ဘတ်မန်းလိုဂိုနဲ့တူတယ်လို့ ပရိသတ်တွေ ဝေဖန်နေကြတဲ့ J Naw ရဲ့ အတွင်းအင်္ကျီပုံစံ

Posted on - Feb 11 []

Rowena

စာရေးသူ

စွဲဆောင်မှုရှိတဲ့ တိုင်းရင်းသူမလေး J Naw က အခုလတ်တလောမှာတော့ ပရိသတ်တွေ သဘောကျနေတဲ့ မော်ဒယ်လေးတစ်ဦးလေး ဖြစ်လို့နေပါတယ်။ သူမရဲ့ စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားလေးနဲ့ ဘိုဆန်တဲ့ မျက်နှာလေးကို ပရိသတ်တွေက တော်တော်လေး အကြိုက်တွေ့ကြတာဖြစ်ပါတယ်။ J Naw ကလဲ သူမဖြစ်ချင်တဲ့ မော်ဒယ်အလုပ်ကို ကြိုးစားလုပ်ကိုင်တာကြောင့် အချိန်တိုလေးအတွင်းမှာ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

J Naw က ဇန်နဝါရီလ(၉)ရက်နေ့က ရန်ကုန်မြို့ Myanmar Plaza ရှိ Time Square Fashion Watch Gallery မှာ ကျင်းပခဲ့တဲ့ Premium Fashion Watch Fair ပွဲကြီးကို တက်ရောက်ပေးခဲ့ပါတယ်။

ထို Premium Fashion Watch Fair ပွဲကြီးကို တက်ရောက်ခဲ့တဲ့ J Naw ရဲ့ ပုံရိပ်လေးတွေက တော်တော်လေးလှပတာကြောင့် အားလုံးက ငေးမောရတဲ့အထိဖြစ်ခဲ့ရပါတယ်။

J Naw ကတော့ စတိုင်လ်ကျကျလေး ဝတ်ပြီး ထိုပွဲလေးကို တက်ရောက်ခဲ့ပေမယ့် မျက်စိစူးလွန်းတဲ့ ပရိသတ်အချို့က J Naw ရဲ့ အတွင်းအင်္ကျီိကို သတိထားပြီး ပြောဆိုမှုတွေရှိခဲ့ပါတယ်။ အဲ့ဒါကတော့ J Naw ဝတ်ထားတဲ့ အတွင်းအင်္ကျီိ အနက်ရောင်လေးက Batman Logo နဲ့တူတယ်ဆိုပြီး ပြောဆိုနေကြတာ ဖြစ်ပါတယ်။

J Naw ရဲ့ အင်္ကျီလေးက တကယ်ရော Batman Logo နဲ့တူရဲ့လားဆိုတာ ပြောပြပေးခဲ့ဦးနော် ပရိသတ်ကြီးရေ....J Naw ကတော့ လက်တလောမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ J Naw ရဲ့ အခုပုံလေးတွေကို သဘောကျရင် Like & Share လုပ်ပေးဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: J Naw

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။