ဖုန်းကြိုက်တဲ့သားသားကို မေမေ မိုးယုစံရဲ့ အလိုလိုက်ပေးနည်းနဲ့ ဖုန်းချိန်ဆပြနည်း ဗီဒီယို

Posted on - Feb 12 []

K Kay

စာရေးသူ

ပရိသတ်တွေ အရမ်းကို ချစ်ခင်ခဲ့ရတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာ နေခဲ့ပေမယ့်လည်း သူမရဲ့ တစ်ချိန်က ကြိုးစားအားထုတ်ထားခဲ့တဲ့ အနုပညာလုပ်ရှားမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ ရရှိထားခဲ့ရဆဲပါ။ မိုးယုရဲ့ သားသားလေး ကောင်းသိင်္ခမိုးသူ ဟာဆိုရင်လည်း အမေတူလေးမို့ ပရိသတ်တွေ အရမ်းကို အချစ်ပိုနေခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။

ပရိသတ်တွေ အရမ်းကို အချစ်ပိုနေခဲ့ရတဲ့ မိုးယုရဲ့ သားသားလေး ကောင်းသိင်္ခမိုးသူ ဟာဆိုရင် လူငယ်ပီပီ ဖုန်းသိပ်ကြိုက်တဲ့ သူလေးတစ်ယောက်ပါ။ ဖုန်းသိပ်ကြိုက်တဲ့ သားသားလေးကို ဖုန်းမပြချင်ပေမယ့်လည်း အိုင်ဒီယာ အသစ်လေးနဲ့ စဉ်းစားတွေးခေါ်ပြီး ချိန်ဆပြသပေးခဲ့ရတဲ့ မေမေ မိုးယုရဲ့ နည်းစနစ်အသစ်လေးကို မိုမိုလေး ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ ဖုန်းသိပ်ကြိုက်တဲ့ သားသားလေးရဲ့ ဆန္ဒတွေ ပြည့်ဝရအောင် မေမေ မိုးယု ဘယ်လို အိုင်ဒီယာအသစ်တွေနဲ့ ဖန်တီးပေးထားလဲဆိုတာ ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော်။

ဖုန်းသိပ်ကြိုက်တဲ့ သားသားလေးကို ချိန်ဆပြီး အလိုလိုက်ခဲ့ကြောင်းကို မိုးယုက " ငြိမ်ဆေး သူတို့လေးတွေကို ဖုန်းမပြချင်ဘူး ဒါပေမဲ့လည်း မပြလို့လည်းမရတော့ ချိန်ဆပီးတော့ အလိုလိုက်ရတော့တာပေါ့ " ဆိုတဲ့ စာသားလေးနဲ့ သားသားလေးရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဖုန်းကြိုက်တဲ့သားသားကို မေမေ မိုးယုစံရဲ့ အလိုလိုက်ပေးနည်းနဲ့ ဖုန်းချိန်ဆပြနည်း ဗီဒီယို

ဖုန်းကြိုက်တဲ့သားသားကို မေမေ မိုးယုစံရဲ့ အလိုလိုက်ပေးနည်းနဲ့ ဖုန်းချိန်ဆပြနည်း ဗီဒီယိုလေးကို ကြည့်ရင်း သဘောကျ နှစ်သက်မိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြပါဦးနော်။ အသက် ၁ နှစ်နဲ့ ၅ လအရွယ်သာ ရှိသေးပေမယ့်လည်း အရမ်းကို တတ်လွန်းပြီး ချစ်စရာကောင်းတဲ့ မိုးယုရဲ့ သားသားလေး ကောင်းသိင်္ခမိုးသူကို ဆက်လက်ပြီး ချစ်ပေးကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref ; Kaung Theinkha Moe Thu's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။