ရက်ရှ်ဖို့ဒ်နဲ့ အမ်ဘက်ပီ ဘယ်သူပိုကောင်းလဲ နှိုင်းယှဉ်ပြလိုက်တဲ့ လိုသာမားသီးယပ်စ်

Posted on - Feb 12 []

Htoo Yan Ag

စာရေးသူ

ကမ္ဘာ့ဖလားချန်ပီယံဟောင်းတစ်ဦးဖြစ်သူ ဂျာမနီနောက်ခံလူဟောင်း လိုသာမားသီးယပ်စ်ဟာ မနက်ဖြန်မှာ ကစားကြမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်မတိုင်မီ အဆိုပါနှစ်သင်းရဲ့ လူငယ်တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ရက်ရှ်ဖို့ဒ်နဲ့ အမ်ဘက်ပီတို့အနက် ပိုကောင်းတဲ့ ကစားသမားဘယ်သူလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။

" ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ကစားသမားဘဝ ပရီးမီးယားလိဂ်ပွဲဦးထွက် ၊ ယူရိုပါလိဂ်ပွဲဦးထွက် ၊ နိုင်ငံလက်ရွေးစင်ပွဲဦးထွက် ပွဲစဉ်တွေမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အမ်ဘက်ပီကတော့ မိုနာကိုမှာပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ပီအက်စ်ဂျီအသင်းက ငွေအလုံးအရင်းနဲ့ သိမ်းပိုက်အပြီး လက်ရှိမှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်နေပြီး ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်နေပါပြီ။ သူက ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ပြီးတော့သူ့လောက် အပြေးမြန်တဲ့ ကစားသမားမျိုး မတွေ့ဖူးပါဘူး။ သူဟာ ဘောလုံးလောကရဲ့ အမြန်ဆုံး ကစားသမားတစ်ယောက်ပါ။"

" အမ်ဘက်ပီဟာ မြန်ရုံတင်မဟုတ်ပါဘူး။ ဘောလုံးရလာရင် ဘယ်သူနဲ့မှမတူတဲ့ လှည့်ဖျားမှုမျိုးနဲ့ နောက်ခံလူတွေကို လှည့်စားပြီး ဂိုးသွင်းဖို့ အဆင်သင့်ဖြစ်နေတဲ့ စပါယ်ရှယ်ကောင်လေးပါ။ ရက်ရှ်ဖို့ဒ်ဟာလည်း ထူးချွန်တဲ့ကစားသမား တစ်ယောက်ပါပဲ။ သူ့ရဲ့ ဧရိယာအတွင်း နေရာယူမှုနဲ့ ခေါင်းတိုက်စွမ်းရည်ဟာ သူမတူအောင် ကောင်းမွန်လှပါတယ်။ သူဟာ ကျောနံပါတ်၉နေရာမှာသာမက တခြားတောင်ပံ ဒါမှမဟုတ် နောက်ချန်တိုက်စစ်နေရာတွေမှာလည်း ကစားနိုင်ပါတယ်။ "

" ကျွန်တော်သာ နည်းပြဆိုးလ်ရှားနေရာမှာဆိုရင်လည်း အရေးပါတဲ့ပွဲစဉ်တွေမှာ အထောင်တိုက်စစ်မှူးအဖြစ် လူကာကူအစား ရက်ရှ်ဖို့ဒ်ကိုပဲ အသုံးပြုသွားမှာပါ။ မော်ရင်ဟိုတုန်းက သူ့ကိုဘာလို့နေရာမပေးလဲဆိုတာ ကျွန်တော်နားမလည်ခဲ့ပါဘူး။ မနက်ဖြန်ကစားမယ့်ပွဲကတော့ တကယ့်ကို ပွဲကောင်းတစ်ပွဲပါ။ ပီအက်စ်ဂျီမှာ ဒဏ်ရာပြသနာတွေရှိနေပြီး နေမာနဲ့ ကာဗာနီတို့မပါဝင်နိုင်တဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အမ်ဘက်ပီက ဦးဆောင်သွားရမှာပါ။ "

" ရက်ရှ်ဖို့ဒ်ဟာ အနာဂတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထ၀င်​ကစားသမားတစ်ဦးဖြစ်လာဖို့အတွက် အသင်းအပေါ် အကောင်းဆုံးပေးဆပ် ကစားသွားဖို့ လိုအပ်ပါတယ်။ အမ်ဘက်ပီကတော့ ခရစ်စတီယာနိုရော်နယ်လ်ဒို ၊ လီယွန်နယ်မက်ဆီတို့ ခေတ်အလွန်မှာ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ အပြည့်အဝရှိပြီး အနာဂတ်ရဲ့ ballon d'or ဆုရှင်လောင်း တစ်ဦးလည်း ဖြစ်ပါတယ်။" လို့ မားသီးယပ်စ်မှ သူ့ရဲ့အမြင်ကို ယခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။