သာမာန်စုံတွဲလေးလို တစ်နေ့တာ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေကို မျှဝေခဲ့တဲ့ နေခြည်ဦးတို့စုံတွဲ

Posted on - Feb 12 []

Rowena

စာရေးသူ

ချစ်စရာကောင်းပြီး သွက်လက်တဲ့ မင်းသမီးလေး နေခြည်ဦးက Beauty Blogger ဘဝကနေပြီး စတင်ခဲ့ပေမယ့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ ပွင့်လင်းပြီး ရဲတင်းပြတ်သားလှတဲ့ သူမရဲ့ စိတ်ဓာတ်ကြောင့် ပရိသတ်တွေက ချစ်ခင်ကြတာပဲဖြစ်ပါတယ်။ နေခြည်ဦးက လက်ရှိမှာလဲ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲပါ။

နေခြည်ဦးက အခုလက်ရှိ အသက်(၂၇)တိုင်အောင် အိမ်ထောင်မပြုသေးပဲ ချစ်သူနဲ့ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်လျက်ရှိပါတယ်။

ဒီနေ့မှာတော့ နေခြည်ဦးက လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့အမှီ သူမရဲ့ချစ်သူ မန္တလေးသားလေးနဲ့အတူတူ ရိုက်ကူးထားတဲ့ လှပကြည်နူးဖွယ် ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

လိုက်ဖက်လွန်းတဲ့ အတွဲလေး

နေခြည်ဦးက စုံတွဲပုံလေးတွေကို အလှဓာတ်ပုံလို မရိုက်ကူးပဲ နေ့စဉ်လှုပ်ရှားနေသလို သဘာဝကျကျ ရိုက်ကူးထားပါတယ်။

ဘယ်လိုတွေတောင် လိုက်ဖက်ပြီး ချစ်စရာကောင်းနေတာလဲ

နေခြည်ဦးက လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကို နားထားပြီး သူမရဲ့ ကုမ္ပဏီအလုပ်တွေကိုသာ အာရုံစိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မမတွေလဲရိုချင်တာပေါ့ဆိုတဲ့ နေခြည်ဦး

ပရိသတ်တွေ အားကျရအောင် မနဲ့မောင် ဇာတ်လမ်းလေးရိုက်ပြခဲ့တဲ့ နေခြည်ဦး

ပရိသတ်ကြီးလဲ နေခြည်ဦးတို့ စုံတွေလေးကိုကြည့်ပြီး အားကျနေလောက်ပြီ ထင်ပါတယ်။ မိုမိုလေးပရိသတ်တွေလဲ ချစ်သူများနေ့လေးကို ကိုယ့်ရဲ့ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Nay chi Oo's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။