ကျိကျိတက် ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေကနေ မွေးဖွားလာကြတဲ့ အမျိုးသမီး Idol (၇) ယောက်

Posted on - Feb 11 []

Zue

စာရေးသူ

အခုတစ်ခါတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ရုပ်ရည်ချောမောလှပပြီး အောင်မြင်မှုတွေများစွာရရှိနေယုံသာမက ကျိကျိတက် ချမ်းသာကြွယ်ဝတဲ့ အသိုင်းအ၀ိုင်းက မွေးဖွားလာကြတဲ့ နာမည်ကျော် ထိပ်တန်း အမျိုးသမီး Idol (၇) ယောက် ဖြစ်ပါတယ်။ ငွေကြေးချမ်းသာပြည့်စုံနေယုံသာမ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်တဲ့ အမျိုးသမီး Idol (၇) ယောက်က ဘယ်သူတွေလဲဆိုတာကို ဆက်လက်ကြည့်ရှူလိုက်ကြရအောင်။

1. Twice's Tzuyu

Twice ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်လေး Tzuyu ရဲ့ မိခင်ဖြစ်သူဟာ တရုတ်မှာရော၊ ထိုင်ဝမ်မှာပါ ပုဂ္ဂလိကဆေးရုံတွေကို ဖွင့်လှစ်ထားသူဖြစ်ပြီး ဇာတိမြေမှာလည်းပဲ ကော်ဖီဆိုင်တွေများစွာကို ဖွင့်လှစ်ထားနိုင်တဲ့ အောင်မြင်တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။

2. SNSD's Sooyoung

Sooyoung ရဲ့ အဖိုးကတော့ တောင်ကိုရီးယားနို်င်ငံရဲ့ အထင်ကရအဆောက်အဦးဖြစ်တဲ့ နာမည်ကျော်ဗိသုကာကုမ္ပဏီကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဖခင်ဖြစ်သူကတော့ Trading ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌ ဖြစ်ပါတယ်။

3. GFRIEND’s Umji

Umji ရဲ့ အဖေကတော့ နာမည်ကျော် သွားဆရာဝန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Moa Dentist Group ရဲ့ CEO ဖြစ်ပါတယ်။ ထိုအဖွဲ့အစည်းရဲ့ ရုံးတွေဟာ ဆိုးလ်မြို့မှာတင် ရုံးခွဲ (၉) ခုလောက်ရှိပြီး တခြားမြို့ကြီးတွေမှာတော့ ရုံးခွဲပေါင်း (၃၀) ကျော်ရှိတယ်လို့ သိရပါတယ်။

4. Twice's Jeongyeon

Jeongyeon ဟာလည်းပဲ Twice အဖွဲ့ထဲမှာ အချမ်းသာဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဖြစ်သူဟာ နာမည်ကျော် စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ဆိုးလ်မြို့မှာ စားသောက်ဆိုင်တွေဖွင့်လှစ်ထားတယ်လို့ ဆိုကြပါတယ်။

5. Black Pink's Jennie

Black Pink ရဲ့ အဖွဲ့ဝင်တွေ အကုန်လုံးက ချမ်းသာကြွယ်ဝတဲ့ မိသားစုအသိုင်းအ၀ိုင်းတွေကနေ မွေးဖွားလာကြသူတွေလို့ ဖြစ်ကြပါတယ်။ အဲဒီထဲကမှ Jennie ဟာဆိုရင် အတော်လေးကို ချမ်းသာကြွယ်ဝတယ်လို့ ဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ မိခင်ဖြစ်သူဟာ CJ E & M ဆိုတဲ့ ဖျော်ဖြေရေးမီဒီယာကုမ္ပဏီးကြီးတစ်ခုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ဖြစ်သလို ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူလည်း ဖြစ်တယ်လို့ သိရပါတယ်။ တစ်ခါတစ်လေဆိုရင် သမီးဖြစ်သူ Jennie နဲ့ နိုင်ငံခြားကို အလည်အပတ်သွားရောက်တာကို တွေ့ရတတ်ပါတယ်တဲ့။ ဒါ့အပြင် ကိုယ်ပိုင်အမှတ်တံဆိပ် အ၀တ်အထည်လုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပါသေးတယ်။

6. Red Velvet's Wendy

Wendy တို့ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဘယ်လောက်တောင်များရှိသလဲဆိုရင် သူမတို့ မိသားစုရဲ့ နေအိမ်မှာ အခန်းပေါင်းက (၅၀) လောက်ရှိတယ်လို့ Joy က ပြောပြဖူးပါတယ်။ အဲဒီအခါမှာ Wendy က ပြန်လည်ရှင်းပြပေမယ့်လည်း ပရိသတ်တွေကတော့ Wendy တို့ဟာ ကနေဒါနိုင်ငံမှာဆိုရင် တကယ့်လူချမ်းသာတွေပဲ နေထိုင်တဲ့ရပ်ကွက်မှာ နေထိုင်ခဲ့တာလို့ ဆိုကြပါတယ်။

7. Red Velvet's Yeri

Yeri ရဲ့ မိဘတွေရဲ့ ချမ်းသာကြွယ်ဝမှုက SM Entertainment ရဲ့ ရှယ်ယာတွေကိုတောင် ၀ယ်နိုင်လောက်တဲ့အထိဆိုမှတော့ ဘယ်လောက်တောင် ချမ်းသာသလဲဆိုတာကို အထူးတလည်ရှင်းပြစရာ မလိုလောက်တော့ပါဘူး။

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။