တစ်ရက်တည်းနဲ့ သတ်မှတ်ထားတဲ့ ရှိုးပွဲလက်မှတ်တွေအကုန် ရောင်းကုန်သွားလို့ ပျော်နေတဲ့ ရဲလေး

Posted on - Feb 11 []

Rowena

စာရေးသူ

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ R&B အဆိုတော်တစ်ဦးဖြစ်တဲ့ ရဲလေးက သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေများစွာ ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ ရဲလေးရဲ့ သီချင်းလေးတွေက ပရိသတ်နဲ့ ရင်ဘတ်ချင်းထပ်တူကျတာမို့ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကြောင့်လဲ ရဲလေးရဲ့ ပရိသတ်တွေဆိုပြီး အမြို့မြို့အနယ်နယ်မှာ အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။

ရဲလေးက လာမယ့် မတ်လ ၂ ရက်နေ့ (တောင်သူလယ်သမားနေ့)မှာ သူ့ရဲ့ YLJK Entertainment နဲ့ Team 143 က အဆိုတော်တွေ ပူးပေါင်းပြီး ဖျော်ဖြေတင်ဆက်မယ့် ရှိုးပွဲအသေးလေးကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ရှိုးပွဲရဲ့ အမည်ကိုတော့ CROWD ON CLOUD လို့အမည်ပေးထားပြီး ရဲလေး၊ ဂျိုကာ၊ Double J၊ NJ၊ မြတ်အမရာမောင်၊ RB2၊ Rio နဲ့ နင်ဇီမေတို့က ပါဝင်ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါတယ်။ထိုပွဲလေးရဲ့ ကြိုတင်လက်မှတ်တွေကို ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ (၁၀၀၀၀) ကျပ်နဲ့ဝယ်ယူနိုင်ပြီး နောက်ရက်တွေမှာတော့ (၁၅၀၀၀) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပဲ Myanpwel ဆိုတဲ့ လက်မှတ်ရောင်းတဲ့ website မှာ ခွဲတမ်းချပေးထားတဲ့ ကြိုတင်လက်မှတ်တွေ အားလုံး ရောင်းကုန်သွားပြီလို့ သိရပါတယ်။ ထင်မထားခေါက်အောင် အားပေးကြမ်းကြတဲ့ ပရိသတ်တွေကြောင့် ရဲလေးတစ်ယောက် အပျော်ကြီးပျော်နေရပါတယ်။

ဒါပေမယ့် ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပဲ Myanpwel ဆိုတဲ့ လက်မှတ်ရောင်းတဲ့ website မှာ ခွဲတမ်းချပေးထားတဲ့ ကြိုတင်လက်မှတ်တွေ အားလုံး ရောင်းကုန်သွားပြီလို့ သိရပါတယ်။ ထင်မထားခေါက်အောင် အားပေးကြမ်းကြတဲ့ ပရိသတ်တွေကြောင့် ရဲလေးတစ်ယောက် အပျော်ကြီးပျော်နေရပါတယ်။

နာမည်ကြီး လူငယ်ကြိုက်အဆိုတော်များ ပါဝင်မယ့် CROWD ON CLOUD ရှိုးပွဲလေးကို လာမယ့် မတ်လ ၂ ရက်နေ့ ရန်ကုန်မြို့ Myanmar Plaza ရှိ Hard Rock Cafe မှာ ကျင်းပမှာမို့ လက်မှတ်တွေ အားလုံးရောင်းမကုန်ခင် အမြန်လေး ဝယ်ထားဖို့ တိုက်တွန်းလိုက်ရပါတယ်။ ရှိုးပွဲစမယ့် အချိန်ကလဲ နေ့လည်(၂)နာရီမို့ အိမ်ပြန်နောက်ကျမှာ စိုးရိမ်စရာမရှိဘူးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Ye Lay's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။