နာမည်ကြီးရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က သင်တို့မသိသေးတဲ့ အကြောင်းအရာများ

Posted on - Feb 11 []

Douglas Thura

စာရေးသူ

Hollywood က ရုပ်ရှင်ဇာတ်ကားတော်တော်များများကို ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ချစ်ပရိသတ်တွေ ကြိုက်နှစ်သက်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ ဇာတ်ကားတိုင်းလိုလိုမှာ ပရိသတ်တွေကို တွေးတောစဉ်းစားစရာတွေဖြစ်အောင် ချန်ထားခဲ့တဲ့ Message တွေ ပါဝင်နေလို့ ပါပဲ။ နက်နဲလွန်းတဲ့ Message တွေ ထည့်သွင်းရိုက်ကူးထားတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ မဖြစ်မနေသိထားသင့်တဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက နက်နဲလွန်းတဲ့ မြှုပ်ကွက်လေးတွေတစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

The Pursuit of Happiness (2006)

နာမည်ကျော် စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ Christopher Gardner အကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ The Pursuit of Happiness ရုပ်ရှင်ဇာတ်ကားထဲမှာ နောက်ဆုံးဇာတ်ဝင်ခန်းမှာ တစ်ကယ့် Christopher Gardner ကြီးကိုယ်တိုင် Cameo အနေနဲ့ ပါဝင်ထားတာကို သေချာသတိထားကြည့်ရင် တွေ့ ရမှာပါ။

Spider-Man (2002)

Spider-Man ရုပ်ရှင်ထဲမှာ Mary တစ်ယောက် ချော်လဲတုန်း Peter က Food Plate ကို ပုံစံမပျက်အောင်ဖမ်းပေးတဲ့ ဇာတ်ဝင်ခန်းကို ပရိသတ်တိုင်းမှတ်မိကြမှာပါ။ ဒါရိုက်တာက အဆိုပါဇာတ်ဝင်ခန်းအတွက် Effect တွေ လုံးဝမသုံးချင်တာကြောင့် Peter အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Tobey Maguire ကိုယ်တိုင် Food Plate ကိုမိအောင် ဖမ်းပေးခဲ့ရတာဖြစ်ပါတယ်။ ( အဆိုပါဇာတ်ဝင်ခန်းအတွက် ၁၅၆ ကြိမ် ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ် )

How to Train Your Dragon (2010)

နာမည်ကြီးကာတွန်းရုပ်ရှင်ဖြစ်တဲ့ How To Train Your Dragon ထဲက နဂါးလေး Toothless ရဲ့လှုပ်ရှားမှုပုံစံတွေဟာ ကြောင်တစ်ကောင်ရဲ့ ပုံစံအတိုင်း ရိုက်ကူးထားတာဖြစ်ပါတယ် ( ဇာတ်ညွှန်းထဲကအတိုင်း နဂါးတစ်ကောင်လို ခုန်ပေါက်နေစေဖို့ ကြောင်လေးရဲ့ အမြီးမှာ ဘောလုံးတစ်လုံးချိတ်ထားတာဖြစ်ပါတယ် )

Spider-Man (2017)

Spider-Man (2017) ရုပ်ရှင်ထဲက Physics စာသင်ခန်းမှာ သိပ္ပံပညာရှင်တွေရဲ့ Portrait တွေ ချိတ်ထားတာကို ပရိသတ်တွေသတိထားမိနိုင်မယ်ဆိုပေမဲ့ အဆိုပါပုံတွေထဲမှာ Hulk အဖြစ်ပြောင်းလဲနိုင်တဲ့ သိပ္ပံပညာရှင် Bruce Banner ရဲ့ ပုံကိုပါ ချိတ်ထားတာကိုတော့ ဘယ်လိုမှ သိနိုင်မှာမဟုတ်ပါဘူး။

Coco (2017)

အော်စကာဆုရ Coco ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာ The Incredibles မိသားစုရဲ့ ပုံကို ချိတ်ထားတာတွေ့ ရပြီး ထူးခြားချက်ကတော့ Dead World မှာရောက်ရှိနေတာဖြစ်တဲ့အတွက် သူတို့ ရဲ့ ပုံစံတွေဟာလည်း အရိုးခြောက်ပုံစံလေးတွေဖြစ်နေတာကို တွေ့ ရမှာပါ။

Deep Blue Sea

နာမည်ကျော် ငါးမန်းရုပ်ရှင်ကားဖြစ်တဲ့ Deep Blue Sea ရုပ်ရှင်ရဲ့ အစပိုင်းဇာတ်ဝင်ခန်းမှာလည်း Jaws ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ လိုင်စင်ပြားကို ဂဏန်းတွေကအစမပြောင်းလဲပဲ ထည့်သွင်းရိုက်ကူးထားတာ တွေ့ ရပါတယ်။ ( ဇာတ်ကားနှစ်ကား အဆက်အစပ်ရှိကြောင်း ပြသထားတယ်လို့ ယူဆရပါတယ် )

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။