့ အတူသီဆိုထားတဲ့ "ကစ္ဆပနဒီလှိုင်းသံ" သီချင်းလေးကို တင်ပေးလိုက်တဲ့ ​နေတိုး

Posted on - Feb 11 []

Myint Myat

စာရေးသူ

သရုပ်ဆောင်ပိုင်းမှာ ကျရာဇာတ်ရုပ်ကနေ အပီပြင်ဆုံးသရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ နေတိုးကတော့ သူ့ရဲ့ ပြည့်ဝလှတဲ့ အနုပညာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်တွေကို အကောင်းဆုံးအနုပညာတွေနဲ့ပဲ ပေးဆပ်လေ့ရှိတဲ့ နေတိုးကတော့ လတ်တလောမှာ သူကိုယ်တိုင်အပြင် ရိန်မိုး၊ ရတနာမိုင်နဲ့ ဝိုင်းစုခိုင်သိန်းတို့နဲ့ အတူတွဲပြီး သီဆိုထားတဲ့ "ကစ္ဆပနဒီလှိုင်းသံ" သီချင်းလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အချိန်တွေဘယ်လောက်ကြာကြာ တန်ဖိုးရှိနေဆဲဖြစ်တဲ့ ကစ္ဆပနဒီလှိုင်းသံ ဆိုတဲ့ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေတိုးကတော့ " (ကစ္ဆပနဒီလှိုင်းသံ) ဦးကိုင်ဇာနဲ့ဦးမောင်မောင်ဈာန်တို့ရေးစပ်ပြီး ဦးကိုင်ဇာသီဆိုခဲ့သောသီချင်းလေးကို ကျွန်တော်တို့ပြန်လည်ခံစားသီဆိုခွင့်ရခဲ့တာပါ ကြာခဲ့ပြီဆိုပေမဲ့ ရင်ထဲရှိနေဆဲမို့.......ကျွန်တော်ချစ်ရပါသောရိသတ်များအတွက်.......နေတိုး" ဆိုပြီး ချစ်ပရိသတ်တွေအတွက် ကစ္ဆပနဒီလှိုင်းသံ ဆိုတဲ့ သီချင်းလေးကို ဝေမျှပေးထားတာပါ။

နေတိုးတို့သီဆိုထားတဲ့ ကစ္ဆပနဒီလှိုင်းသံ ဆိုတဲ့ သီချင်းလေး

နေတိုးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာပြီး ပရိသတ်တွေအတွက် ကြိုးစားနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နေတိုး၊ ရိန်မိုး၊ ရတနာမိုင်နဲ့ ဝိုင်းစုခိုင်သိန်းတို့နဲ့ အတူတွဲပြီး သီဆိုထားတဲ့ "ကစ္ဆပနဒီလှိုင်းသံ" သီချင်းလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nay toe's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။