"လိပ်ပြာစံအိမ်"ရုပ်ရှင်ကားကြီးကို အပြုံးတွေကိုယ်စီနဲ့သွားရောက်ကြည့်ရှု အားပေးခဲ့ကြတဲ့အားတီ၊ဝတ်မှုံရွှေရည်၊မိုးစက်ဝိုင်

Posted on - Feb 12 []

K Kay

စာရေးသူ

အနုပညာလမ်းကြောင်းပေါ်မှာ တစ်ယောက်တစ်မျိုးနဲ့ ကိုယ်စီကိုယ်စီ အောင်မြင်နေကြဆဲဖြစ်တဲ့ အဆိုတော် အားတီ ၊ အကယ်ဒမီ မင်းသမီးချော ဝတ်မှုံရွှေရည်၊ မော်ဒယ် သရုပ်ဆောင် မင်းသမီးချော မိုးစက်ဝိုင်တို့ အနုပညာရှင်မောင်နှမသုံးယောက်ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့ကြတဲ့ သူတွေပါ။ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားခဲ့ကြတဲ့ သူတို့ မောင်နှမသုံးယောက်ကတော့ ရွှေကစ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကြီးကို ဖေဖော်ဝါရီလ ၁၁ ရက် ညပိုင်းမှာ ပျော်ပျော်ပါးပါး သွားရောက်ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရွှေကစ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကြီးကို ဖေဖော်ဝါရီလ ၁၁ ရက် ညပိုင်းမှာ ပျော်ပျော်ပါးပါး သွားရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ အားတီ၊ ဝတ်မှုံရွှေရည်၊ မိုးစက်ဝိုက်တို့ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ မောင်နှမသုံးယောက်လုံး တစ်ယောက်ကိုတစ်ယောက် လက်ချင်းယှက်ပြီး ပျော်ပျော်ပါးပါး သွားရောက်ကြည့်ရှုခဲ့ကြတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော်။

"လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကြီးကို အားတီ၊ ရွှေကစ်တို့နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တဲ့ မိုးစက်ကတော့ " ရွှေကစ်ရဲ့ လိပ်ပြာစံအိမ် သွားကြည့်တာ သရုပ်ဆောင်တွေ အရင်မပြောဘူး ဇာတ်လမ်းကိုက အရမ်းကောင်းတယ် မိုးစက်က သရဲကားခရေဇီဆိုတော့ တော်ရုံဆိုရင် မကြိုက်ဘူး ဒီကားကတော့ တော်တော် ကောင်းတယ် အဓိက ပရိသတ်ကိုမပျင်းအောင်ဆွဲခေါ်ရုံမကဘူး တကားလုံး စိတ်ဝင်စားစရာတွေချည်းပဲ "

" ကစ်ကစ်, ကိုနိုင်း, ဒေါင်း အကုန် ပါးပါး လေးပဲ သရုပ်ဆောင်သွားတာ နောက်တခု အရမ်းကြိုက်တာရှိသေးတယ် အလင်းအမှောင်ပေးတာ အရမ်းကြိုက်တယ် မိုးစက်က နားလည်သူတဦး မဟုတ်ပါဘူး ဒါပေမဲ့ အဲ့ကားက အရောင်ပေးတာတွေ သဘာဝဆန်တယ်ထင်တယ် သရဲကားကြိုက်လျှင်သွားကြည့်ဖို့ လုံးဝတိုက်တွန်းပါတယ် 👍👍👍ရွှေကစ် ရဲ့ အကယ်ဒမီရှော့ကိုလည်း သွားကြည့်ရင်တွေ့ပါလိမ့်မယ် ဆရာမကြီးလို့ပဲခေါ်ပါရစေ 😘😘😘 " ဆိုတဲ့ စာသားလေးနဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကြီးအကြောင်းကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

"လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကြီးကို ပျော်ပျော်ပါးပါး သွားရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ အားတီ၊ ဝေမင်းမောင်၊ ဝတ်မှုံရွှေရည်၊ မိုးစက်ဝိုင်တို့ အနုပညာရှင် မောင်နှမတတွေရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်

"လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကြီးကို ပျော်ပျော်ပါးပါး သွားရောက်ကြည့်ရှုခဲ့ကြတဲ့ အားတီ၊ ဝေမင်းမောင်၊ ဝတ်မှုံရွှေရည်၊ မိုးစက်ဝိုင်တို့ အနုပညာရှင် မောင်နှမတတွေရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကိုကြည့်ရင်း သဘောကျ နှစ်သက်မိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြပါဦးနော်။ မိုမိုလေး ချစ်ပရိသတ်ကြီးထဲမှာလည်း "လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကြီးကို သွားရောက်ကြည့်ရှု ခဲ့ကြပြီးပြီဆိုရင် ရုပ်ရှင်ကားကြီးရဲ့ ဇာတ်လမ်းကြောင်းလေးတွေကို မျှဝေပြောပြပေးသွားကြပါဦးနော်။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : Moeset Wine's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။